ပထမဆုံး ထိရောက်သည့် AIDS
ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ရန်၊ ဗိုင်းရပ်စ်ကို ၉၁ ရာခိုင်နှုန်း သတ်နိုင်သည့်
ပဋိပစ္စည်း တစ်မျိုး တွေ့ရှိ
သုတေသန ပညာရှင်များသည် AIDS
ရောဂါမှ အကာအကွယ်ပေးနိုင်သော ပဋိပစ္စည်းများကို တွေ့ရှိခဲ့ရာ ၎င်းတို့ကို AIDS ရောဂါ
ကာကွယ်ဆေးအဖြစ် စီမံထုတ်လုပ်နိုင်တော့မည် ဖြစ်ကြောင်း ဇူလိုင်လ ၉ ရက်နေ့တွင်
ထုတ်ပြန်ခဲ့သည်။ သုတေသန ပညာရှင်များသည် အချို့လူများတွင် ရောဂါ ကူးစက်ခံရပြီးနောက်
အားကောင်းသော ကိုယ်ခံအားစနစ် ပရိုတင်းများ ထွက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။ သိပ္ပံပညာရှင်များက
မည်သူ၏ ခန္ဓာကိုယ်၌မဆို ယင်းကဲ့သို့သော ပဋိပစ္စည်းများသည် ယခုအထိ သိရှိပြီးဖြစ်သော
HIV ဗိုင်းရပ်စ် ပိုးများအနက် မျိုးကွဲနှစ်ခု၌သာ ထိရောက်မှု မရှိဟု ဆိုသည်။
ယခုအခါ
သုတေသန ပညာရှင်များသည် အားကောင်းသော ပဋိပစ္စည်း ပရိုတင်းသုံးမျိုးကို
ဖော်ထုတ်နိုင်ခဲ့ပြီး HIV ဗိုင်းရပ်စ်ပိုး မျိုးကွဲပေါင်း ၉၁ ရာခိုင်နှုန်းကို
ရောဂါပေးနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဇူလိုင်လ ၉
ရက်နေ့တွင် ကြေညာခဲ့သည်။ အဆိုပါ သုတေသန အဖွဲ့ကို ဦးဆောင်သူ တစ်ဦးမှာ ဗြိတိန်နိုင်ငံ
အမျိုးသား ဓါတ်မတည့်မှုနှင့် ကူးစက်ရောဂါ ဌာနမှ သုတေသန ပညာရှင် ဒေါက်တာ ဂယ်ရီနေဘယ်
ဖြစ်ကြောင်းသိရသည်။
၉
ဇူလိုင် ၂၀၁၀ (အမှတ်
၇၂၅)
ပြည်မြန်မာ
- ပထမဆုံး ထိရောက်သည့် AIDS ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ရန်၊ ဗိုင်းရပ်စ်ကို ၉၁
ရာခိုင်နှုန်း သတ်နိုင်သည့် ပဋိပစ္စည်း တစ်မျိုး တွေ့ရှိ။




