HIV ရှိတဲ့သူ သုံးထားတဲ့ သွေးပေချင်လည်း ပေဘူးထားမဲ့ အရာတွေကို နောက် လူက ကိုင်ရင် ကူးလားဆရာ။ HIV ပိုးရှိတဲ့သူ သုံးနေကျ ဓါးကို သုံးမိပါတယ်၊ လက်လည်း ရှသွားပြီးတော့ သွေးလည်း ထွက်ပါတယ်၊ ကူးနိုင်လား။ သူရှဘူးလားတော့ မသိပါဘူး ဆရာ။ HIV ပိုးက လေထဲမှာ ကြာကြာ အသက်မရှင်ဘူးဆို ဆရာ။
How Long Can HIV Live Outside the Body? ကိုယ်ခန္ဓာ အပြင်ဘက်မှာ HIV ဗိုင်းရပ်စ်ဟာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ Transmission ကူးစက်နည်းလမ်း ပိုးရှိနေသူရဲ့ Blood သွေး၊ Semen ယောက်ျား သုက်ရည်၊ Vaginal fluid မိန်းမ ဗဂျိုင်းနား အရည်၊ Breast milk နို့ရည်၊ Saliva တံတွေး၊ သွားရည်၊ Tears မျက်ရည် (ရှားရှားပါးပါး) တွေထဲမှာ ပိုးပါနေနိုင်တယ်။ ဒီအရည် အမျိုးမျိုးဟာ တဖက်လူရဲ့ ကိုယ်ခန္ဓာ အရည်တမျိုးမျိုး (အထူးသဖြင့် သွေး) နဲ့ ထိစပ်မှုဖြစ်မှသာ ကူးစက်တယ်။
Viral Reproduction ဗိုင်းရပ်စ် မျိုးပွါးခြင်း
HIV ပိုးဟာ သက်ရှိလူရဲ့ ကိုယ်ခန္ဓာ ထဲမှာသာ မျိုးပွါးခြင်းဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာ အပြင်ရောက်သွားရင် မျိုးပွါးနိုင်စွမ်းနဲ့ ကူးစက်နိုင်စွမ်းဟာ မိနစ် အနည်းငယ်သာ ရှိတယ်။
Survival Factors အသက်ရှင်နိုင်စွမ်းကို သက်ရောက်စေတဲ့ အကြောင်း အချက်တွေ
အပြင်မှာ ဘယ်လောက် ကြာကြာ ရှင်မလဲဆိုတာ ပိုးရောက်နေတဲ့နေရာရဲ့ အပူချိန်နဲ့ အောက်စီဂျင် အပေါ်မှာ မူတည်တယ်။ ပိုးအရေအတွက် အနည်း-အများပေါ်လဲ မူတည်သေးတယ်။ ဓါတ်ခွဲခန်းမှာ စမ်းသပ်တဲ့အခါ ၁၅ ရက်ထက် ပိုပြီး မရှင်ကြတာ တွေ့ရတယ်။ ဒီလို စမ်းသပ်တာဟာ ပိုးတွေကို လူ့ကိုယ်ထဲက အခြေအနေမျိုးတွေနဲ့ အတိအကျရှိအောင် စီမံထာတာ ဖြစ်တယ်။ တကယ်တန်း ကိုယ်ခန္ဓာ အပြင်ဘက်မှာ အဲလို အခြေအနေမျိုး ဆိုတာ ဘယ်နေရာမှာ မရှိပါ။ ဒါကြောင့် ၁၅ ရက်အထိ လုံးဝ မရှင်နိုင်ကြပါ။
Needles ဆေးထိုးအပ်
ဆေးထိုးပိုက်နဲ့ ဆေးထိုးအပ်တွေ ထဲမှာ ကြာကြာနေနိုင်ကြတယ်။ ရက်အနည်းငယ်လို့ ပြောနိုင်တယ်။ သွေးက ချက်ချင်း ခြောက်သွေ့သွားတာ မဟုတ်လို့ဖြစ်တယ်။
Environmental Contraction ပတ်ဝန်းကျင်အခြေအနေ
ဓါတ်ခွဲခန်း ထဲမှာ ပိုးတွေချည်း သပ်သပ်ထားတယ်။ ပါတ်ဝန်းကျင် သဘာဝ အခြေအနေမှာ ဒီလိုထားတာတွေက ၉ဝ-၉၉% ဟာ နာရီများစွာ ကြာရင် ခြောက်သွားတယ်။ ဒါကြောင့် လူ့ကိုယ်အပြင်ဘက် ပါတ်ဝန်းကျင်ကနေ ကူးစက်တယ်ဆိုတာ သုည လို့ပြောနိုင်တယ်။ ပိုးတွေဟာ ရိုးရိုး ရေနဲ့ ဆပ်ပြာသုံး ဆေးကြောတာ၊ အရက်ပြန်နဲ့ သုတ်တာနဲ့ သေကုန်တယ်။
Misconceptions အယူအဆမှားများ
HIV ပိုးဟာ tears မျက်ရည်၊ saliva သွားရည်-တံတွေး၊ sweat ချွေး၊ urine ဆီး၊ feces ဝမ်း နဲ့ vomit အန်ဖတ်တွေကနေ (သွေးပါမနေရင်) မကူးပါ။
Considerations သိထားပါ
HIV ပိုးဟာ အနာ-အဆာ၊ ထိခိုက်ဒဏ်ရာ၊ ကုပ်ခြစ်တာ မရှိတဲ့ အရေပြား အကောင်းထဲကို ဖေါက်ပြီးဝင်မလာနိုင်ပါ။
ဒေါက်တာတင့်ဆွေ (၆-၅-၂ဝ၁၃ )
ဒေါက်တာတင့်ဆွေ - ပါတ်ဝန်းကျင်ကနေ HIV ကူးသလား




