ဒီအချက်ကို
သိသိကြီးနဲ့ လိုက်နာမယ့်သူ အတော်နည်းပါတယ်။ လိင်အသားပေး ဗီဒီယိုတွေ ထဲမှာတောင် ကိုယ်လက်
ယှက်တင်တဲ့အခါ ကွန်ဒုံးသုံးပြပေမယ့်၊ ပါးစပ်နဲ့ ဆက်ဆံရင်တော့ ကွန်ဒုံးစွပ်ပြီး ဆက်ဆံတာ
တွေ့ရ အတော်နည်း နေပါသေးတယ်။ သတိချပ် စေချင်တာကတော့ ပါးစပ်နဲ့ ဆက်ဆံရာကနေ HIV အပါအ၀င်
ဆစ်ဖလစ် (ရေယုန် အနာပေါက်)၊ ဂနို (ဆီးပူညောင်းကျ) စတဲ့ ကာလသား ရောဂါတွေ ကူးစက်နိုင်တယ်
ဆိုတာပါပဲ။ ဒါ့အပြင် HBV လို့ သိကြတဲ့ အသည်းရောင် အသားဝါဘီပိုးလည်း ကူးစက်နိုင်ပါသေးတယ်။
ပါးစပ်နဲ့ ဆက်ဆံတာဟာ မိန်းမကိုယ်၊ စအိုတို့နဲ့ ဆက်ဆံတာလောက် ရောဂါပိုးကူးစက်နိုင်ချေ
နည်းပေမယ့် ကူးစက်ဖို့အခွင့်အလမ်း ရှိသေး တာတော့ အမှန်ပါပဲ။
HIVပိုးဟာ
သုတ်ရည်၊ လိင်အင်္ဂါကထွက်တဲ့ အရည်တွေနဲ့ သွေးတို့မှာ အဓိက ပါဝင်တာမို့ ဆက်ဆံရာမှာ ပါးစပ် အသုံးပြုသူဆီကို
ကူးစက်နိုင်ချေ များနေပါတယ်။ ပါးစပ်မှာ အနာရှိနေတာ၊ သွားတိုက်ပြီးစ သွားဖုံးမှာ ပွန်းပဲ့ရာ
ရှိနေ ချိန်မျိုးမှာ ကူးစက်နိုင်ပါတယ်။ ရေယုန်လို ကာလသား ရောဂါတွေကလည်း ပါးစပ်၊ နှုတ်ခမ်း၊
လျှာတွေကို ကူးစက် စေနိုင်ပါသေးတယ်။
အသည်းရောင်
အသားဝါဘီပိုးကတော့ သွေးနဲ့ လိင်ကထွက်တဲ့ အရည်တွေ တင်မကဘဲ တံတွေးကနေပါ ကူးစက် နိုင်စေသလို
ပါးစပ်ကနေလည်း လိင်အင်္ဂါကို ပြန်လည်ကူးစက် စေနိုင်ပါသေးတယ်။ ကိုယ်နဲ့ ဆက်ဆံမယ့်သူဟာ
ဘယ်အတိုင်းအတာထိ ရောဂါကင်းရှင်းကြောင်း မသေချာသေးခင် ထိတော့ ကွန်ဒုံးကိုအသုံးပြု ဆက်ဆံသင့်သလို
ပါးစပ်နဲ့ ဆက်ဆံခဲ့မယ် ဆိုရင်လည်း Dental Dam စတဲ့ သွားဖုံးစွပ်ကွန်ဒုံးတွေကို သုံးသင့်တယ်လို့
ဆရာဝန်များက အကြံပြုထားပါတယ်။
Credit: www.gomclub.socialgo.com




