ကျမသည် AIDS ရောဂါကို ကူးစက်ခံနေရသူတဦး ဖြစ်ပါသည်။ ကျမရဲ့လုပ်ရပ်များကြောင့်
နောင်တတွေလည်း ရနေပါသည်။ ယင်းအတွက်ကိုယ့်ကိုယ်ကို အမြဲတမ်းနာကျည်း နေမိပါသည်။ ယခင်က
မသိနားမလည်၍ အပျော်အပါး မက်ခဲ့တဲ့အတွက် အခုလို ဒဏ်ခတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေကို ဖေါ်ထုတ်သွားမှာဖြစ်ပါသည်။
ကျမ ၅ တန်းကျောင်းသူအရွယ်မှာ မိဘနှစ်ပါး ဆုံးပါးသွားခဲ့သည်။
ကျမရဲ့မိဘတွေ မရှိတော့တဲ့နောက် ပိုင်းမှာ ကျမကိုအမေ့သူငယ်ချင်း အမေနန်းကမွေးစားခဲ့သည်။
အမေနန်းကကျမကို ကျောင်းဆက် ထားခဲ့သည်။ ဒါပေမယ့် အမေနန်းတို့ စီးပွါးရေး အဆင်မပြေသောအခါ
ကျမကိုကျောင်းထုတ်ခဲ့သည်။
ကျောင်းကထွက်ပြီး နောက်ပိုင်းမှာ
အရက်ဆိုင်မှာ လူလိုတယ်ဆိုလို့ ကျမ၀င်လုပ်ခဲ့ရပါသည်။ အမေနန်း ဆီမှာနေစဉ်က၊ ပိုက်ဆံမသုံးဘူးပါ။
ငွေရရင်ဘယ်လိုလှအောင်ဆင်မယ် ပြင်မယ်ဆိုတာကိုပဲ တွေးခဲ့သည်။ ရတဲ့ပိုက်ဆံတွေကိုလည်း အပျော်အပါးမှာပဲ
အသုံးပြုခဲ့သည်။
ကျမ အမေနန်းအိမ်ကိုလည်း တခါတရံပြန်လာလေ့ရှိသည် အမေနန်းဆီမှာ
သားနှစ်ယောက်ရှိသည်။ သူတို့က ကိုအောင်နဲ့ကိုလတ်တို့ဖြစ်သည်။ ကျမ အမေနန်းဆီကိုလာတော့
အမေနန်း နေမကောင်း ဖြစ်နေသည်။
ကျမက သူ့သားနှစ်ယောက်ဖြစ်တဲ့ ကိုအောင်နဲ့ကိုလတ်ကိုခေါ်ပြီး ဆွေးနွေးကြသည်။
ကိုအောင်က အမေ နန်းရဲ့ဘေးမှာ အဖေါ်ပြုပေးသည်။ အဲဒီအချိန်မှာ မထင်မှတ်ဘဲ ကိုအောင်က ကျမကို
လှမ်းခေါ်ခဲ့သည်။ ကျမက သူ့ရဲ့နောက်ကနေ လိုက်သွားခဲ့သည်။ ကိုလတ်က အတင်းအဓမ္မ ကျမရဲ့လက်ကိုဆွဲကိုင်ပြီး
သူ့ရဲ့ရင်ခွင်ထဲကို အတင်းဆွဲဖက်ခဲ့သည်။
ကျမအရမ်းကို ရင်တုန်ထိန်လန့်ခဲ့ရသည်။ ကျမ အတင်းဇွတ် ရုန်းကန်ပြေးခဲ့ရသည်။
ကျမ အရမ်းကြောက်တာနဲ့ အဲဒီအိမ်ကနေ ဆင်းပြေးလာခဲ့သည်။ အမေနန်းကိုလည်း သနားသည်။ ကိုလတ်ကိုလည်း
ကြောက်သည်။ ဒါနဲ့ စဉ်းစားမရဘဲ ထွက်ပြေးခဲ့သည်။
ကျမအိမ်ကနေဆင်းတော့ ညနေစောင်းအချိန်ဖြစ်သည်။ ကျမ ဘယ်သွားရ ဘယ်လာရမှန်း
မသိတဲ့ အချိန်မှာ မိန်းကလေးသုံးယောက်က ကျမကို အစ်မဘယ်သွားဖို့လဲ၊ အစ်မ ဒုက္ခရောက်လာလို့လားလို့
မေးတော့ ကျမက သွားစရာနေရာမရှိကြောင်း ပြန်ပြောလိုက်သည်။ အကူအညီအနေနဲ့ ညီမလေးတို့နဲ့
အတူနေရာတခုကို ရောက်အောင်သွား ရအောင်လို့ပြောလိုက်သည်။ အစ်မညီမတို့နဲ့ လိုက်မလားဆိုတော့
“အေး” လိုက်မယ်လို့ ပြောလိုက်ရင်း သူတို့သုံးယောက်ရဲ့ နောက်ကို လိုက်သွားခဲ့သည်။
သူတို့က အခန်းတခုထဲကို ၀င်သွားခဲ့ကြသည်။ အဲဒီနောက်မှာ ယောက်ျားလေးတွေလည်း
အများကြီး လာကြသည်။ ကျမကတော့ အပြင်ကခုံတခုမှာ ထိုင်နေခဲ့သည်။ အဲဒီနေရာက စားသောက်ဆိုင်လိုမျိုး
ဘဲ။ ဒါကို ကျမက အလုပ်ရမလားဆိုပြီး သွားမေးခဲ့သည်။ အလုပ်ကတော့ မပင်ပန်းပါဘူးလို့တော့
ပြောသည်။ ကျမ ဘာအလုပ်မှန်းမသိခဲ့ရပါ။ အလုပ်ကတော့မပင်ပန်း ဒါပေမယ့် အခုအခြေအနေက နေစရာ
မရှိဘူးဖြစ်နေသည်။ ဒါနဲ့ကျမအလုပ်ရှင်မှာ အကူအညီတောင်းပြီး အလုပ်ရှင်ဆီမှာပဲ နေထိုင်သည်။
အလုပ်ကိုလုပ်ဖို့ ၀တ်ဆင်ရန်အခန်းထဲမှာ အထည်တွေကို လာချပေးသည်။
ကျမက ယခင်ကတည်းက အလှမက်တဲ့သူဆိုတော့ အ၀တ်အစားလှလှမြင်တော့ ၀တ်ချင်တဲ့စိတ်က ပေါက်လာသည်။ ကျမက အသားလေးဝင်းတော့
ဘယ်အရာဝတ်လိုက် ၀တ်လိုက်တိုင်း လှနေသည်။ ကျမက အလုပ်ကိုမသိရသေးဘဲ အ၀တ်တွေရဲ့ လှပစွဲဆောင်မှုကြောင့်
ကျေနပ်နေခဲ့သည်။ မနက်ကျတော့ အလုပ်ရှင်က အခန်းတခုထဲမှာ နေခိုင်းသည်။ ကျမ ၀င်သွားလိုက်တော့
အိပ်ခန်းတခု ဖြစ်သည်။ ကျမက အိပ်ခန်းကို ရှင်းလင်းရင်း အခန်းတံခါးကို လူတယောက် လာခေါက်ခဲ့သည်။
သူက သူ့ရဲ့အခန်းထဲကို ၀င်လာခဲ့သည်။
သူက သူ့အခန်းထဲမှာရှိနေတဲ့ ကျမကို ဟိတ် ဒီနားကိုလာခဲ့ဦးလို့
ပြောတော့ ကျမက ခတ်ကြောက်ကြောက်နဲ့ သွားခဲ့သည်။ ကျမကို သူကမပြောမဆိုဘဲ နမ်းရှိုက်ခဲ့သည်။
ကျမက သူ့ရဲ့အနမ်းလေးကို ကျေနပ်နှစ်သက် ခဲ့သည်။ အဲဒီအချိန်မှာ ကျမက ယောင်္ကျားလေးတွေကို ချစ်တတ်တဲ့စိတ်တွေ ပေါ်လာခဲ့သည်။
သူက ကျမကို ကုတင်တခုပေါ်မှာ နှစ်ယောက်သား လှဲယှက်ဖြစ်အောင် ပခုံးနှစ်ခုကို
ကိုင်ပြီးလှဲလိုက် သည်။ အဲဒီနောက်ပိုင်း ကျမဘာမှ မသိရခဲ့ရဘူး၊ သူနှင့်ကျမ သုံးရက်လောက်
အတူနေခဲ့ရသည်။ ကျမ က သူ့ကို အချစ်ဦးအဖြစ် စွဲလမ်းခဲ့သည်။ သူက သုံးရက်မြောက်တော့ အခန်းကနေ
ထွက်သွားသည်။ နောက်ပိုင်းမှာ ကျမက သူ့ကိုပေးဆပ်ရသလိုမျိုးပဲ ယောင်္ကျားလေးတွေကို ပေးဆပ်ခဲ့ရသည်
ကျမက သူ ကလွဲပြီး စိတ်မ၀င်စားတော့သဖြင့် အလုပ်ရှင်က ကျမကိုခေါ်ပြီး နင့်ကြောင့် ငါ့ဧည့်သည်တွေ
(ဖီး) မလာ ဘူးဖြစ်နေသည်။ အဲဒီတော့ နင်က ဘာပြန်ပေးဆပ်မလဲလို့ ကျမကို မေးခဲ့သည်။
ကျမက ပြန်မဖြေသဖြင့် ကျမကို အဲဒီထက်ညစ်ပတ်တဲ့ အခန်းတွေထဲမှာ
ကျမနဲ့ရွယ်တူတွေ ကိုယ်လုံးတီး အဖြစ်နဲ့တွေ့ရတော့ ငါတော့အရှက်မဲ့တဲ့မိန်းမ ဖြစ်တော့မည်ဆိုပြီး
သွားပုန်းမည် အလုပ်မှာ လူဝကြီးတယောက်က ကျမရဲ့ဂုတ်ကအင်္ကျီကို လှမ်းဆွဲပြီး ကျမကိုသူ့ရဲ့
လူတွေနဲ့ချုပ်ထားပြီး ကျမကိုယ်ပေါ်က အ၀တ်တွေကို ဆွဲဖြဲချွတ်ယူပြီး ကျမကို အတင်းအဓမ္မ
ကျင့်ခဲ့သည်။ ကျမက ကိုယ်ချစ်တဲ့သူကို ပေးမယ့် အကြင်နာတွေရေ စုန်မျောသွားခဲ့သည်။
ကျမကို ကျမရဲ့အဖော်တွေက သူငယ်ချင်းနင်ပျော်ပျော်နဲ့ လိုက်လျောလိုက်စမ်းပါ။
နင့်ရဲ့စွဲဆောင်မှု နဲ့ဆို ရင် နင်ငါတို့ထက်သာမှာပါလို့ ပြောသွားခဲ့သည်။ ကျမက အတွေးတွေနဲ့
စိတ်မပါတဲ့အလုပ်ကို လုပ်ခဲ့ရသည်။ နောက်ပြီး ဒီလုပ်ငန်းမှာ ကျမတို့အတွက် လိင်ဆက်ဆံရာမှာ
ဘာအကာအကွယ်မှ မပါရှိခဲ့ပါဘူး။ အဲဒီတော့ ကျမက စိတ်မပါတဲ့အလုပ်အတွက် စိတ်ညစ်ပြီး အပြင်းဖျားခဲ့ပါသည်။
ညဘက်ဆိုရင် အိပ်မက်ဆိုးတွေကြောင့် အိပ်မပျော်ခဲ့ဘူး၊ ကျမရဲ့
ရောဂါက အပြင်းဖျားရာကနေ တကိုယ်လုံးအနာ အဆာတွေပေါက်လာခဲ့သည်။ ကျမကိုလည်း ဘယ်သူမှ ဂရုမစိုက်တော့ဘူး၊
နောက်ဆုံး သူဋ္ဌေးက ကျမကို လူတွေနဲ့ဝေးတဲ့တနေရာမှာ အိမ်တလုံးနဲ့ ပစ်သွားခဲ့သည်။ ကျမက
တယောက်တည်း အနေအထိုင်မကောင်း စိတ်ဆင်းရဲပြီး ခုခံအားတွေကျဆင်းခဲ့သည်။ အနေအထိုင် မကောင်းတာကတမျိုး
လူတွေရဲ့ပြစ်ပယ်မှုကြောင့်စိတ်အားငယ် ရတာကတဖုံနဲ့ လုံးဝ စိတ်ဆင်းရဲ ခဲ့ရသည်။
ကျမကို အဲဒီသူဋ္ဌေး ထားခဲ့တဲ့ခြံနားက ဦးလေးတယောက်က တူမရဲ့ရောဂါတွေကို
ဘယ်သူကို ပြောပြလဲ၊ ဘာဆေးတွေသောက်လဲလို့ လာမေးသည်။ အဲဒါနဲ့ တုန်ရီနေတဲ့ပါးစပ်နဲ့ ဦးလေးရယ်
သမီးရဲ့ ရောဂါကိုသိဖို့ နေနေသာသာ ကျမရဲ့ အနားမှာဘယ်သူမှမရှိဘူး၊ ကျမအနေနဲ့လည်း လူ့လောကမှာ
မနေသင့်တော့ဘူးလို့ ထင်နေမိသည်။ ဦးလေးရယ် ကျမကို လူ့လောကကနေ ထွက်ခွာသွားရင် ကျမကို
သေချာမြှုပ် နှံပေးပါနော်။ ဒါတခုတော့ အကူအညီတောင်းပါရစေ။ ဘယ်လိုပြောလိုက်တာလဲ တူမလေးရယ်
ဦးလေး ခု ဆရာဝန်သွားခေါ်လာခဲ့မယ်။ ခဏလေး စောင့်နေအုံးနော်လို့ ဦးလေးကပြောသွားခဲ့သည်။
ဦးလေးဆရာဝန်တွေနဲ့ အတူလာနေတာကိုတွေ့တော့ ကျမရဲ့စိတ်တွေအားရှိလာခဲ့သည်။
ကျမရဲ့ရောဂါ တွေကိုကြည့်ပြီး ရောဂါရဲ့လက္ခဏာအရ AIDS ဆိုတာကို သိလိုက်ရသည်။ ကျမက AIDS ရောဂါဆိုတာဘာလည်း ကူးစက်တတ်လား ကုသလို့ရောရရဲ့လားဦးလေးရယ်။
AIDS
ဆိုတာခုခံအား ကျဆင်းတဲ့ ရောဂါဖြစ်သည်။ ကူးစက်တတ်တယ် ဒါပေမယ့်
မကူးစက်အောင် နေထိုင်လို့ရသည်။ ကူးစက်နိုင်တာက AIDS ရောဂါပိုးရှိတဲ့ သွေးကိုသွင်းမိခြင်း၊ AIDS ရောဂါသည်ကို ထိုးပြီးသော ဆေးထိုးအပ်နဲ့တခြားသူကို ထိုးမိခြင်း၊
ချွန်ထက်တဲ့အရာနဲ့ AIDS ရှိသူရဲ့သွေးနဲ့ထိမိရာမှ၊ ကျန်ခဲ့သော သွေးတွေကိုတခြားသူကအ သုံးပြုမိ၍ထိခိုက်မိခြင်း၊
ဆေးမှင်ကြောင်ကို AIDS ရောဂါသည်နှင့် အတူတချောင်းတည်း အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးအတူသုံးစွဲခြင်း၊
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း စသည်လုပ်ရပ်တွေကြောင့် AIDS ရောဂါကို ကူးစက်နိုင်သည်။ “ဒါဆို ဦးလေး မကူးစက်အောင် နေထိုင်တာကရောဟင်”
အပေါ်ကအချက်တွေကို လိုက်နာရင်ပြီးပြီပေါ့။
AIDS
ရှိသူနဲ့ အခုလိုပြောဆိုနေရာကနေ မကူးစက်နိုင်၊ ထမင်းအတူစားရာကနေ
မကူးနိုင်၊ အင်္ကျီအတူ ၀တ်၍မကူးနိုင်၊ ထိတွေ့မိရင်လည်း မကူးနိုင်ပါ။ ဒါကြောင့်မို့ ဒီအချက်တွေကို
သိနားလည်ရင် AIDS ရော
ဂါသည်တွေကို မပစ်ပယ်ဘဲ မိမိနှင့်အတူ လုပ်ငန်းခွင်မှာပဲ လုပ်ကိုင်နိုင်ကြောင်းဖြစ်ပါသည်။
ဒါကြောင့်မို့ ရောဂါသည်တွေအပေါ်မှာ ဂရုဏာစိတ်၊ မေတ္တာစိတ်တွေနဲ့
အားပေးကူညီရင်း သူတို့တွေပျော်ရွှင်အောင်၊ ပိုးကိုက်တဲ့ပန်း ဆက်လန်း၍ရှင်သန်အောင် ကြိုးစားနိုင်ကြပါစေလို့
ဒီစာစောင်မှတဆင့် အများပြည်သူတို့ကို အသိပေးလှုံ့ဆော် လိုက်ပါသည်။
အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ -
ပိုးကိုက်သောပန်း




