မှတ်မိ
နေသေးတယ်ဗျာ။ အဲဒီနေ့ကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာ(၃၁)ရက်နေ့ပေါ့။ အဲဒီနေ့က အသုဘတစ်ခုသွားပို့ ပါတယ်။
အသုဘမှာ “အိုအေး” ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့
တွေ့တယ်။ သူက အဆိုတော်ပါ။ မဟုတ်သေးပါဘူး အသုဘမှာ သီချင်းဆိုတဲ့ ငိုချင်းသည်ပေါ့။
သူက သိပ်လှတယ်။ အသံလည်း တအားကောင်းတယ်။ အသားကလေးကလည်း ဖြူလိုက်တာ ဆွတ်နေတာပဲ။
တွေ့တွေ့ချင်းပဲ ကျွန်တော် ကြိုက်သွားတယ် သူငယ်ချင်းတွေက မိတ်ဆက် ပေးတယ်လေ။ ဒါနဲ့
သူငယ်ချင်းတွေကို မေးတယ်။
“ဟေ့၊
ဒီငနဲမကို ကြိုက်သကွာ၊ တစ်ည ဘယ်လောက်ပေးရမလဲ” မရှက်နိုင်ဘူးလေ။ သူငယ်ချင်းကပြောတယ်။
“ဘတ်၂၀၀
ကွ။ ဒါပေမဲ့ တို့ အားလုံး (၃) ယောက်ဆိုတော့ အလှည့်ကျပေါ့။
မင်းက
နံပါတ် ၅ တဲ့။ ကျွန်တော်လည်း သဘောတူလိုက်တယ်။
ဆိုကြပါဆို့။
အဲဒီညက...ကျွန်တော့် အလှည့် ရောက်တော့ ကျွန်တော်က “အိုအေး” ကို မေးတယ်။
ကွန်ဒုံ
ပါသလားလို့။ သူ့ မှာ ကုန်ပြီတဲ့။ ကျွန်တော်မှာလည်း အဆင်သင့် မရှိတော့ ကျွန်တော်က
ဒါဆိုငါ ကျွတ်ကျွတ်အိတ် သုံးလို့ ရမလားမေးတယ်။ သူက ရပါတယ်တဲ့။ ဒါပေမဲ့ အဲဒီညက ဘာကြောင့်မှန်း
မသိတော့ဘူး။ ဘာအကာ အကွယ်မှ မသုံးမိခဲ့ဘူး။ ဒါမျိုးက စိတ်လောရင် ဒီလိုပဲ
ဖြစ်တတ်တာပဲလေ။ သုံးလလောက်ပဲ
ကြာတယ်။ ကျွန်တော်ဖျားရော။ ကျွန်တော် စိုးရိမ်မိတယ်။ “အိုအေး” ဆီကများ ရောဂါ ကူးပြီလားလို့။
ဟုတ်တယ်လေ သူနဲ့ ဆုံစည်း ခဲ့ပြီးတဲ့နောက် ကျွန်တော်ဟာ ဘယ်သူနဲ့မှ ဘာမှ
မဖြစ်ဘူးဘဲကိုး။ သူနဲ့ တွေ့ပြီးတဲ့နောက် ဒါပထမဆုံး
အကြိမ် ဖျားတာပဲ။ ဒါနဲ့
ကျွန်တော် လန်းပန်ဆေးရုံကို သွားပြီး ဆရာဝန်နဲ့ ပြတယ်။ ဗေဒင်မေးရင် ဆန်ကုန် ပါတယ်လေ။
သေချာပါတယ်။ ဆရာဝန်ကပြောတယ်။ ကျွန်တော် AIDS ဖြစ်နေပြီတဲ့။ ဘာများ တတ်နိုင်ဦးမှာလဲ။
ဆရာဝန်တွေ သူနာပြုတွေ၊ ပြောတဲ့အတိုင်း လိုက်နာရုံ ရှိတော့တာပေါ့။ သူတို့က ကျွန်တော့်ကို
ရှေ့လျှောက် ကျန်းမာရေးနဲ့ ညီအောင် နေထိုင်ပြုမူဖို့ ဆေးဝါး မှီဝဲဖို့ ဘဝကို အဓိပ္ပာယ်ရှိရှိ
ရင်ဆိုင်ဖို့ စကားတွေ ဆွေးနွေး ညွှန်ကြား ပါတယ်။ အများသူငါနဲ့ ထိတွေ့ ဆက်ဆံနည်း
အလုပ်ပေါ် အာရုံစိုက်ဖို့ လူမှုရေး ကိစ္စတွေ ဆောင်ရွက်ဖို့ အကြံဥာဏ် ပေးကြပါတယ်။
သေချာတာ တစ်ခုကတော့
မဖြစ်ခင်က တားကြပါ။ ဖြစ်ပြီးရင် ဘာမှ မတတ်နိုင်တော့ဘူး။ နောင်တ တစ်ဖန် ရနေလို့လည်း အပိုပဲ။ရှေ့ဆက်ရမယ့် အနာဂတ်အတွက်
အသင့်ပြင်ကြပါ။
ဒါပေမဲ့
ကျွန်တော် ထင်တယ်လေ။ ကျွန်တော်တို့မှာ မျှော်လင့်ချက်တော့ ရှိနေဦးမှာပဲ။ သြော်...စကားမစပ် ပြောရဦးမယ်။
ကံကောင်းတာလေး ပြောပါတယ်။ မဟုတ်ပါဘူး ကျွန်တော် ကံကောင်းတာ မဟုတ်ပါဘူး။ ကျွန်တော့်
မိန်းမနဲ့ ကလေး ကံကောင်းတာကို ပြောတာပါ။ ဟုတ်ပါ့ သူနဲ့ ကျွန်တော် ကွဲကွာခဲ့တာ
ကြာလှပေါ။့ ကျွန်တော့် မိန်းမကို ကွာရှင်းပြတ်စဲခဲ့တာ ဆယ့်တစ်နှစ် ရှိခဲ့ပြီလေ။
ကလေးတောင် ခုဆို ခြောက်တန်း ရောက်နေသင့်တာ။ ကိုင်း..သူတို့တော့ ဘုရားမတာပဲ။
ထိုရောဂါသည်ကတော့ သူ့ဘဝ ဖြစ်စဉ်ကို ပွင့်ပွင့်လင်းလင်း
ပြောခဲ့တာပါ။ မရှက်မကြောက်လည်း ဝန်ခံခဲ့ပါတယ်။ ပြီးတော့ ကာမဆန္ဒကို ကုန်ပစ္စည်းလို
သဘောထားပြီး ဝယ်ယူမိကြောင်းလည်း ဖွင့်ဟပါသည်။ တစ်ခုရှိတာက သူသည် ဟိုမိန်းမအား
ဆက်ဆံခါနီး၌ “ကွန်ဒုံး” မရှိသဖြင့် ကျွတ်ကျွတ်အိတ် သုံးရင်ရမလားဟု
စွယ်စကား ပြောခဲ့ပါသေးသည်။ ဒါသည် အသိတရားလေးတစ်ခု သူ့မှာရှိကြောင်း ပေါ်လွင်ပါသည်။
ကြိုတင်ကာကွယ်ရေးကို အလေးထားကြောင်း သိသာစေပါသည်။ သို့သော် သူမသုံးဖြစ်ခဲ့ပေ။
မည်သို့ပင်ရှိစေ တကယ်တော့မူ ကြိုတင်ကာကွယ်ရေး
လုပ်မည်ဆိုလျှင်လည်း ကျွတ်ကျွတ်အိတ် မှမဟုတ် အခြားဘယ်ပစ္စည်းမှ ကွန်ဒုံးလောက် စိတ်မချရပါ။
စနစ်တကျလည်း မရှိပါ။ ဒါတောင် ကွန်ဒုံးသည်ပင် တစ်ခါတစ်ရံ အခါအခွင့် မသင့်လျှင်
ပေါက်ပြဲတတ်သည်မို့ စိတ်မချရပေ။ အကောင်းဆုံးကတော့ ပြည့်တန်ဆာခေါ် ပိုး
ကုန်သည်တွေနဲ့ မဆက်ဆံမိဖို့သာ။
သုမောင် - ကျေးဇူးပဲ AIDS




