မေး။ ။ ကျွန်မ သိချင်တာလေး တစ်ခုလောက် မေးချင်လို့ပါရှင်။ HIV positive ရှိနေသူဟာ ဆေး ပုံမှန်သောက်ထားတယ် ဆိုရင် အကာအကွယ် မပါပဲနဲ့ ဆက်ဆံရင် သူ့ဆက်ဆံဖေါ်ကို မကူးစက်နိုင်ဘူး ဆိုတာ ဟုတ်မဟုတ် သိချင်ပါတယ်။ ကျွန်မ ကြားဖူးတာကတော့ ဆေးပုံမှန်သောက်ထားတဲ့ အတွက် ပိုးက ရပ်နေပြီး သူတစ်ပါးကို မကူးဘူးလို့ သိထားလို့ပါ။ သေချာနားလည်မှု မရှိတာကြောင့် ကျေးဇူးပြု၍ ပြောပြပေးပါရှင့်။
ကျေးဇူးတင်ပါတယ်ရှင့်။
ဖြေ။ ။ HIV ပိုးရှိတဲ့သူက ART (Anti-retro viral Therapy) ဆေးသောက်နေတယ်ဆိုတာ HIV ပိုးတွေကို ART ဆေးက သေအောင် သတ်တာ မဟုတ်ပါဘူး။ HIV ပိုးတွေ ကိုယ်ထဲမှာ မျိုးပွားတာကို ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဆေးသောက်နေတဲ့ လူနာရဲ့ ကိုယ်ထဲမှာ HIV ပိုးတွေက အသက်ရှင်သန် နေဆဲပါ။ ဆေးသောက်လို့ ပိုးတွေ လုံးဝ မရှိတော့ ဘူးဆိုတာ မဟုတ်ပါဘူး။ ရှိပြီးသား HIV ပိုးတွေ ထပ်မပွားရလေအောင် ART ဆေးက တားပေးထားတာပါ။ ဒီတော့ AR ဆေးသောက်နေတဲ့ လူနဲ့ အကာအကွယ်မသုံးဘဲ (ကွန်ဒုံးမသုံးဘဲ) လိင်ဆက်ဆံရင် အဲဒီလူကနေ သူ့ဆက်ဆံဖော်ကို HIV ပိုးကူးစက်နိုင်ပါတယ်။
လေးစားလျက်
လမင်းကို




