11
Aug

ပိုးရှိမှန်း မသိရှိမှုကြောင့် ကူးစက်မှု ရာခိုင်နှုန်း များပြားတတ်သည့် HIVရောဂါ

မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ HIV ရောဂါပိုး ကူးစက်ခံ ထားရသူတွေ (၉၀) ရာခိုင်နှုန်း ခန့်ဟာ မိမိတို့မှာ ပိုးရှိလို့ ရှိမှန်း မသိဘဲ အခြား သူများထံသို့ HIV ရောဂါ ကူးစက်မှုဟာ များပြားတယ်လို့ MSI တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ (၁၀)ရာခိုင်နှုန်းခန့်သာ ပိုးရှိမှန်း သိသူထံမှ ရောဂါကူးစက် ခံရမှုရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို HIV ရောဂါပိုး ကူးစက်ခံရမှုကို လျော့ကျစေဖို့ အတွက်မှာ HIV ရှိ၊မရှိ သွေးစစ်ဆေး ကြည့်ခြင်းက အဓိက ကျတယ်လို့ သိရပါတယ်။

ဒါ့အပြင် HIV ပိုးရှိကြောင်း မိမိဘာသာ သိရှိသူ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲ နိုင်ငံနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံ နှိုင်းယှဉ်မှုမှာ ဖွံ့ဖြိုးဆဲ နိုင်ငံ (၁၀)ရာခိုင်နှုန်းသာ မိမိမှာ HIV ပိုးရှိကြောင်း သိပြီး ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာတော့ (၇၅)ရာခိုင်နှုန်း ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် HIV ရောဂါပိုး ကူးစက်ခံရမှု ရှိ၊မရှိ သိစေဖို့ VCCT ခေါ် နည်းစနစ် (၅)မျိုးနဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျွမ်းကျင်သူနဲ့ ဆွေးနွေး တိုင်ပင်ပြီး HIV ရှိ၊ မရှိ သွေးစစ်ဆေး ကြည့်ခြင်းနဲ့ ဆေးဝါးကုသ ပံ့ပိုးကူညီခြင်း ကိစ္စရပ်တွေလည်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သိရှိရပါတယ်။

MRTV-4 - ပိုးရှိမှန်း မသိရှိမှုကြောင့် ကူးစက်မှု ရာခိုင်နှုန်း များပြားတတ်သည့် HIVရောဂါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top