ပဲခူးတိုင်း အရှေ့ဘက်ခြမ်းတွင်
အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး စီမံကိန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံ ကျန်းမာရေး
မှူး အသင်းမှ စီစဉ်လျက်ရှိကြောင်း သိရသည်။
ထို
ပဲခူးတိုင်း အရှေ့ခြမ်းတွင် အိတ်ခ်ျအိုင်ဗွီ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ
ဆောင်ရွက်ရန်နှင့် လိုအပ်သော ကျန်းမာရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရန် အတွက် 3DF
အဖွဲ့နှင့် ညှိနှိုင်း မှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။
“
ကျွန်တော်တို့ အနေနဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေကို တိုင်းနဲ့
ပြည်နယ်တွေ သာမက ကျေးရွာအထိ ကွင်းဆင်းဆောင်ရွက်သွားမှာပါ။ ဒီလိုဆောင်ရွက်တဲ့
အခါမှာ ဆောင်ရွက်နေတုန်း လိုက်နာဆောင်ရွက်တာမျိုးမဖြစ်စေရအောင်
ကွင်းဆင်းဆောင်ရွက်မဲ့ ကျေးရွာတိုင်းမှာ ကျန်းမာရေး အသိပညာပေးနိုင်မယ့်သူ တစ်ဦးစီ
ထားရှိပေးထားခဲ့မှာပါ” ဟု မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ
ကျန်းမာရေးမှူး အသင်းအနေဖြင့် ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အပြင်
အများပြည်သူများ ကျန်းမာရေး အသိပညာ တိုးပွားစေဖို့အတွက် ဟောပြောပွဲနှင့်
အသိပညာပေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“
တကယ်တော့ ဒီလိုကူးစက်ရောဂါတွေ ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာဟာ ကျန်းမာရေး
အသိအားနည်း ကြလို့ပါ။ ဒါကြောင့် ကျွန်တော်တို့ အသင်းအနေနဲ့ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းနဲ့
အသိပညာပေးလုပ်ငန်းတွေကို ပူးတွဲဆောင်ရွက်ပေးတာပါ” ဟု ယင်းက ပြောသည်။
ZLH
(FLOWER NEWS Journal ,Vol.5,
No.42)




