“လာပြန်ပြီ
တစ်ခါလာလဲ ဒီမျိုးပွား ကျန်းမာရေးပညာပေး တစ်ခါလာလဲ ဒီကွန်ဒုံးအကြောင်း ခင်ဗျားတို့ ဆရာဝန်တွေကြောင့် ကလေးတွေက မသိသင့်တာတွေ သိပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာဗျ သိလား သူတို့ဖာသာနေရင်အကောင်း ခင်ဗျားတို့က သင်ပေးနေကြတာ ခင်ဗျားတို့က ဖျက်ဆီးနေကြတာ။”
သူ့သူငယ်ချင်း
ဆရာဝန်နဲ့ အတူတူ လက်ဖက်ရည်ဆိုင်မှာ စကားပြောနေရင်းမှ ရောက်သွားခဲ့တဲ့ စကားလမ်းကြောင်း
ဦးတည်ချက်ကြောင့် သူ့သူငယ်ချင်းကို သူဒေါသတကြီး ပေါက်ကွဲစွာ ပြောလိုက်မိသည်။
သူ့သူငယ်ချင်း ပြန်ရှင်းနေသည့် စကားလုံးတွေကိုပင် သူနားမထောင်တော့။ လက်ဖက်ရည်ဖိုးကို
စားပွဲပေါ်ပစ်တင်ကာ ထိုင်ရာမှ ထထွက်လာခဲ့သည်။ သူငယ်ချင်း အချင်းချင်း ဒီလောက်ကြီး
စိတ်ဆိုးသွားဖို့ မသင့်ဘူးလို့ဘဲ ဆိုဆို သူဒီကိစ္စတွေကို အလွန်မုန်းသည်။
သူတို့ကြောင့်
အားလုံး သိကုန်သည်။ အဆိုးဆုံးက သူသွားနေကျ ဟိုကောင်မလေးတွေ။ သူတစ်သက်လုံး ဒီကိစ္စတွေနဲ့
ကင်းခဲ့တာ မဟုတ်။ သူက ကွန်ဒုံး သုံးရတာကို လုံးဝမကြိုက်။ ထို့ကြောင့် ဘယ်တုန်းကမှ
မသုံး။ သူတို့က အတူတူပါပဲလို့ ပြောပေမယ့် သူ့စိတ်ထဲမှာ လုံးဝဆို လုံးဝကိုမတူ။
သူတို့ ခြောက်လှန့်နေလို့ ကြောက်လန့်ကာ တလောက အိတ်ခ်ျအိုင်ဗွီ ပိုး
စစ်လိုက်ရသေးသည်။ အဲဒီတစ်ကြိမ်မှာ နဂ္ဂတစ်ဆိုပေမယ့် စိတ်မချရသေးဘူးဆိုလို့ နောက်ခြောက်လအကြာမှာ
သူထပ်စစ်ရသည်။ နောက်တစ်ကြိမ်လည်း နဂ္ဂတစ်။ ပိုက်ဆံအလကား အကုန်ခံမိသည့်အတွက် သူနောင်တရသလိုပင် ဖြစ်သွားမိသည်။ အဲဒီလို စစ်ဆေးပြီး နောက်ပိုင်းမှာ သူက ဈေးမြင့်မြင့်မားမားနဲ့
သန့်သန့် ကလေးတွေကိုသာ သေသေချာချာ ရွေးချယ်တော့သည်။ ဒါတွေအတွက်ဆိုရင်တော့ သူမနှမြောပါ။ ဒီလို သတိထားလိုက်ရင် ဒီအိတ်ခ်ျအိုင်ဗွီတွေ၊ အေအိုင်ဒီအက်စ်တွေ အတွက်
ဘာပူနေစရာ လိုတော့မှာလဲ။ သူ နောက်ဆုံးတွေ့ထားသည် ဖူးညက်နေအောင် လှပသော ကောင်မလေးက
သူ့ကို ကွန်ဒုံးနဲ့မှ လက်ခံမည်ဟု ဆိုသည်။
သူ့ပုံစံ ကြည့်ရတာ ဒီလောကထဲကို
ရောက်တာပင် ကြာပုံမရသေး။ ဒီကောင်မလေးမျိုးမှ မသန့်ရင် ဘယ်လိုကောင်မလေးတွေ
သန့်မတဲ့လဲ။ သူမက အားလုံးကို ကွန်ဒုံးနဲ့မှ လက်ခံတယ်ဆိုတော့ ပိုတောင် စိတ်ချရသေး။
သူ သုံးစရာ လုံးဝကို မလိုတော့တာ သေချာသွားပြီပဲ။ သူ့အတွေးနဲ့သူ ပျော်ကာ သူတို့
ချိန်းဆိုထားရာ နေရာသို့ ထွက်လာခဲ့သည်။ သူ့ရဲ့ ဒေါသတွေ စိတ်ညစ်ညူးမှုတွေ အားလုံး
ပျောက်ကွယ်သွားသည်။ သူ ကြိုတင် တွေးထားသည့်အတိုင်း ကောင်မလေး ရှေ့မှာ ကွန်ဒုံးကို
ဟန်ပြသာသုံးကာ တားဆီးလို့ မရနိုင်တော့တဲ့ ကာလမှာ ပြန်ချွတ် ပစ်လိုက် လေတော့သည်။
အောင်နိုင်သူ အပြုံးနဲ့ သူမရဲ့
ဖောက်သည်သစ်ကို လှမ်းကြည့်ကာ သူမ မသိမသာ သက်ပြင်းချ လိုက်မိသည်။ ယောကျာ်းတွေရဲ့
နိုင့်ထက်စီးနင်း ပြုမှုတွေက သူမဘဝအတွက် ဘာမှ ထူးဆန်းတဲ့ အရာတွေ မဟုတ်တော့။
ဒီအတွက်ကြောင့်သာ သူမ ဒီဘဝကို ရောက်ခဲ့ရတာလေ။ ပြီးတော့ ဒီအတွက်ကြောင့်လည်း သူမပိုဆိုးတဲ့
အခြေအနေတစ်ခုကို ရောက်ရှိခဲ့ရ ပြီးပြီပဲ။ ပထမအကြိမ်ရဲ့ စစ်ဆေး တွေ့ရှိချက်ကို
မယုံကြည်သဖြင့် သေချာအောင် ဒုတိယအကြိမ် ထပ်မံစစ် ဆေးရာမှ ရရှိခဲ့သည့် အဖြေ
စာရွက်ကလေးထဲက စာသားတွေပင် သူမမျက်စိထဲက မပျောက်ကွယ်သေး။ သူမအတွက် ကာကွယ်ဖို့
ပြောစဉ်ကလဲ မရ။ သူတို့အတွက် ကာကွယ်ဖို့ ပြောစဉ်မှာလဲ မအောင်မြင်။ ဒီလူတွေရဲ့
ဦးနှောက်နဲ့ စဉ်းစားဉာဏ်ကို သူမ တအံ့တဩ ဖြစ်နေမိသည်။ ဒီအတိုင်းဆို သူမရဲ့ အလှအပတွေ
မပျက်စီးသေးတဲ့ ကာလတစ်ခုအထိတော့ သူမဝမ်းစာ ရှာလို့ ရနေဦးမှာပဲလေ။ ဒီဘဝ
ဒီအခြေ အနေအထိ နွံနစ်ခဲ့ပြီးသူ တစ်ဦးအနေနဲ့ အဖြစ်မှန်ကို ဖွင့်ပြောပြကာ မိမိဘဝကို ဒီထက်
အနာခံမှာ မဟုတ်ဘူးဆိုတာ ဒီယောက်ျားတွေ ဘာလို့များ မရိပ်မိ နိုင်ကြတာ ပါလိမ့်နော်။
ကျွန်း
၁၃၊၁၂၊ဝ၄။အမှတ်(၃၃၃)
အလင်းတန်းဂျာနယ် - ပုံပြင်မဟုတ်သော




