9
Feb

ဖမ်းဆည်းရမိသည့် ဆေးဝါးအတုများတွင် ပဋိသန္ဓေတားဆေး၊ ယောက်ျားကာမ အားဆေးများပါဝင်



မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ ဒေသအတွင်း နယ်စပ်ဖြတ်ကျော်
စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာတွင် ဆေးဝါးတု၊ သို့မဟုတ် တရားမ၀င်ဆေးဝါး ပစ္စည်း သန်း ၂၀
သိမ်းဆည်းရမိပြီး လူပေါင်း ၃၀ ကို ဖမ်းဆီးခဲ့သည့်အပြင် ဆေးဆိုင်၊ ဆေးစပ်ခန်းများ၊ တရားမ၀င်ဈေးကွက်နှင့်
လက်လီအရောင်း ဆိုင်စုစုပေါင်း ၁၀၀ ကျော်ကို ပိတ်သိမ်း ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ
ရဲတပ်ဖွဲ့ (
Interpol) က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာသည်။

မုန်တိုင်းအဆင့်(၂) (Operation Storm II) ဟု အမည်ပေးထားသော ယခင်စစ်ဆင်ရေးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)
၏ နိုင်ငံတကာဆေးဝါးတု ထုတ်လုပ်မှုကို တိုက်ဖျက်ရေးတပ်ဖွဲ့ စည်းမျဉ်းဥပဒေဘောင်နှင့်အညီ
ယခင်နှစ်ဇူလိုင်မှ နိုဝင်ဘာလအတွင်း အရှေ့ တောင်အာရှ ရှစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊
တရုတ်၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့တွင် ဆင်နွှဲခဲ့သည်။

ဖမ်းဆီးရမိသည့်ဆေးများတွင် ပဋိ ဇီဝဆေး၊ ငှက်ဖျားဆေး၊ ပဋိသန္ဓေတားဆေး၊
မေးခိုင်ပိုးသတ်ဆေး၊ အက်စပရင် နှင့် ယောက်ျား ကာမအားဆေးများ ပါဝင်သည်။

ဖမ်းဆီးရမိသည့် ဆေးမျိုးစုံ သန်း ၂၀ အနက် ၁၂ သန်းသာ ဆေးအာနိသင်
ကုန်ဆုံးရက်မတိုင်မီ ဆေးစွမ်းရှိသော် လည်း ရှစ်သန်းမှာ သက်တမ်းကုန်ပြီး ဆေးများ၊ သို့မဟုတ်
ပျက်စီးသော ဆေးဝါးများဖြစ်နေသည်။

ဆေးဝါးတုနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုမြန်ဆန် ထိရောက်ရေးအတွက်
မုန်တိုင်းကွန်ရက်ဌာနကို အရှေ့တောင် အာရှဒေသတွင် အခြေစိုက်ဖွင့်လှစ် သွားမည်ဟုလည်း အပြည်ပြည်ဆိုင်ရာ
ရဲတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ရော်နယ်နိုဘယ်လ်က ဆိုသည်။

"တစ်ကမ္ဘာလုံး ဆက်စပ်ဖြစ်ပေါ်မှုအစဉ် (Globalization)နဲ့ ခေတ်မီ နည်းပညာဆိုတာ ဆေးဝါးတုထုတ်လုပ် ဖြန့်ချိနည်းတွေ နယ်စပ်ဖြတ်ကျော်ပြီး
ဖွံ့ဖြိုးတွင်ကျယ်လာရာက လူတွေရဲ့ ကျန်းမာရေးနဲ့အသက်ကို ပိုမိုခြိမ်းခြောက် လာခြင်းပဲလို့လည်း
အဓိပ္ပာယ်ပေါက် လာချိန်မှာ ဒီလိုဆေးဝါးတု ပူးပေါင်း နှိမ်နင်းဖယ်ရှားတဲ့လုပ်ငန်းဟာ ပိုမို
အရေးပါ အရာရောက်လာပါတယ်" ဟုလည်း ၎င်းက ပြောကြားသည်။

မြန်မာတိုင်းမ် -

အရှေ့တောင်အာရှဒေသတွင် ဆေးဝါးတု သန်း ၂၀ ဖမ်းမိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top