ချစ်တင်းနှီးနှောခြင်းသည် စိတ်ပိုင်းဆိုင်ရာ ကျေနပ်နှစ်သိမ့်မှုကိုသာမက လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကိုပါ အထောက်အကူပြုနိုင်ကြောင်း သုတေသီများက ပြောကြားလိုက်သည်။ ညီညွတ်မျှတသော လိင်ဆက်ဆံမှုသည် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုအပြင် ကိုယ်ခန္ဓာအပေါ်တွင်လည်း အကောင်းဖက်မှ သက်ရောက်နေကြောင်း ဗြိတိန်နိုင်ငံ၊ နော်တင်ဂမ် တက္က္ကသိုလ်မှ ဆရာဝန်များက လေ့လာတွေ့ရှိခဲ့သည်။ မကြာသေးမီ သတင်းပါတ်များ အတွင်းက အသက်(၅၀)နှင့်အထက် အမျိုးသားများသည် ပုံမှန်လိင်မှုကိစ္စ မှီဝဲခြင်းဖြင့် ဆီးလမ်းကြောင်းအတွင်း အညစ်အကြေးများ ကင်းစင်စေသည့်အတွက် ဆီးကြိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေကြောင်း ထုတ်ဖော်ကြေငြာခဲ့သေးသည်။ သို့သော်လည်း တစ်လအတွင်း လိင်မှုကိစ္စ္စကို အကြိမ်(၂၀)နှင့်အထက် ခုံခုံမင်မင် လုပ်ဆောင်သူများမှာမူ ကျန်းမာရေးအတွက် ထိခိုက်မှုများ ရှိနိုင်ကြောင်းလည်း ပညာရှင်များက သတိပေးထားသည်။
ပုံမှန်အားဖြင့်မူ ဖိုမဆက်ဆံခြင်းသည် စိတ်ရောကိုယ်ပါ ကျန်းမာစေရန် အကူအညီပေးနေကြောင်း သိရသည်။ မူလက အမျိုးသားများတွင်သာ အဆိုပါ ကောင်းကျိုးများ ခံစားရသည်ဟု ယုံကြည်ခဲ့ကြသော်လည်း နောက်ပိုင်း သုတေသန ရလဒ်များအရ အမျိုးသားများရော၊ အမျိုးသမီးများနှင့်ပါ အကြုံးဝင်ကြောင်း သိရှိလာရသည်။ ယခုသုတေသန စစ်တမ်းအတွက် လူ(၁၀၀၀)ကျော်ကို (၅)နှစ်မျှ အချိန်ယူ လေ့လာမှုများ ပြုလုပ်ခဲ့ရပြီး ကနဦးက အမျိုးသားများကို စမ်းသပ်စစ်ဆေးခဲ့ပြီး ေ




