အိန္ဒိယနိုင်ငံ တ၀ှမ်းလုံးကို ခရီးဆန့်မယ့် ဖဲကြိုးနီ အမြန်ရထားပေါ်မှာ လိုက်ပါလာသူဦးရေက ၂ သောင်းခွဲလောက်ရှိပါတယ်။ ဖဲကြိုးနီ ရထားဆိုတာကတော့ HIV/AIDS ပညာပေးရေးအတွက် စီစဉ်ထားတဲ့ အထူးရထား ၁ စင်းဖြစ်ပါတယ်။
အိန္ဒိယဟာ ကမ္ဘာမှာ HIV/AIDS ဝေဒနာရှင် တတိယအများဆုံးရှိနေတဲ့ နိုင်ငံဖြစ်ပြီး ကူးစက်တတ်တဲ့ ဒီဗိုင်းရပ်ကို ထိန်းသိမ်းရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရတုန်းပါပဲ။ ဒီအကြောင်း ဘစ္စမေလာ ဂီလာနီက သတင်းဆောင်းပါး ပေးပို့ထားပါတယ်။
ဖဲကြိုးနီ အမြန်ရထားကြီးဟာ အခုဆိုရင် အိန္ဒိယ နိုင်ငံမြောက်ပိုင်းက အူတာ ပရာတက်ပြည်နယ်ဘက်ကို ခရီးထွက်လာပါတယ်... အတွဲ ခြောက်တွဲပါတဲ့ ဖဲကြိုနီး အမြန်ရထားဟာ HIV/AIDS နဲ့ ပတ်သက်လို့ ပညာပေးဖို့ အတွက် အိန္ဒိယ နိုင်ငံ တခုလုံးကို ခရီးဆက်နေတာ ဖြစ်ပါတယ်... ရထား ကိုယ်တွဲကို လူတွေ စိတ်ဝင်စားအောင် ဆေးရောင်စုံ ခြယ်ထားသလိုပဲ HIV/AIDS ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ သတင်း စကားတွေကိုလည်း ရေးသားထားပါတယ်...ပြန်ကြားရေး အရာရှိ ပရာရှန် ကူမားရ်လည်း ရထားပေါ်မှာ လိုက်ပါလာပါတယ်..
ကျနော်တို့ ဖဲကြိုးနီ အမြန်ရထားကနေ HIV/AIDS နဲ့ ပတ်သက်လို့ လူတွေကို ပညာပေးရာ အပြင် အမျိုးသား ကျေးလက် ကျန်းမာရေး မစ်ရှင်းရဲ့လူထု ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့လည်း သတင်း အချက် အလက်တွေ ပေးသွားပါတယ်.. ဒီနှစ် ဇန်နဝါရီလက စပြီးတော့ အိန္ဒိယ နိုင်ငံ တဝှမ်းကို ခရီးဆက်နေပါတယ်... ပြည်နယ်ပေါင်း ၂၃ ပြည်နယ်နဲ့ ဘူတာပေါင်း ၁၆၃ ဘူတာမှာ ရပ်နားမယ်... ပြီး ရင်တော့ နောက်နှစ် ဇန်နဝါရီလ ကြရင်တော့ ဒေလီကို ပြန်မှာပါ.. အခုဆိုရင်တော့ ပြည်နယ်ပေါင်း ၁၈ ပြည်နယ်နဲ့ ဘူတာပေါင်း ၁၄၀ တော့ ရောက်ပြီး သွားပါပြီ..
ဒီရထားဟာ ၂၀၀၇ ခုနှစ် ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့မှာ အမျိုးသား AIDS ထိန်းချူပ်ရေး အစီအစဉ်နဲ့ ခရီး စထွက်လာတာ ဖြစ်ပါတယ်.. အိန္ဒိယ နိုင်ငံရဲ့ AIDS တိုက်ဖျက်ရေး အစီအစဉ်မှာ ဖဲကြိုးနီ အမြန် ရထားဟာ အစီအစဉ်ရဲ့ အဓိက နေရာမှာ ပါဝင်နေပါပြီ.... မြောက်ပိုင်းမြို့တော်ဖြစ်တဲ့ လက်ခနောင်း မြို့ကို ဝင်လာတယ် ဆိုရင်ပဲ ရထားဘူတာမှာ လူရာပေါင်း များစွာက ကြိုနေကြပါတယ်.. အသက် ၃၅ နှစ် အရွယ် ရီခါ ရာနေလည်း ခရီးသွားတွေ အထဲက တစ်ယောက်ပါ..
ပညာပေးတဲ့ နေရာမှာတော့ ဒီနည်းက အင်မတန် ထိရောက်တဲ့ နည်းပါပဲ.. HIV ဗိုင်းရပ်စ် ကူးစက်ခံထားရရင် ဘယ်လို ကျန်းမာအောင် နေမလဲ.. ဗိုင်းရပ်စ် မကူးစက် ခံရသေးသူတွေကို ဘယ်လို မကူး စက်နိုင်အောင် ဘေးကင်းအောင် ကွာကွယ် နေထိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို သိရပါတယ်.. ဒါတင် မကသေးပါဘူး.. ကျမတို့ ကလေးတွေ ဗိုင်းရပ်စ် မကူးစက်အောင် ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ နည်းလမ်းတွေ ကိုလည်း သိရပါတယ်..
ရထားပေါ်မှာ ကျန်းမာရေး ဝန်ထမ်းတွေ စေတနာ ဝန်ထမ်းတွေ လူ့မူရေး လုပ်ငန်း တက်ကြွ လှုပ်ရှားသူတွေ ဒါဇင်နဲ့ ချီပြီး ပါလာပါတယ်.. ပညာပေး နှစ်သိမ့်ဆွေးနွေးတာနဲ့ HIV ပိုး ရှိမရှိ စစ်ဆေးပေးတဲ့ ရထားတွဲ တစ်တွဲလည်း သီးသန့် ပါရှိပါတယ်.. ဒေါက်တာ ပဝနာ ကူရှိတ် ကတော့ ပြည်သူလူထုရဲ့ တုန့်ပြန်မှုပေါ်မှာ ကြေနပ်နေပါတယ်... HIV ပိုး ရှိမရှိ စစ်ဆေးဖို့ တောင်းခံနေကြပါတယ်.. ခုတော့ ဖဲကြိုးနီ အမြန် ရထားကြီးက သူတို့ အိမ်ရှေ့ထိ လာရောက်နေပြီ ဆိုတော့ သူတို့လည်း အကြောက်တရားတွေကို ကျော်လွှား နိုင်ပြီး သူတို့လည်း အစမ်းသပ်ခံဖို့ အဆင်သင့် ဖြစ်နေကြပြီ ထင်ပါတယ်..
အိန္ဒိယမှာ HIV ပိုးနဲ့ နေထိုင်သူက လူဦးရေ ၃ သန်းနီးပါး ရှိနေပါတယ်.. အခုတော့ ဖဲကြိုးနီး အမြန်ရထားလိုမျိုး HIV ကာကွယ် ထိန်းသိမ်းရေး အစီအစဉ်တွေကြောင့် ဗိုင်းရပ်စ်ပိုး ပြန်နှံ့ မူတွေကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ပါတဲ့ အကြောင်း အမျိုးသား AIDS ထိန်းချုပ်ရေး အဖွဲ့က အရက် ဟာနာ ဂျိုရီ က အခုလိုပဲ ပြောသွားပါတယ်...
အခုဆိုရင် အသစ်ကူးစက်ခံရတဲ့သူ ဦးရေက တဝက်လောက်ကို ကျသွားပါတယ်... ဒါက ကြီးမားတဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်... ပြီးတော့ ကျမတို့ ဆီမှာ အန္တရာယ် အရှိဆုံး လူမှု အသိုင်းအဝိုင်းတွေကို အထူး အာရုံးစိုက်ထားတဲ့ အစီအစဉ်တွေလည်း ရှိပါတယ်... အခုဆိုရင် အဲသလို အသိုင်းအဝိုင်းတွေမှာတောင်မှပဲ ကူးစက်နူန်းက သိသိသာသာ လျော့ကျသွားပါတယ်..
အိန္ဒိယရဲ့ AIDS ထိန်းချုပ်ရေး အစီအစဉ်မှာ သတင်း အချက်အလက်တွေနဲ့ ပညာပေးတဲ့ အစီအစဉ် လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ အစီအစဉ်တွေ အခမဲ့ ဆိုပြီး ရှိပါတယ်... အန္ဒိယရဲ့ ဒီအစီအစဉ်ဟာ တခြားနိုင်ငံတွေကနေ နမူနာ ယူသင်တဲ့ အကောင်းဆုံး ဥပမာ ဖြစ်တဲ့ အကြောင်း ဝါရှင်တန်မှာ ဒီနှစ်ကျင်ပခဲ့တဲ့ နိုင်ငံတကာ AIDS ညီလာခံမှာ ပြောခဲ့ပါတယ်... ဒါပေမယ့် အခု လက်ရှိ အစီအစဉ်တွေကနေ ဖြေရှင်းမပေးနိုင်သေးတဲ့ အခြေခံ ပြဿနာတွေလည်း ရှိနေတုံးပါ...
အသက် ၃၂ နှစ်အရွယ် လက်စမန်းမားရ်တို့ မိသားစုဆိုရင် တောင်ပိုင်း အက်ထရာ ပရာတက် ပြည်နယ်က ကျေးရွာတရွာမှာ သူတို့ နေခဲ့ပါတယ်.. ဒါပေမယ့် သူတို့ လင်မယား နှစ်ယောက်မှာ HIV positive ဖြစ်နေတဲ့ အကြောင်း လူတွေ သိသွားတဲ့ အချိန်မှာ ရွာအပြင်ကို မောင်းထုတ်ခံလိုက် ရပါတယ်.. လက်စမန်း မားရ် ရဲ့ ခင်ပွန်းလည်း အလုပ်ပြုတ်သွားပါတယ်.. လောလောဆယ်မှာတော့ သူကပဲ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုမှာ ဝင်ရောက် လုပ်ကိုင်နေပါတယ်.. အဲဒီအကြောင်းကို သူ အခုလို ပြောပြပါတယ်..
ကျမကို ဘယ်သူမှ အနား အကပ်မခံပါဘူး.. ရေသောက်တော့လည်း တခြား လူတွေ သောက်တဲ့ ရေအိုး ရေခွက်တွေနဲ့ အသောက်မခံပါဘူး.. တချို့လူတွေက ကျမ ရှိနေရင် နောက်ရက် အလုပ်မဆင်းတော့ ဘူးလို့ ပြောကြပါတယ်.. ကျမကို ဝိုင်းပယ်ထားကြပါတယ်.. ကျမတို့ သေသွားရင် ကျမတို့ သားသမီးတွေတော့ ဒုက္ခပါပဲ.. ကျမတို့ ဘယ်သူမှလည်း ဘာမှ မကူညီ ကြပါဘူး..
ထင်ရှားတဲ့ ဟိန္ဒူခေါင်းဆောင် စရစ် စရီ ဝါဘီ ရှန်ခါ ကတော့ ဘာသာရေး ခေါင်းဆောင်တွေက ဦးဆောင်ပြီး အပြောင်းအလည်းကို လုပ်ဆောင်ရမယ့် အချိန် ရောက်နေပြီဆိုတာကို အခုလို ပြောပြသွားပါတယ်... ဘာသာရေး ခေါင်းဆောင်တွေ လူတွေအပေါ်မှာ အများကြီး သြဇာ ရှိပါတယ်.. ဘာသာရေးပေါ် အခြေခံပြီးတော့ လုပ်ဆောင်ချက်တွေ ဆိုရင် လူတွေက လိုက်ပါ လုပ်ဆောင်ကြပါတယ်.. ဒါကြောင့် အခိုလို ခွဲခြား ဆက်ဆံတာတွေ ပပျောက်သွားအောင် လုပ်ဆောင်သင့်ပါတယ်..
HIV ဗိုင်းရပ်စ်ပိုး ရှိနေသူတွေကို ဂရုဏာထား ကြဖို့ လူတွေကို စည်းရုံးတာ HIV နဲ့ ပတ်သက်တဲ့ ပညာပေးတာ ကာကွယ်ထိန်းချုပ်ရေး ကိစ္စတွေကို ဘာသာရေး ခေါင်းဆောင်တွေက လုပ်ဆောင်ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ်..
Asia ကောလင်း အစီအစဉ်အတွက် သတင်းထောက် ဘစ္စမေလာ ဂီလာနီက သတင်းပေးပို့ထားတဲ့ အသံဖိုင်ကို ဒီဗီဘီမှ တဆင့် ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါတယ်..
DVB - ဖဲကြိုးနီ အမြန်ရထား - အိန္ဒိယရဲ့ HIV/AIDS တိုက်ဖျက်ရေး အစီအစဉ်




