1
Dec

ဖဲကြိုးနီဆုရ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ ကို ထပ်ဆင့်ဂုဏ်ပြု



ဒီဗွီဘီ၊ ၁၊၁၂၊၂၀၀၈

ရီမေအောင်

အိတ်ခ်ျအိုင်ဗီ၊အေအိုင်ဒီအက်စ် ဖြစ်တဲ့ အမျိုးသမီးတွေကို
ကူညီစောင့်ရှောက်ပြီး သေဆုံးသွားတဲ့ သူတွေရဲ့ ကျန်ရစ်တဲ့ကလေးတွေကို ပြုစုစောင့်ရှောက်နေတဲ့
အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (SWA)
ကိုဂုဏ်ပြုဆုထပ်ဆင့်
ချီးမြှင့်ပါတယ်။

 

၂၀၀၈ ဖဲကြိုးနီဆုUNDP-Red Ribbon Award ရထားတဲ့(SAW)
Social Action for Womenအဖွဲ့ နဲ့ Empower အဖွဲ့ တို့ ကိုဒီနေ့ ဒီဇင်ဘာ၁ရက် ကမ္ဘာ့ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂဖွံ
့ဖြိုးရေး အစီအစဉ်(UNDP) ဌာနေကိုယ်စားလှယ်က ဂုဏ်ပြု လက်မှတ် ချီးမြှင့်တာပါ။

 

ဒီဂုဏ်ပြုပွဲကို ထိုင်းနိုင်ငံအခြေစိုက် Empower နဲ့ Sex Walker အဖွဲ့ တို
့ဦးဆောင်ပြီး ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနားအဖြစ် ထိုင်းနိုင်ငံ ဘန်ကောင်မြို
ုမှာကျင်းပတာပါ။ အဖွဲ့ အတွက် ဖဲကြိုးနီဆု ကို ဒီနှစ် မက္ကစီကို နိုင်ငံမှာ
ချီးမြှင့်ပြီးဖြစ်ပါတယ်။

 

၂၀၀၈ ခုနှစ်အတွက် UNDP ဖဲကြိုးနီဆုကို နိုင်ငံပေါင်းစုံက
ခုခံအားကျဆင်းရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းပေါင်း ၅၀၀ ကျော်ထဲက
၂၅ ဖွဲ့ ကိုရွေးချယ် ချီးမြှင့်တာမှာ SAW အဖွဲ့ လည်းပါ ပါတယ်။ မြန်မာနိုင်ငံမှာ
အေ့စ်ဝေဒနာ ခံစားနေရသူတွေ တိုးပွားနေပြီး မြို့ ပြမှာရောနယ်တွေမှာပါ အစိုးရ
ကျန်းမာရေးဌာနတွေက တာဝန်ယူ စောင့်ရှောက်ပေးမှု အားနည်းနေတာကို နိုင်ငံတကာ အစီရင်ခံစာ တွေအရ
သိရပါတယ်။

 

ဒီလိုအခြေအနေမှာ ပြည်တွင်းကရောဂါသည်တချို
့ထိုင်း-မြန်မာနယ်စပ်က ဒေါက်တာစင်သီယာမောင် ဦး ဆောင်တဲ့SAW အဖွဲ့ ရဲ့ ဒါရိုက်တာ
ဒေါ်အေးအေးမာ ကပြောပါတယ်။ “ကျမတို့ ဆီရောက်လာတဲ့ သူတွေထဲမှာ အမျိုးသမီးတွေ ကလေးတွေက
ဗမာပြည်အတွင်းပိုင်းက လာကြတာဖြစ်ပါတယ်။ သူတို့ တွေကဗမာပြည်ထဲမှာ မကု
နိုင်ဘူးဆိုပြီး နယ်စပ်မှာရှိတဲ့ မယ်တော်ဆေးခန်းကို လာကြတာ။ မိဘမဲ့ဖြစ်သွားတဲ့သူတွေ၊
မိသားစု အသိုင်း အ၀န်းက လက်မခံသူမှန်သမျှ ကျမတို့ ဆီအကုန်ရောက်တယ်“။

 

ပြည်တွင်းမှာ ဝေဒနာသည်တွေ အတွက်ကိုယ်ထူကိုယ်ထ ကူညီဆောင်ရွက်
နေသူတွေကို လေးစားချီးကျူး ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ
့လိုနိုင်ငံတကာအဖွဲ့ တွေကို မြန်မာပြည်တွင်းမှာ တိုးမြှင့်ကူညီစေချင် ကြောင်း
ဒေါ်အေးအေးမာကပြောပါတယ်။

သတင်း - ဒီဗွီဘီ၊ ၁၊၁၂၊၂၀၀၈ - ဖဲကြိုးနီဆုရ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ ကို ထပ်ဆင့်ဂုဏ်ပြု

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top