တိုင်ပင်ကူညီ
"ဖဲကြိုးနီ" အိတ်ခ်ျအိုင်ဗွီ အသိအမြင် ဖလှယ်ရာဖိုရမ်မှ
သူငယ်ချင်းမိတ်ဆွေ သင်္ဂဟအားလုံးကို ပူးပေါင်းပါဝင်ကြဖို့ ယခုစာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
ကျန်ခဲ့သည်နှစ်
၂၀၀၈ ခုနှစ် မတ်လတွင် အေအိုင်ဒီအက်စ်၊ အိတ်ခ်ျအိုင်ဗွီ ဆိုင်ရာ အသိပညာများ
ဖလှယ်နိုင်ရန် ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်ရန် ဆွေးနွေးခဲ့ကြရာမှ ယခု ဝက်ဘ်ဆိုက်
ပေါ်ပေါက် ခဲ့ရခြင်း ဖြစ်သည်။ ကွန်ပျူတာ နည်းပညာရပ်များနှင့် ထိတွေ့မှု ရှိနေပြီး
အနာဂတ်တွင် မသုံးမဖြစ် သုံးလာရမည့် နေရာတစ်ခုဖြစ်သည့် အင်တာနက်တွင် အသုံးပြုရန်
စီစဉ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာလူငယ်ထုနှင့် မြန်မာနိုင်ငံသားများ အတွက်
အိတ်ခ်ျအိုင်ဗွီ ဆိုင်ရာ အသိပညာရှိမှု ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်သည်။
ယခု
နေရာတွင် မည်သူမဆို ပါဝင်နိုင်ပြီး အိတ်ခ်ျအိုင်ဗွီနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊
ကိုယ်တွေ့ကြုံခဲ့ရသည့် အခြေအနေများ၊ အိတ်ခ်ျအိုင်ဗွီနှင့် သက်ဆိုင်သော
ဆေးပညာဆိုင်ရာ ကိစ္စရပ်များ၊ ဖြစ်ထွန်းမှု အခြေအနေများကို အပြန်အလှန်
ဆွေးနွေးနိုင်ပါသည်။
မြန်မာဘာသာဖြင့်
ရေးသားထုတ်ဝေထားသော အိတ်ခ်ျအိုင်ဗွီဆိုင်ရာ သတင်း အချက်အလက်များကို
စုဆောင်းနိုင်သမျှ စုစည်းတင်ပြထားပါသည်။ နောက်ပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့်
ထပ်မံစုဆောင်းရန် အစီအစဉ်ရှိပါသည်။ လက်ရှိ အိတ်ခ်ျအိုင်ဗွီဆိုင်ရာ သတင်းများ
တင်ပြပေးနေသော ဟင်း[မ်] HIV Information Myanmar [him] နှင့်
လက်တွဲလုပ်ဆောင်နေပြီး ရှေ့တွင်လည်း ဆက်လက် လက်တွဲ လုပ်ဆောင်သွားပါမည်။
ယခုဝက်ဘ်ဆိုက်ကို
ဝင်ရောက်ကြည့်ရှု၊ အကြံဉာဏ်ပေးခြင်း၊ ဆွေးနွေးတင်ပြခြင်း၊ ကူညီ ရေးသားခြင်းများ
ပြုလုပ်ကြရန် တိုက်တွန်းလိုပါသည်။ ယခုဝက်ဘ်ဆိုက်မှ တဆင့် မှတ်ပုံတင်မှုကို
အမြန်ဆုံးဖွင့်ပေးနိုင်ရန် ပြုလုပ်နေပြီး မှတ်ပုံတင်နိုင်ရန် info [at]
redribbon4u [dot] com အီးမေးလ်လိပ်စာသို့ စာရေး ဆက်သွယ်နိုင်ပါသည်။
ယခုလိပ်စာကို ဆက်သွယ်ထားသူများ၏ အသေးစိပ်အချက်အလက်များကို အခြားမည်သူ့ကိုမျှ
မပေါက်ကြားစေရန် အတွက်လည်း မိမိတို့မှ တာဝန်ခံပါသည်။
ဝင်ရောက်နိုင်သည့်
လိပ်စာများ-
http://RedRibbon4U.com,http://RedRibbon4U.org, http://RedRibbon4U.net တို့
ဖြစ်သည်။
နေ့စွဲ-
ဧပြီလ ၆ရက်၊ ၂၀၀၉ ခုနှစ်
တိုင်ပင်ကူညီဖဲကြိုးနီ
အဖွဲ့သားများ




