8
Aug

ဗဂျိုင်းနား ဗက်တီးရီးယား ဝင်ခြင်း

(ဆေးပညာ သင်ယူ၊ ဆေးကုသ ပေးနေသူများအတွက်)
• Candidiasis မှိုဝင်တာထက် ၂ ဆ ပိုအဖြစ်များတယ်။ (ဗဂျိုင်းနား) ထဲမှာ ရှိနေကြ Lactobacillius species တွေ ရှိနေရာကနေ Anaerobic bacteria (ဗက်တီးရီးယား) တွေ များလာတာ ဖြစ်ပါတယ်။
• စစ်ဆေးရင် မွေးလမ်းကြောင်း နံရံမှာကပ်ပြီး အဖြူ-မီးခိုးရောင် အရည်တွေ ဆင်းမယ်။ အနံ့နံတယ်။ Fishy amine order ခေါ်တယ်။ ငါးညှီနံ့လို နေတယ်။ လိင်ဆက်ဆံချိန်မှာ အနံ့ပိုဆိုးတယ်။ pH နိမ့်နေမယ်။ အက်စစ်ဓါတ် ကဲနေတာကို ပြောတာ။
• ဖြစ်နေသူ ၅ဝ% က လက္ခဏာ မရှိကြဘူး။ ပိုးတွေတော့ ရှိနေမယ်။
• ဘာလို့ ဖြစ်ရတယ် ဆိုတာကို အထောက်အထားနဲ့တော့ အတိအကျ မပြောနိုင်သေးဘူး။

• ဖြစ်နိုင်ခြေ များသူတွေ ကတော့ -
- လိင်ဆက်ဆံဘက် များသူ၊
- ပဌမဦးဆုံး ဆက်ဆံဘက်ဖြစ်ရင်၊
- ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူ၊
- IUCD ကိုယ်ဝန်တား ပစ္စည်းထည့်ထားသူ၊
- Vaginal douching မွေးလမ်း ခဏခဏဆေးကြောသူ၊
- ဖြစ်ချိန်က ရာသီလာချိန်မှာ ပိုများတယ်။

• Antianaerobic infection for symptomatic non-pregnant women Treatment
• Beneficial
- Oral Antianaerobic drugs ပါးစပ်က ဆေးပေးတာနဲ့ Intravaginal Antianaerobic drugs မွေးလမ်း ထည့်ဆေး 5-10 days or at least 4 weeks ပေးတာ မကွာခြားပါ။
- Metronidazole 500 mg BD x 7 days ပေးတာဟာ Metronidazole  2 GM တခါထဲ အသောက် ခိုင်းတာထက် ပိုကောင်းတယ်။ ၃-၄ ပါတ်မှာ ပျောက်နှုန်းပိုတာ တွေ့ရတယ်။
- Clindamycin ပါးစပ်ကပေးတာနဲ့ Metronidazole BD x 7 days ပေးတာ ကွားခြားတာ မရှိဘူး။ Metronidazole Vaginal gel ပေးတာလဲ မကွာခြားဘူး။
- Vaginal Clindamycin ovule x 3 days ပေးတာနဲ့ Oral Clindamycin cream x 7 days ပေးတာ ၃၅ ရက်မှာ ပျောက်နှုန်း ကွာခြားချက်မရှိဘူး။

• Likely to be benificial
• ကိုယ်ဝန်ဆောင်တွေကို အရင်က လမစေ့ဘဲ မွေးဘူးသူမှာ Bacterial vaginosis ဖြစ်နေရင် Oral Antianaerobic ဆေးပေးရင် ပိုကောင်းစေနိုင်တယ်။

ဒေါက်တာတင့်ဆွေ (၈-၈-၂ဝ၁၁)

ဒေါက်တာတင့်ဆွေ - ဗဂျိုင်းနား ဗက်တီးရီးယား ဝင်ခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top