30
Sep

ဗစ်တိုးရီးယားဘက်ခမ်းကို UNAIDS ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက စပိုက်ဂဲလ် Spice Girl အဖွဲ့ဝင်ဟောင်းနဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးဖြစ်သူ ဗစ်တိုးရီးယားဘက်ခမ်းကို HIV/AIDS နဲ့ ပတ်သက်ပြီး လှုပ်ရှား ဆောင်ရွက်နေတဲ့ (UNAIDS) ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် စက်တင်ဘာလ (၂၅) ရက်နေ့က ခန့်အပ်လိုက်ပါတယ်။

သူမဟာ တောင်အာဖရိကနိုင်ငံထဲက HIV ဆေးကုခန်း တစ်ခုကို သွားရောက်ခဲ့ပြီးတဲ့နောက် HIV ရောဂါသည်တွေကို ကူညီပေးဖို့ စိတ်ကူး ဖြစ်ပေါ်ခဲ့ရကြောင်း၊ ကလေးငယ်တွေအားလုံး HIV ရောဂါ ကင်းကင်းရှင်းရှင်းနဲ့ မွေးဖွါးလာဖို့ သေသေချာချာ ဂရုတစိုက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ HIV ဝေဒနာ ခံစားနေကြရတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ UNAIDS ရဲ့ ဆေးကုသ စောင့်ရှောက်ပေးမှုကို ရရှိရမှာ ဖြစ်ကြောင်းကို ဗစ်တိုးရီးယားဘက်ခမ်းက ပြောကြားခဲ့ပါတယ်။

ဗစ်တိုးရီးယားဘက်ခမ်းဟာ sub-Saharan Africa ဒေသက HIV ဝေဒနာရှင် မိခင်တွေအတွက် ရန်ပုံငွေ မြှင့်တင်ပေးဖို့အတွက် အရင်လက အ၀တ်အထည် အသုံးအဆောင်ပစ္စည်း အမျိုးအစားပေါင်း (၆၀၀) ကို လေလံတင် ရောင်းချခဲ့ကြောင်း ဘီဘီစီသတင်းမှာ ပါရှိပါတယ်။

Up to Date - ဗစ်တိုးရီးယားဘက်ခမ်းကို UNAIDS ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top