7
Aug

ဘယ်လိုကွန်ဒုံး မျိုးဝယ်သင့်သလဲ



ယခုနောက်ပိုင်း
နွေမိုးဆောင်း မရွေး နေပူချိန် အရမ်း ပြင်းလာသောကြောင့် ကွန်ဒုံးများလည်း အပူချိန်ကြောင့်
အရည်အသွေး မပြည့်မီသည်များ ရှိလာသည်။ ထို့ကြောင့် မာရီစတုပ်စ် အင်တာနေရှင်မှ ဒေါက်တာစစ်နိုင်အား
အရည်အသွေး ပြည့်စုံသည့် ကွန်ဒုံးရွေးချယ် ဝယ်ယူနိုင်ရန် အတွက် မေးမြန်းခဲ့ပါသည်။

"ကွန်ဒုံးကို
အခုနောက်ပိုင်း ကတ်လိုက်ဝယ်တာ ပိုအဆင်ပြေမယ် ထင်တယ်။ နွေတုန်းက အပူချိန်က အရမ်းမြင့်တော့
သက်တမ်း ကုန်ရက် စေသွားတာတို့ ရာဘာကပ် နေတာတို့ ဖြစ်တယ်။ အဲဒီလို ဖြစ်နေတဲ့ ကွန်ဒုံးကို
မသုံးသင့်ဘူး  အန္တရာယ် အရမ်းများတယ်" ဟု ဒေါက်တာစစ်နိုင်က ဆိုသည်။

ဒါ့အပြင်
ကွန်ဒုံးကို နေရောင် တိုက်ရိုက်ကျသည့် နေရာတွင် မထားသင့်ဘဲ နေစိုနေသည့် ကွန်ဒုံးများ
ပိပြားနေသည့် ကွန်ဒုံးများကို မသုံးသင့်ကြောင်း ၎င်းက ဆိုသည်။

"အပြင်အပူချိန်မှာ
ကွန်ဒုံးကို မထားသင့်ဘူး ကားထဲမှာလည်း လုံးလုံး မထားသင့်ဘူး။ အခု လမ်းဘေးမှာ ရောင်းနေတဲ့
ကွန်ဒုံးတွေကို ဝယ်မသုံးသင့်ဘူး ဝယ်ရင်လည်း ကတ်လိုက်ဝယ်ပြီး တစ်ခုမကောင်းတာနဲ့ အကုန်
လွှင့်ပစ်သင့်တယ်။ လဲလို့ရရင်တော့ လဲပစ်သင့်တယ်၊ ကွန်ဒုံးဝယ်ရင်တော့ တံဆိပ်စုံတဲ့ဆိုင်
မလိုပါဘူး။ ဖွင့်ကြည့်လို မပေါက်မပြဲ မကပ်ရင် ဘယ်တံဆိပ်မဆို သုံးလို့ရပါတယ်" ဟု
၎င်းကဆိုသည်။

HIV
မေးခွန်းများကို မေးလိုလျှင် True News ဂျာနယ်တိုက်၊ အမှတ် ၂၃၊ ဗိုလ်တထောင်လမ်းသွယ်
(၁)၊ ဗိုလ်တထောင် မြို့နယ်၊ ဖုန်း ၃၉၇၆၇၄၊ ၂၉၂၃၄၇ သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။

အေးအေးဇင်

 ၃ သြဂုတ် ၂၀၁၀ (အတွဲ ၂၊ အမှတ် ၄၉) (စာမျက်နှာ ၂၉)

True
News
- ဘယ်လိုကွန်ဒုံး မျိုးဝယ်သင့်သလဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top