မူလ ကိုယ်ခံစွမ်းအား လျော့နည်း ကျဆင်းရောဂါ (အိတ်ဒ်စ်ရောဂါ)
ကမ္ဘာ့နိုင်ငံ
အသီးသီးမှာ နေထိုင်ကြတဲ့ လူတွေဟာ မူလ ကိုယ်ခံစွမ်းအား လျော့နည်းကျဆင်း ရောဂါကို ခံစားနေကြ ရပါတယ်။ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါဟာ တကမ္ဘာလုံး ဆိုင်ရာ ပြဿနာတရပ် အနေဖြင့်
တနေ့တခြား ပိုမိုကြီးထွား လာနေကြပါတယ်။ လက်ရှိ အခြေအနေအရ ကမ္ဘာ တဝှမ်းလုံးမှာ လူကြီးရော
ကလေးပါ သန်းပေါင်း (၄၀) ခန့် အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ရောဂါ ကူးစက် ခံစား နေကြရပါတယ်။
လောလောဆယ်မှာ ကမ္ဘာပေါ်က အသက် (၁၅) နှစ်အောက် ကလေးငယ်ပေါင်း ဆယ်သန်း ကျော်ကျော်ရဲ့ မိခင်များ
(သို့မဟုတ်) မိဘ နှစ်ပါး စလုံးဟာ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် ကြောင့် သေဆုံး သွားကြပြီး
ဖြစ်ပါတယ်။
ဒီရောဂါဟာ
လူငယ်များကို ပိုပြီး ကူးစက် စေနိုင်ပါတယ်။ သက္ကရာဇ် ၂၀၀၁ ခုနှစ်မှာ ဒီရောဂါကြောင့်
လူပေါင်း ငါးသန်းခန့် ရောဂါ ကူးစက် ပြန့်ပွား ခဲ့တဲ့အနက် တဝက် ကျော်ကျော်ဟာ အသက် (၁၅)
နှစ်နဲ့ (၂၄) နှစ်ကြား လူငယ်များ ဖြစ်ကြပါတယ်။ အမျိုးသမီး ငယ်များဟာ ရောဂါ ကူးစက်နိုင်တဲ့
အခြေအနေ ပိုများပါတယ်။ အနီးစပ်ဆုံး ပြောရရင် ကမ္ဘာပေါ်မှာ ရှိတဲ့ လူငယ်ပေါင်း ၁၁.၈ သန်းခန့်
ဒီရောဂါ ကူးစက် ပြန့်ပွား နေလျှက်ရှိရာ အမျိုးသမီးငယ် ၇.၃ သန်းနဲ့ အမျိုးသား လူငယ်ပိုင်း
၎.၅ သန်း ခန့်စီ ရှိကြပါတယ်။
မူလ
ကိုယ်ခံစွမ်းအား လျော့နည်းကျဆင်း ရောဂါ (အိတ်ဒ်စ်) ရောဂါဟာ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်
ပိုးကြောင့် ဖြစ်ပွား ရပါတယ်။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ပိုးဟာ ရောဂါများကို တွန်းလှန်
တိုက်ခိုက် နိုင်တဲ့ လူ့ကိုယ် ခန္ဓာရဲ့ ခုခံစွမ်းအား စနစ်ကို ပျက်စီး စေပါတယ်။
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်
ရောဂါ ကူးစက် ခံစားနေရတဲ့ လူနာများရဲ့အသက်ကို ဆေးဝါးများ အသုံးပြု၍ ဆွဲဆန့် ထားနိုင်
သော်လည်း ကာကွယ်ဆေးနဲ့ လုံဝ ပျောက်ကင်းအောင်
ကုသနိုင်တဲ့ ဆေးဝါးများ ယခုအချိန်ထိ ပေါ်မလာ သေးပါဘူး။
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်
မပြန့်ပွား စေရေးအတွက် အကောင်းဆုံးနဲ့ အကျိုးအရှိဆုံး လုပ်ငန်းစဉ် ကတော့ ကာကွယ်ခြင်းဘဲ
ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ရှိကြတဲ့ လူတိုင်း၊ လူတိုင်း အနေဖြင့် ရောဂါ ကူးစက် မလာစေဖို့နဲ့
ရောဂါ မပြန့်ပွား စေဖို့အတွက် ဘယ်လိုရှောင်ရှား ကာကွယ်ရမလဲ ဆိုတာကို သိထား သင့်ကြ
ပါတယ်။
ကွန်ဒုံး
(လိင်အင်္ဂါစွပ်) အသုံး ပြုခြင်းဖြင့် လိင်ဆက်ဆံရာမှ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် ပြန့်ပွားခြင်းကို ကာကွယ် တားဆီး နိုင်ပါတယ်။ နိုင်ငံတိုင်းမှာ သွေးစစ် စမ်းသပ်ခြင်းနဲ့ နှစ်သိမ့်
ဆွေးနွေးခြင်း အခွင့် အလမ်းများ ရရှိနိုင်အောင် အထူး ဦးစားပေး ဆောင်ရွက် သင့်ပါတယ်။
လူသားတိုင်း အနေဖြင့် မိမိ ဆန္ဒအလျှောက် ဆောင်ရွက်လိုပြီး ပေါက်ကြားမှု မရှိနိုင်တဲ့
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်နဲ့ ပါတ်သက်သော နှစ်သိမ့် ဆွေးနွေးခြင်းနဲ့ သွေးစစ် စမ်းသပ်ခြင်းများ
ရရှိ ဆောင်ရွက်နိုင်ခွင့် ရှိသင့်ပြီး သူရဲ့ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် အခြေအနေနဲ့ ပါတ်သက်ပြီး
ခွဲခြား ဆက်ဆံ ခံရ မှုများကို ကာကွယ် ပေးတဲ့ အခွင့်အရေး ရှိဖို့လည်း လိုအပ်ပါတယ်။
အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ်
ရောဂါ ကူးစက်ခံ နေကြရတဲ့ ပုဂ္ဂိုလ်များ အတွက် ပြုစု စောင့်ရှောက် မှုနဲ့ ကြင်နာ ယုယခြင်းများ
လိုအပ်ပါတယ်။ အိပ်ခ်ျအိုင်ဗွီ/အိတ်ဒ်စ် လှုပ်ရှား မှုများနဲ့ လုပ်ငန်း အစီအစဉ် များကို
ဆောင်ရွက် နိုင်ဖို့ အတားအဆီး ဖြစ်နေတဲ့ လူမှုရေး ဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာ၊ နိုင်ငံရေး
ဆိုင်ရာ အဟန့် အတားများကို ကျော်လွှား ဖယ်ရှားနိုင်မယ့် လုပ်ဆောင် ချက်များကို ပြုလုပ်
ဆောင်ရွက် သင့်ပါတယ်။
ဘာသာပြန် - မြတ်ထက်နှင့်အဖွဲ့
FACTS FOR LIFE - ဘဝတွက်တာ သိမှတ်စရာများ
မူပိုင် - ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့၊
နယူးယောက်၊ ၂၀၀၂




