16
Jan

ဘာလင်လူနာ HIV ပိုးကို ကုသပျောက်ကင်းသွားသော ကမ္ဘာ့ပထမဆုံးလူသား ဖြစ်လာ

HIV ပိုး ကူးစက်ခံခဲ့ရပြီး ကမ္ဘာပေါ်တွင် ပထမဦးဆုံး ကုသ ပျောက်ကင်းသွားသော အမျိုးသားတစ်ဦး၏ အကြောင်းကို မီဒီယာများ တွင် ရေပန်းစားနေသော သတင်းထွက်ပေါ်လာခဲ့သည်။

အဆိုပါအမျိုးသားမှာ ဂျာမနီနိုင်ငံမှ တင်မိုသီရေးဘရောင်းဆိုသူ ဖြစ်၍ ဗီဇဆဲလ် လွှဲပြောင်းကုသမှု (Stem Cell Transplant ) ကုထုံးဖြင့် အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။

မလွဲမသွေ သေရွာသွားရမည့်ဝေဒနာ တစ်ရပ်မှ ပထမဦးဆုံး လွတ်မြောက်သွားသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့သည့် မစ္စတာတင်မိုသီအား သတင်းလောကတွင် ဘာလင်လူနာ (Berlin Patient) ဟု လူသိများခဲ့ပြီး ယခင် ၂ဝဝ၇ ခုနှစ်ကစတင်၍ ဗီဇဆဲလ် လွှဲ ပြောင်းမှုကုထုံးဖြင့် ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

ယင်းသည် ဘာလင်တက္ကသိုလ်သို့ တက်ရောက်နေစဉ် ၁၉၉၅ ခုနှစ် မှစတင် ၍ HIV ပိုး စွဲကပ်နေကြောင်း တွေ့ရှိခဲ့ ခြင်းဖြစ်သည်။

တင်မိုသီအား HIV ပိုး ကူးစက်ခံရသော ဝေဒနာဆိုးမှ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပုံအား AIDS Research and Human Reto-viruses ဂျာနယ်၌ အသေးစိတ် အကျယ်တဝင့်ဖော်ပြထားသည်။

ဘာလင်
Ref : AP

Yangon Media Group - ဘာလင်လူနာ HIV ပိုးကို ကုသပျောက်ကင်းသွားသော ကမ္ဘာ့ပထမဆုံးလူသား ဖြစ်လာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top