2
Jan

ဘာလီကျွန်းမှာ တက်တူးထိုးခဲ့ရာမှ HIV ပိုး ကူးစက်ခံရ

အင်ဒိုနီးရှားနိုင်ငံ ဘာလီ အပန်းဖြေကျွန်းပေါ်မှာ ကျင်းပခဲ့တဲ့ တက်တူး ပွဲတော်မှာ တက်တူး (ဆေးမင်) အလှထိုးခဲ့ရာမှ ဩစတြေးလျ နိုင်ငံသားတစ်ဦး HIV ပိုး ကူးစက် ခံခဲ့ရ တယ်လို့ ဩစတြေးလျ ကျန်းမာရေး အာဏာပိုင်များရဲ့ ပြောကြားချက်ကို  ဒီဇင်ဘာ ၂၄ ရက် စနေနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ HIV ပိုး ကူးစက်ခံခဲ့ရတဲ့ လူနာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခြင်း မပြုကြပေ။

တက်တူးထိုးခြင်းသာမက ကိုယ်ခန္ဓာအပေါ် တစ်ခုခုဖြင့် စူးရှမှုတို့ ဖြစ်ပေါ်ရာမှတစ်ဆင့် HIV ပိုး ကူးစက် ဝင်ရောက်နိုင်သည်သာမက အသည်းရောဂါ ဘီနဲ့စီ အမျိုးအစားတို့အပြင် အခြား ကူးစက်ရောဂါများ ကူးစက်စေနိုင်ကြောင်း ဩစတြေးလျ ကျန်းမာရေး အရာရှိများက သတိပေး ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေက ပြီးခဲ့တဲ့ နှစ်အတွင်း ဘာလီကျွန်းပေါ်ရှိ ပြည့်တန်ဆာ ၄ ဦးမှာ တစ်ဦးနှုန်းဖြင့် HIV/AIDS ကူးစက် ရောဂါတွေ ဖြစ်ပေါ်နေလို့ ကူးစက်မှုနှုန်းဟာ မြင့်မားလာနေပြီး ယခင်နှစ်တွေကထက် ၁၉ ရာခိုင်နှုန်း ပိုမိုမြင့်မားစွာ ကူးစက်နေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှလာတဲ့ သတင်းအရ ဩစတြေးလျ နိုင်ငံသား တက်တူးထိုးရာမှ HIV ပိုး ကူးစက်ခံရကြောင်း အစီရင်ခံစာ ရရှိတဲ့အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ပြီး အဆိုပါ HIV ပိုး ကူးစက်ခံရသူဟာ တက်ထူးထိုးရာမှ ကူးစက်ခြင်း ဟုတ်မဟုတ် တိတိကျကျ မပြောနိုင်သေးကြောင်း ဘာလီကျွန်း ကျန်းမာရေး အကြီးအကဲ နိုမန် ဆူတက်ဂျာက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြား လိုက်ပါတယ်။ လောလောဆယ် စာရင်းအရ ဘာလီကျွန်းပေါ်မှာ HIV/AIDS ကူးစက်ခံနေရသူပေါင်း ၄၂၀၀ ခန့်ရှိတယ်လို့ ဆူတက်ဂျာက ပြောကြားလိုက်ပါတယ်။

လူဗိုလ်ဟူသည် - ဩစတြေးလျ နိုင်ငံသားတစ်ဦး ဘာလီကျွန်းမှာ တက်တူးထိုးခဲ့ရာမှ HIV ပိုး ကူးစက်ခံရ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top