တရုတ်နိုင်ငံ Wuhan က အသက်၈၀ အဖိုးဟာ နာတာရှည်အဖျားရောဂါဖြင့် ဆေးကုသရာ HIV ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မုဆိုးဖိုဖြစ်တဲ့ အဖိုးအိုဟာ သွေးအသွင်းအထုတ် မရှိခဲ့ပေမယ့် အကာအကွယ်မဲ့ ဖိုမဆက်ဆံရာမှာ အားကောင်းခဲ့တယ်လို့ သိရတဲ့အတွက် ဆရာဝန်တွေက ဒီ HIV ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ရာမှ ကူးခဲ့တာဖြစ်မယ်လို့ မှတ်ချက်ချခဲ့ပါတယ်။
အခုနောက်ပိုင်း တရုတ်နိုင်ငံမှာ အသက်ကြီးတဲ့ အမျိုးသားကြီးတွေမှာ အေအိုင်ဒီအက်စ်ရောဂါ ပြန့်ပွားမှု တိုးပွားလာတယ်လို့ သိရပါတယ်။ ပင်စင်ယူပြီးနောက်ပိုင်း ပျင်းရိငြီးငွေ့ လာတာရယ်၊ ဖိုမဆက်ဆံရေးကိစ္စတွေမှာ ပိုပွင့်လင်းလာတာရယ်၊ ပိုမိုကျန်းမာလာတာတွေရယ်ကြောင့် ဒီလိုဖြစ်ရတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြောင်း သိရပါတယ်။
ဗဟို တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက လတ်တလော စစ်တမ်းကောက်ယူချက်များအရ အသက်၅၀ကျော်အရွယ်တွေရဲ့ HIV ပိုးပြန့်ပွားကူးစက်နှုန်းဟာ ဒီနှစ်ထဲမှာ ၇.၈ ရာခိုင်နှုန်းကနေ ၁၄.၉ ရာခိုင်နှုန်းသို့ မြင့်မားလာတယ်လို့ သိရပါတယ်။ ကူးစက်ခံရသူ အများစုဟာ အမျိုးသားများဖြစ်ပြီး ဖိုမကိစ္စကနေ ကူးစက်လာတာလို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်လိုပါက
burmesehearts - မကာကွယ်ဘဲဆက်ဆံခဲ့လို့ HIVအကူးခံရတဲ့ အသက်၈၀အဖိုးအို




