ကုမုဒြာဂျာနယ် (အမှတ်၂၇၃
- ၁၅၊၆၂၀၀၇ )
ယခင်မင်္ဂလာဒုံတိုက်နယ်ဆေးရုံကို
PLHA (People Living with HIV/AIDS) တွေအတွက် သီးသန့် မင်္ဂလာဒုံအထူးကု ဆေးရုံကြီးအဖြစ်
ဧပြီလကနေစတင်ပြီး အတွင်းလူနာတွေ လက်ခံကုသပေးနေတယ်လို့ သိရတယ်။ မင်္ဂလာဒုံအထူးကုဆေးရုံကြီးမှာ
ယာရီတာဝန်ကျနေတဲ့ ဒေါက်တာကျော်စိန်က “အရင်တိုက်နယ်ဆေးရုံတုန်းက တီဘီ၊အိတ်ခ်ျအိုင်ဗွီ
နာတာရှည်လူနာတွေအတွက် ပြင်ပလူနာဌာနကို တနင်္လလာနေ့  ကနေသောကြာနေ့ အထိဖွင့်ထားတယ်လို့ ပြောပါတယ်။“
မင်္ဂလာဒုံအထူးကုဆေးရုံကြီးက
လက်ရှိခုတင် ၅၀ ဆံ့ ဆေးရုံကြီးဖြစ်ပြီး နောက်ပိုင်း ၁၀၀ ဆံ့လုပ်ဖို့ စီမံချက်ရှိတယ်လို
့ဆိုတယ်။လက်ရှိမှာ ပြင်ကလူနာ ဌာနက တနင်္လလာနေ့  ကနေ သောကြာနေ့ အထိ နံနက် ၈း၀၀ နာရီကနေ
မွန်းတည့် ၁၂း၀၀ နာရီအထိရှိပါတယ်။အရေးပေါ် အတွက်ကတော့ ၂၄ နာရီ ဖွင့်ပြီး တာဝန်ကျဆရာဝန်
ပုံမှန်ရှိတယ်လို့ သိရတယ်။
ပီအယ်လ်အိတ်ခ်ျအေ တွေအနေနဲ
့ ၀မ်းအရမ်းလျောတာ အားပြတ်ပြီး ပျော့သွားတာ ချောင်းဆိုးပြီး သွေးပါတာ ခေါင်းအရမ်းကိုက်တာ
၊အရမ်းဖျားတာ စတဲ့အခြေအနေတွေပေါ်မူတည်ပြီး ဆေးရုံတက်ဖို့ လိုအပ်ရင်ဆေးရုံတက်နိုင်တယ်လို
့ဆိုပါတယ်။
ဒေါက်တာကျော်စိန်က “သူတို
့အခြေအနေ စိတ်ချရတာနဲ့  ဆေးရုံကဆင်းပေးတယ်၊အိတ်ခ်ျအိုင်ဗွီ ဆိုတာတသက်လုံးဖြစ်မှာဆိုတော့
ဆေးရုံမှာ အကြာကြီးခေါ်ထားဖို့ မလိုဘူး။ဆေးရုံကဆင်းပေးရပေမဲ့လည်း တစ်ပတ်တစ်ရက်ချိန်းပေးတယ်
တစ်ပတ်နေရင် ပြန်လာပြဖို့ လိုတယ်။“လို့ ပြောပါတယ်။
မင်္ဂလာဒုံအထူးကုဆေးရုံကြီးမှာ
အမျိုးသားဆောင်၊အမျိုးသမီးဆောင် ဆိုပြီးသီးသန့် ရှိပါတယ်။ အခပေးဆောင်မှာ အိမ်သာ ၊ရေချိုးခန်းတွေပါပြီး
တစ်ရက် ၂၀၀၀ ကျသင့်ပါတယ်၊ ကျန်တဲ့အခန်းတွေမှာကတော့ အခမဲ့ပါ။လူနာစောင့်အနေနဲ့ ကတော့
အများဆုံးနှစ်ဦးစောင့်ခွင့်ရှိပါတယ်။ ပီအယ်လ်အိတ်ခ်ျအေ တွေဆေးရုံတက်နေတဲ့အချိန်မှာ
လိုအပ်တဲ့ ဆေးဝါးတချို့ ကိုဆေးရုံက အခမဲ့ ပေးတယ်လို့ ဆိုတယ်။
အိတ်ခ်ျအိုင်ဗွီ ပိုးရှိတယ်လို
့သံသယရှိကတည်းက မင်္ဂလာဒုံဆေးရုံကြီးမှာလာပြရင် နှစ်သိမ့်ဆွေးနွေးပညာပေးပြီး သွေးအခမဲ့စစ်ပေးတယ်၊
CD4 အခမဲ့စစ် ပေးတယ်လို့ သိရတယ်၊ ARV (သုံးမျိုးစပ်ဆေး) မပေးရသေးခင်မှာ opportunist
infectionကာကွယ်ဆေးပေးတယ်လို့ သိရတယ်။ဆေးရုံမှာပဲ ဆက်ပြပြီး ဆေးရုံကပဲ ARV ဆေးသောက်သင့်ပြီလို
့ဆေးစပေးသူကို တောက်လျောက်အခမဲ့ပေးတယ်လို့ ဆိုတယ်၊ အေအာရ်ဗီ ဆေးရဲ့ ကောင်းကျိုးဆိုး
ကျိုး၊ တွေလည်း လူနာတွေအနေနဲ့  သိထားရမယ်၊ အေအာရ်ဗီ ဆေးသောက်မယ်ဆိုရင်လည်း နေ့ စဉ်အချိန်
အတိအကျသောက်ဖို့ လိုပါတယ်။ ဆေးမှန် မှန်မသောက်လို့ ဆေးပြတ်သွားရင် day resistance
(ဆေးယဉ်ပါးမှု) တွေဖြစ်ပေါ်လာနိုင်တယ်၊ ထို့ ကြောင့် ဆေးမှန်မှန်သောက်ဖို့ သတိမူသင့်ပါတယ်။
အိတ်ခ်ျအိုင်ဗွီ ပိုးရှိပြီဆိုတာနဲ
့တစ်ပါတ်၊နှစ်ပါတ်၊တစ်လတစ်ခါတော့ ဆရာဝန်တွေနဲ့ အမြဲပြသဖို့  ပီအယ်အိတ်ခ်ျအေတွေအနေနဲ
့ ဆေးရုံတက်ဖို့ လို အပ်တဲ့အခါ သူတို့ နေတဲ့ နေရာနဲ့ အဆင်ပြေမဲ့ ဝေဘာဂီ ကူးစက်ရောဂါအထူးကု
ဆေးရုံကြီးမှာ ရွေးချယ်ပြီးတက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ ဓါတ်မှန်လည်းအခမဲ့ရိုက်ပေးပါတယ်။
အေးလပြည့်(ကုမုဒြာဂျာနယ်)




