27
Apr

မန်ယူနဲ့ မြန်မာတို့ရဲ့ ဘောလုံးကစားပွဲ HIV ဝေဒနာသည်နဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို လှူမည်

HIV ဝေဒနာရှင်တွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို လှူဒါန်းဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း ၄ ယောက်ပါဝင်တဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပဖို့ရှိတဲ့ အကြောင်း ဧပြီ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်းများနှင့် ကစားမည့် ရန်ပုံငွေပွဲနှင့် ပတ်သက်၍ ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော်က "ကမ္ဘာကျော် မန်ယူအသင်းမှ ကစားသမားဟောင်းကြီးများနှင့် မြန်မာ လက်ရွေးစင် အသင်ကြီးတို့ ကစားမည့် ရန်ပုံငွေ အားကစား ပြိုင်ပွဲအား အများပြည်သူများ အနေဖြင့် ကွင်းဝင်ကြေး တစ်ဦးလျှင် ကျပ် ၅၀၀ နှင့် ၁၀၀၀ နှုန်းတို့ဖြင့် လူများများ ကြည့်ရှု့နိုင်အောင် စီစဉ်ထားပါတယ်။ နောက်ပြီး စပွန်စာလည်း ရအောင်ရှာမယ်။ ကွင်းဝင်ကြေးတွေနဲ့ စပွန်စာကနေ ရလာမယ့် ငွေကြေးတွေ အကုန်လုံးကို ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းတွေနဲ့ HIV ဝေဒနာ ခံစားနေရတဲ့ သုခရိပ်မြုံ မိဘမဲ့ ဂေဟာတွေသို့ ခွဲဝေ လှူဒါန်း သွားမှာ ဖြစ်ပါတယ်။ ဘယ်လောက် လှူဒါန်းမယ်ဆိုတာတော့ ကျနော်တို့ မပြောနိုင်သေးပါဘူး။ အကုန်တွက်ပြီးရင်တော့ ကျနော်တို့ အတိအကျ ကြေညာမှာ ဖြစ်ပါတယ်။ အခုလို လှူဒါန်းဖို့ သူတို့နဲ့ သဘောတူထားတယ် ဆိုတာကလည်း ကျနော်တစ်ဦးတည်း လှူဒါန်းတာထက် ပရိတ်သတ်တွေ့ရဲ့ အလှူလည်း ပါဝင်စေချင်တဲ့ ဆန္ဒရှိတဲ့ အတွက်ကြောင့် ဒီလိုပွဲမျိုးကို စီစဉ် ဖြစ်တာပါ" ဟု ပြောခဲ့သည်။

အဆိုပါပွဲကို ဇွန် ၉ ရက် ညနေ ၄ နာရီတွင် မြန်မာ့ လက်ရွေးစင် အသင်းကြီးနှင့် ကမ္ဘာကျော် မန်ယူ အသင်းမှ ကစားသမားကြီး ဒင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ ကလေ တွန်ဘလက်မိုးရ်နှင့် လီရှက်ဖ်တို့ ပါဝင်ကစားမည် ဖြစ်ပြီး ကစားသမားဟောင်းများဘက်မှ မြန်မာ နေရှင်နယ် ကလပ်များတွင် ပါဝင် ကစားနေသည့် နိုင်ငံခြားသားများက ဝင်ရောက်ကစားမည် ဖြစ်သည်။ မန်ယူ ကစား သမားဟောင်းကြီး လေးဦးသည် တဖက်စီ နေပြီ ချစ်ကြည့်ရေး အဖြစ် ကစား သွားမည် ဖြစ်ပါသည်။ ပြိုင်ပွဲကို မိနစ် ၃၀ နှစ်ပိုင်းခွဲ ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

သစ်ထူးလွင်မှ "မန်ယူနဲ့မြန်မာတို့ရဲ့ ဘောလုံးကစားပွဲ HIV ဝေဒနာသည်နဲ့ ဘုန်းတော်ကြီးကျောင်းတွေကို လှူမည် (ရုပ်/သံ)" ဆီလျော်အောင် ပြန်လည်း ရေးသားထားပါသည်။

သစ်ထူးလွင် - မန်ယူနဲ့ မြန်မာတို့ရဲ့ ဘောလုံးကစားပွဲ HIV ဝေဒနာသည်နဲ့ ဘုန်းတော်ကြီးကျောင်းတွေကို လှူမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top