14
Jul

မမှန်ကန်သော ဓာတ်ခွဲခန်း များကြောင့် ဆေးစစ်သူများ ဒုက္ခရောက်ရ



မမှန်ကန်သော ဓာတ်ခွဲခန်း အဖြေများ ထုတ်ပေးသည့် ဓာတ်ခွဲခန်းအချို့ကြောင့်
ဆေးစစ်သူများကို စိတ်ဓာတ် အကြီးအကျယ် ကျဆင်းစေမှုများနှင့် အသက် အန္တရာယ် ဆုံးရှုံးမှုများ
ကြုံတွေ့နေရကြောင်းသိရသည်။
မြန်မာနိုင်ငံ
အစိုးရက  ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်းများ၊ အရှိန်မြှင့်၍ ဆောင်ရွက်လျက်ရှိသော ယနေ့အချိန်တွင် ပုဂ္ဂလိက ဓာတ်ခွဲခန်းများ
အမြောက်အများ ပေါ်ထွက်လာပြီး၊ အချို့သော မထင်မရှား၊ ဓာတ်ခွဲခန်းငယ်များသည် အထူးကု ဆေးခန်းကြီးများ၊
ဆေးရုံကြီးများမှ ဆရာဝန်များ၏ ညွှန်ပြချက်များကြောင့် ဓာတ်ခွဲခန်း ဆေးစစ်မှုများကို
ပြုလုပ်ပေးလျှက် ရှိကြသော်လည်း ယင်းဓာတ်ခွဲခန်းတို့မှ ထုတ်ပေးသည့် မှားယွင်းသော
အဖြေများကြောင့် လူနာများအတွက် အသက်အန္တရာယ် ဆုံးရှုံးစေမှုများနှင့်
စိတ်ဓာတ်ကျဆင်းစေမှုများ၊ ဖြစ်ပေါ်လျှက်ရှိကြကြောင်း သိရသည်။

 

ကျွန်မကကျောမှာ အကြိတ်ဖုပေါက်လို့ ဆေးရုံမှာတက်ခွဲတယ်။ ဆရာဝန်က
ရွှေဘုံသာလမ်းက ဓာတ်ခွဲခန်း တစ်ခုမှာကျွန်မရဲ့ အသားစကို စစ်ဆေးဖို့ပြောတယ်။
ဓာတ်ခွဲခန်း ဆိုပေမယ့် ခပ်ကျဉ်းကျဉ်း ဓာတ်ခွဲခန်းလေးပါ။ အဲဒီဓာတ်ခွဲခန်းက တီဘီရောဂါကြောင့်
ဒီအကြိတ်ဖု ပေါက်တာလို့  အဖြေထုတ်ပေးတယ်။
ဆေးရုံက ဆရာဝန်က နီးစပ်ရာ ဆေးခန်းတွေမှာ တီဘီဆေး ယူသောက်ဖို့ပြောပြီး
ဆေးရုံကဆင်းခိုင်းတယ်။

 

အဲဒါနဲ့ကျွန်မက ကျွန်မတို့နားက ဆေးခန်းမှာ ဓာတ်ခွဲခန်း အဖြေကိုပြပြီး
တီဘီဆေးတောင်းတယ်။ ကျွန်မအမေက မသင်္ကာလို့ ဆရာဝန်ကို ပြောတယ်။ ကျွန်မမှာ တီဘီလက္ခဏာ မရှိဘူး။
ချောင်းလဲမဆိုးဘူး။ ဖျားလဲမဖျားဘူး ဆိုတော့ဆရာဝန်က အမျိုးသားဓာတ်ခွဲခန်းမှာ
သလိပ်ကိုစစ်ခိုင်းတယ်။ ကျွန်မသုံ
ကြိမ်တိတိ
စစ်တယ်။ ဘာ ရောဂါ လက္ခဏာမှ မတွေ့ရဘူး။ တကယ် လို့သာကျွန်မအမေ မပြောခဲ့ရင်
တီဘီိမရှိဘဲ ကျွန်မတီဘီဆေး သောက်နေရပြီ။ အဲဒီလိုသောက်လို့ နောက်ဆက်တွဲ
ဘာတွေဖြစ်လာမယ် ဆိုတာ ကျွန်မဖြင့် တွေးတောင် မတွေးရဲဘူး
ဟုကိုယ်တွေ့ကြုံခဲ့ရသူ မဖြိုးဖြိုးဦးက
ပြောသည်။

 

ကျွန်တော့်သူငယ်ချင်း တစ်ဦးက သွေးစစ်တယ်။ အဖြေကHIV လို့ပြောတယ်။ ဒီကောင်တော်တော် စိတ်ဓါတ်ကျသွားတယ်။ ဒါနဲ့ကျွန်တော်က အမျိုးသား
ဓာတ်ခွဲခန်းမှာ သွားစစ်ဖို့ပြောတော့ သွားစစ်တယ်။ ဘာ
HIV မှမဟုတ်ဘူး။ ဘာရောဂါ လက္ခဏာမှလဲ မတွေ့ရဘူး။ ဒီလိုမှားယွင်းတဲ့
အဖြေတွေ ထုတ်ပေးနေတာ လုံးဝ မကောင်းသလို လူနာတွေအတွက် ပိုက်ဆံအများကြီး ကုန်ကျရတယ်
ဟု ကိုစိုးလှိုင်မင်းက ပြောသည်။

 

ဆရာဝန် ညွှန်ကြားချက်အရ ဓာတ်ခွဲခန်း စစ်ဆေးရန်  လိုအပ်သူများသည်   ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)မှာ ဖွင့်လှစ်ထားရှိသည့်
အမျိုးသား ဓာတ်ခွဲခန်းတွင် တိကျ သေချာသော ဓာတ်ခွဲစစ်ဆေးမှုများကို ပြုလုပ်သင့်ပြီး
ယင်းဓာတ်ခွဲခန်းသည် အသည်းရောင် အသားဝါဘီပိုး၊ စီပိုး၊ တီဘီစသည့် ရောဂါများကို
အမှန်ကန်ဆုံး
စစ်ဆေးပေးလျက်ရှိပြီး
တစ်ဆယ့်ငါးမိနစ် အမြန်နှင့် ဆယ့်လေးရက် (ပုံမှန်) စစ်ဆေးပေးလျက်ရှိပြီး နံနက် ၁၀နာရီမှ
ညနေ၃နာရီအထိ ဖွင့်လှစ် ထားရှိကြောင်း သိရသည်ဟု ၂၀၀၈ ခုနှစ် ဧပြီလ၈ရက်နေ့ထုတ်
Flower
News
ဂျာနယ်တွင် ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top