17
Jan

မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၂)

၁။ ecee2 ကို ဖြစ်ပြီးတန်းသောက်ရတာလားဆရာ။
၂။ RU486 (Mifepristone) ကို ဆရာဝန်ညွန်ကြားချက် မရှိဘဲသောက်ရင်
၃။ မရည်ရွယ်ပဲနဲ့ ကိုယ်ဝန်ရချင်သလို ဖြစ်နေပါတယ်။
၎။ ကိုယ်ဝန်ပျက်ကျပြီး သွေးဆင်းနည်းနေတာ (ဆိုင်ဒိုတက်) တစ်လုံးသောက်ဖို့လိုလား။
၅။ အကာအကွယ် မသုံးပဲ အတူအိပ်ဖြစ်သွားပါတယ်။
၆။ မသင်္ကာတာနဲ့ စစ်ကြည့်တော့ Pregnancy ဖြစ်နေပါတယ်။
၇။ ဆီးစစ်ကိရိယာနဲ့ စစ်ကြည့်လိုက်တော့ Pregnancy ဖြစ်နေတဲ့ Sign ပဲ ပြနေပါတယ်။

November 10, 2010 11:45 AM
၁။ ဆရာ ecee2 ကို ဖြစ်ပြီးတန်းသောက်ရတာလားဆရာ။ ၁၂ နာရီခြား ဆေးနှစ်လုံးစလုံး သောက်ပြီး အဲဒီနေ့တန်းဖြစ်ရင် ထပ်သောက်ရလား။ ဆေးတစ်လုံးသောက်ပြီး နောက်တစ်လုံး မသောက်ခင်ကြားကော ဖြစ်လို့ရလား။

၁။ ဒီဆေးက ကိုယ်ဝန်ဖျက်ဆေး မဟုတ်ပါ။ ကိုယ်ဝန်တားဆေးဖြစ်တယ်။ ကိုယ်ဝန်ဖြစ်ပြီးသားကို မပျက်စေနိုင်ပါ။ ဒီဆေးထဲမှာ Progesterone or Oestrogen ဟော်မုန်းတွေ အများကြီးပါတယ်။ ဥဖြစ်လာမှာကိုတားတယ်၊ ဥနဲ့ သုတ်ပိုး မတွေ့အောင် တားတယ်။ သူတို့နှစ်မျိုးတွေ့ပြီးအုံးတော့ သားအိမ်အတွင်းနံရံမယ် လာတွယ်မှာကို တားတယ်။

၂။ လိင်ဆက်ဆံမှုဖြစ်ပြီး ၃-၅ ရက်အတွင်း ဆေးသောက်တယ်ဆိုရင် ဆက်ဆံတာ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် တားနိုင်တယ်။ ဆေးသောက်ထားတာနဲ့ ၃-၅ ရက်အတွင်း လိင်ဆက်ဆံမှုက အချိန်အရ အကြုံးဝင်နေရင် ကာကွယ်နိုင်မယ်။ ဆိုလိုတာက နောက်ဆုံးအကြိမ် လိင်ဆက်ဆံမှုနဲ့ တွက်ရမှာပါ။

၃။ ဆေး ၂ လုံးစလုံး သောက်ထားမှ သေခြာတယ်။ ပဌမ ၁လုံးနဲ့ ဒုတိယ ၁ လုံးကြား ဆက်ဆံမိတာလဲ အကြုံးဝင်ပါမယ်။

၎။ နောင်မှာလဲ ဆက်ဆံဘို့ရှိနိုင်သူဆိုရင် ဒီဆေးမျိုးသောက်၊ ရာသီလဲလာပြီးရင် တနေ့ ၁ လုံး၊ တလ ၂၁ လုံး သောက်ရမဲ့ဆေး ဆက်သောက်နေရမယ်။ ဒါမှမဟုတ် တခြား နည်းလမ်းတခုခုကို သုံးရမယ်။

၅။ နောင်ကို တိုက်ရိုက် အီးမေးလ် နဲ့ မေးရင် တိုက်ရိုက်ဖြေပါမယ်။

December 21, 2010 1:06 AM
၂။ RU486 (Mifepristone) ကို ဆရာဝန်ညွန်ကြားချက် မရှိဘဲသောက်ရင် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရနိုင်ပါသလဲ။

Medical Abortion (RU486) ဘေးထွက်ဆိုးကျိုးတွေက ဒုတိယ ဆေးကြောင့်ဖြစ်တာ များတယ်။ သွေးအများကြီး ဆင်းမယ်၊ ခေါင်းကိုက်မယ်၊ ပျို့-အန်မယ်၊ ဝမ်းပျက်တတ်တယ်၊ ဗိုက်အတော်နာမယ်။ Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) ထဲမှာ ရေးထားပါတယ်။

July 29, 2011 1:07 PM
၃။ ကျွန်မနဲ့ ကျွန်မချစ်သူ မရည်ရွယ်ပဲနဲ့ ကိုယ်ဝန်ရချင်သလို ဖြစ်နေပါတယ်။ ရာသီမလာတာတော့ ပုံမှန် လာရမယ့်ရက်ထက် ၂ ပတ်ကျော်နေပါပြီ။ မသင်္ကာလို့ ဆီးစစ်ကြည့် လိုက်တော့ ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာပြနေပါတယ်။ ကူညီပါဦးဆရာ။ အလွန်ဆုံးရှိ ၁ လလောက်လို့ပဲ ထင်ပါတယ်။ ဆေးနဲ့ပဲ ဒီကိုယ်ဝန်ကို ဖျက်ချချင်ပါတယ်။ ဆေးနည်း ကောင်းလေးများ ပေးပါဦးဆရာရယ်။

အရင် မေးဘူးတာတွေကို ဖြေသလိုဘဲ။ ကျွန်တော်က မြန်မာပြည်က ဆေးပညာသင်ထားသူမို့ တမင် ကိုယ်ဝန် ပျက်စေတာကို မခိုင်း-မလုပ်ပေးပါ။ ပညာအရသာ ဆေးခန်းက ဆရာမတွေ တတ်သိ နားလည်ကြအောင် ကိုယ်ဝန်ဖျက်တဲ့အကြောင်းတွေ ရေးပါတယ်။

January 15, 2012 10:48 AM
၎။ ကိုယ်ဝန်ပျက်ကျပြီး သွေးဆင်းနည်းနေတာ (ဆိုင်ဒိုတက်) တစ်လုံးသောက်ဖို့လိုလား။ သားအိမ်ထဲမှာ တစ်ခုခုကျန်နေမှာစိုးလို့ပါ ဘယ်လိုနည်းများ သုံးသင့်ပါလဲ။ Cytotec (ဆိုက်တိုတက်) ဆေးဟာ Misoprostol (မီဆိုပရိုစတော) ဖြစ်တယ်။ ဆေးဝါးဗေဒလိုပြောရင် Prostaglandin (ပရိုစတက်ဂလင်ဒင်) ဆေးဖြစ်တယ်။

အကိုက်အခဲပျောက်ဆေးကြောင့် အစာအိမ်လေနာဖြစ်မှာကို ကာကွယ်ဘို့ အရင်သုံးနေခဲ့တယ်။ လူကနေလဲ အလိုလို ထုတ်ပေးနေတယ်။ 100 နဲ့ 200 mcg ဆိုပြီးလာတယ်။ တနေ့ ၄ ကြိမ်ပေးတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မပေးရဘူး။ ကိုယ်ဝန် ပျက်နိုင်တယ်။ ကလေးကိုထိခိုက်နိုင်တယ်။ စောမွေးစေနိုင်တယ်။ သွေးဆင်းများနိုင်တယ်။ ရှားရှားပါးပါး သားအိမ်ကွဲတာလဲ ဖြစ်ဘူးတာရှိတယ်။ ဘေးထွက်-ဆိုးကျိုး = ဗိုက်နာ၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ပျို့-အန်-လေတက်။ တချို့ဆရာဝန်တွေက ကိုယ်ဝန်တားဘို့ရာ IUCD/IUD/ Copper T (ကောပါး-တီ) မထည့်ခင်မှာ သားအိမ်ဝကို ကျယ်စေ-ပြော့စေဘို့အတွက် ဒီဆေးကို သုံးတတ်တယ်။ အထူးသဖြင့် ကလေး မမွေးဘူးသေးတဲ့ အမျိုးသမီးတွေ။

တချို့ဆေးရုံတွေက ကလေးမွေးတဲ့အခါ သားအိမ်အဝ ကျယ်စေဘို့အတွက် သုံးတယ်။ မွေးလမ်းကြောင်းထဲကို ဆေးပြားကို ချေပြီး (သေးအောင်ခွဲပြီး) ထည့်ပေးတယ်။ ပါးစပ်ကလဲ သောက်နိုင်တယ်။ ကိုယ်ဝန်ဖျက်ဘို့အတွက်လဲ သုံးတာရှိတယ်။ ဒါပေမဲ့ ၁၉၉၉ American College of Obstetricians and Gynecologists အမေရိကန် သားဖွါး-မီးယပ် ကောလိပ်က ဆရာဝန်တွေက သားအိမ်ကွဲနိုင်တာကို သတိပေးထားပါတယ်။ FDA က အသိအမှတ် ပြုမထားဘူး။

Sun, Jan 15, 2012 at 4:34 PM
၅။ ကျတော်က (့) မှာနေတာပါ။ ကျနော်က (့) က အလုပ်နဲ့ ပြန်အလား အရင်က ကျနော့် ကောင်မလေး တစ်ယောက်နဲ့ အကာအကွယ် မသုံးပဲ အတူအိပ်ဖြစ်သွားပါတယ်။ အိမ်ထောင်သည်လည်း ဖြစ်ပါတယ်။ အခု သူ့မှာ မမျှော်လင့်ပဲ ကိုယ်ဝန် ရှိနေတယ်လို့ ပြောပါတယ်။ ဆက်ဆံကတည်းကဆိုရင် တစ်လရှိပါပြီ။ ချစ်သူတွေ မဟုတ်သလို၊ နာလည်မှုနဲ့ ဆက်ဆံဖြစ်သွားတော့ မလိုချင်ပဲ ကိုယ်ဝန်ဖြစ်သွားတာပါ။ တာဆေးစားမယ်ဆိုရင် နောက်မကျနိုင်ဘူးလား။ ကိုယ်ဝန်ကို ဖျက်ချမှဖြစ် နိုင်မှာပါ။ ဘာဆေးနဲ့ ဘယ်လိုသုံးရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပေးပါအုံးခင်ဗျ။

ဆရာက ကိုယ်ဝန်ဖျက်မပေးပါ။ ဖျက်ဆေးလဲ မညွှန်ပါ။ ဆေးပညာ သုတအနေနဲ့တော့ ခေါင်းစဉ်စုံအောင်ရေးပါတယ်။ ဆရာ့ (ဆိုက်)တွေထဲမှာ စာရိုက်ပြီး အားလုံးကို ရှာဖတ်နိုင်ပါတယ်။

2011/12/26
၆။ နားနဲ့မနာ ဖဝါးနဲ့နာပါဆရာ။ ကျွန်မ အသက်က (၂၅) နှစ်ရှိပါပြီ။ ၂၂-၁ဝ-၂ဝ၁၁ နေ့က ကျွန်မရဲ့ Menstruation နောက်ဆုံး လာတဲ့နေ့ပါ။ ၂၉-၁ဝ-၂ဝ၁၁ နေ့ကျတော့ အမျိုးသားနဲ့ အတူနေဖြစ်ပါတယ်။ ရက်ရှောင်နည်းအရ နေလိုက်တာပါ။ လွတ်မယ်လည်း ထင်မိတာပါ။ ဒါပေမဲ့ (၁၁) လပိုင်းထဲမှာ Menstruation မလာတော့ဘူး။ အဲဒါနဲ့ ရာသီပေါ်ဆေး Penorit ကို ၂ ရက်ဆက် သောက်ပါတယ်။ အဆင်မပြေပါဘူးရှင်။ နောက်မှ မသင်္ကာတာနဲ့ စစ်ကြည့်တော့ Pregnancy ဖြစ်နေပါတယ်။ အရမ်း ကြောက်သွားပါ တယ်။ ကလေးယူဖို့ ဘာမှအဆင်သင့် မဖြစ်သေးချိန်မို့ပါ။ အဲဒါနဲ့ သူငယ်ချင်းတစ်ဦးရဲ့ အကြံပေးမှုအရ Mifepristone 2.5 mg (6) လုံးကို တစ်နေ့ ၂ ကြိမ် (မနက် ၁/ ည ၁ လုံး) နဲ့ ၃ ရက်သောက်ပြီး ၄ ရက်မြောက်နေ့မှာ Misoprostol 0.5 mg ၃ လုံး သောက်ရမယ် ဆိုလို့ သောက်နေပါတယ်။ Mifepristone ဆေးသောက်တာ ဒီနေ့ ၂၆-၁၂-၂ဝ၁၁ ဆို ၂ ရက် ရှိပါပြီ။ ဆေးကလည်း ဈေးအရမ်းကြီးပါတယ်။ ဝယ်ရတာလည်း ခက်ပါတယ်။ ဝယ်သောက်ပြီး effect မဖြစ်မှာလည်း စိုးပါတယ်။

"Medical abortion ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း" ကို ပို့လိုက်ပါတယ်။ ပို့ပြီးတော့ ဒီစာတပုဒ် ဆက်ရေးပါတယ်။ "Penorit ဆေးဆိုတာဘာလဲ" ကိုလဲ ရေးထားပါတယ်။

15.01.2012
၇။ အခုလိုပြန်ဖြေပေးတာကို ကျေးဇူးအရမ်းတင်ပါတယ်ဆရာ။ ကျွန်မကို တစ်ခုလောက်ထပ် မေးခွင့်ပြုပါဆရာရှင့်။ အရင်ရက်က ပြောခဲ့သလိုပဲ Mifepristrone နဲ့ Misoprostol သုံးပြီးသွားတဲ့အခါမှာ သွေးဆင်းပါတယ်ရှင့်။ ဒါပေမဲ့ သွေးဆင်းပြီးတဲ့အခါ ဆီးစစ်ကိရိယာနဲ့ စစ်ကြည့်လိုက်တော့ Pregnancy ဖြစ်နေတဲ့ Sign ပဲ ပြနေပါတယ်။ အဲဒီနောက် ကျန်နေမှာစိုး တာနဲ့ Misoprostol 800 mcg ကို Vagina ထဲထည့်တော့ လည်းဘာမှဆက် မဆင်းတော့ပါဘူးရှင့်။ ကျွန်မ ဘာဆက်လုပ်သင့်ပါသလဲရှင့်။

ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်တာဟာ ဆီးထဲမှာ အချင်းနဲ့ဆိုင်တဲ့ဟော်မုန်းကို စစ်တာဖြစ်တယ်။ ကိုယ်ဝန်ပျက်သွားပေမဲ့ သွေးထဲမှာ ဒီဟော်မုန်း မကုန်သေးမချင်း ဆီးထဲမှာ ပါနေမယ်။ ဆီးစစ်ရင်တွေ့နေအုံးမှာဘဲ။

ယမုန်နာဆေးခန်း - မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၂)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top