မသန်စွမ်းသူတွေနဲ့ HIV ဝေဒနာရှင်တွေ ပြုလုပ်ဖန်တီးထားတဲ့ လက်မှုအနုပညာ ပစ္စည်းတွေကို သိမ်ဖြူလမ်းက Pomelo လက်မှုပစ္စည်း ဆိုင်မှာ ရောင်းချနေပါတယ်။ ဒီဆိုင်ဟာ ပရဟိတသမားတွေရဲ့ ကူညီမှုနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး ရောင်းရတဲ့ငွေတွေကို မသန်စွမ်းနဲ့ HIV ဝေဒနာရှင်တွေကို ပြန်ပြီး ပံ့ပိုးသွားမှာလို့ ဆိုပါတယ်။
ပြင်ပလောကမှာ အသက်မွေးဝမ်းကျောင်းဖို့ အခက်အခဲရှိနေတဲ့ မသန်စွမ်းနဲ့ HIV ဝေဒနာရှင်တွေ အတွက် ပြည်တွင်းနဲ့ ပြည်ပက ပရဟိတသမားတွေက သူတို့ လက်မှုပစ္စည်းတွေကို ကူညီရောင်းချပေးနေ တာဖြစ်ပါတယ်။ ဒီဆိုင်ကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး ဈေးနှုန်းကတော့ နည်းနည်းကြီး တယ်လို့ ဆိုပါတယ်။
အချင်းချင်း ရိုင်းပင်းကူညီပြီး လှပတဲ့ အရာတွေကိုသာ ဖန်တီးနိုင်မယ်ဆိုရင် အားလုံးအတွက် ကောင်းတဲ့လုပ်ရပ်ပါလို့ သိမ်ဖြူလမ်း အမှတ် ၈၉ ကို ဧပြီ ၂ ရက်နေ့မှာ ဆိုင်ခန်းနေရာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တဲ့ Pomelo ထူထောင်သူက ဆိုပါတယ်။
နိုင်ငံတကာက ပရဟိတအဖွဲ့ ၃၅ ဖွဲ့က ဒီဆိုင်လေးဖြစ်မြောက်အောင် ကူညီပေးနေကြတာပါ။ အခုလို ပွင့်လင်းလာတဲ့ မြန်မာပြည်မှာ နိုင်ငံခြား အဖွဲ့အစည်းတွေက မြန်မာ့ယဉ်ကျေးမှု လက်မှုပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့ ကူညီတာကို အားပေးတယ်လို့ ဦးကိုကိုမောင်က ဆိုပါတယ်။
Pomelo ဆိုင်ကို အရင်က Monsoon စားသောက်ဆိုင် အပေါ်ထပ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုမှ နေရာပြောင်းရွှေ့ ဖွင့်လှစ်တာပါ။ လက်မှုပစ္စည်းတွေက နိုင်ငံခြားသားတွေဆီက အတွေးအမြင်တွေနဲ့ ခေတ်ဆန်ဆန် ပြုလုပ်ထားတာကြောင့် မြန်မာပြည်က မသန်စွမ်းနဲ့ HIV ဝေဒနာရှင်တွေအတွက် ဆက်ပြီး ကူညီသွားမယ်လို့ ပရဟိတသမား တစ်ယောက်က ဆိုပါတယ်။
Kamayut Media - မသန်စွမ်းနဲ့ HIV ဝေဒနာရှင်တွေ ဖန်တီးတဲ့ လက်မှုပစ္စည်းဆိုင်လေး Pomelo




