6
Jun

မသန့်ရှင်းတဲံ ဆေးထိုးအပ်ကြောင့် ခံ့စားနေရသော မြေသြဇာ ခေါင်းဆောင်



ရန်ကုန် အင်းစိန်ထောင်တွင်း၌
စစ်အစိုးရက ဖမ်းဆီးအကျဉ်းချထားသော ဒေါင်းမာန် (ခေါ်) လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာမှ ကဗျာဆရာ ကိုအောင်သန်း သည် အိပ်ခ်ျအိုင်ဗီ ကူးစက်ရောဂါ
ခံစားနေရပြီး ၎င်း၏ လက်ရှိကျန်းမာရေးအခြေအနေမှာ ဆိုးဝါးနေကြောင်း သိရှိရ သည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်
တဦးဖြစ်ပြီး အသက် ၃၆ နှစ်ရှိ ယင်း ကဗျာဆရာ ကိုအောင်သန်း သည် လွန်ခဲ့သည့် ၂ နှစ်
ခန့်တွင် အင်းစိန်ထောင် ဆေးရုံက ၎င်းအား အဓမ္မ ဆေးထိုးပေးခဲ့ပြီး နောက်ပိုင်း
အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက်
နယ်စည်းမခြား သတင်း သမားများ (
RSF) အဖွဲ့နှင့် ပြည်ပအခြေစိုက် မြန်မာသတင်း သမဂ္ဂ(BMA)အဖွဲ့တို့က ကိုအောင်သန်း၏ မိခင်နှင့် မိတ်ဆွေ တချို့ကို
ကိုးကား၍ နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

 

အခုကြားရတဲ့
ဖြစ်ရပ်ဆိုး သတင်းမျိုးဟာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့လုပ်ရပ်
တခုတည်း ကြောင့် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့
ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့ အခြေအနေ ကြောင့်လည်း ဖြစ်ပါတယ်၊ ဒါကြောင့်
အခုထောင်ထဲမှာ ကျန်းမာရေးအခြေအနေဆိုးဝါးစွာခံစားနေရတဲ့ ကိုအောင်သန်း ကို အမြန်ဆုံး
ပြန်လွှတ်ပြီးတော့ ဆေးကုသခံယူခွင့်ပေးဖို့ တောင်းဆိုပါတယ်
ဟု RSF နှင့် BMA အဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင်ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲ
သွားရောက်ကူညီခွင့်ရအောင် နိုင်ငံ တကာ အသိုင်းအ၀န်းက ဖိအားပေးဆောင်ရွက်ဖို့ကိုလည်း
တိုက်တွန်းတောင်းဆိုပါတယ်
ဟုလည်း ၎င်းအဖွဲ့ နှစ်ဖွဲ့ က ထည့်သွင်း ဖော်ပြထားသည်။

 

ယင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့(ICRC)ကို မြန်မာစစ်အစိုးရက ၂၀၀၅ ခုနှစ်မှ စတင်၍
မြန်မာနိုင်ငံအကျဉ်းထောင်များ အတွင်း သို့သွားရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။
ICRC သည် ၁၉၉၉ ခု နှစ်မှစတင်၍ အကျဉ်းထောင်များအတွင်း သို့
သွားရောက်ခဲ့ခြင်းဖြစ်သည်။

 

အန်အယ်လ်ဒီ ပြောခွင့်ရ
ဦးဥာဏ်ဝင်းက
ကျနော်တို့
သိရသလောက် မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာ ရေး စောင့်ရှောက်မှုက
အတ်ာညံ့ဖျင်း ပါတယ်၊ အထူးသဖြင့်
ICRC ထွက်သွားပြီးတဲ့နောက်မှာ ပိုဆိုးလာပါတယ်၊ ဒါကြောင့် ICRC လို့အဖွဲ့ကြီးအနနဲ့ ဒီအကျဉ်းထောင်တွေထဲကို
သွားရောက်ခွင့်ရရင် ကောင်းပါမယ်
ဟု ပြောဆို သည်။

 

အဆိုပါ ကိုအောင်သန်းသည် ၂၀၀၆
ခုနှစ် အောက်တိုဘာလ အတွင်းက အမျိုးသား ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာနှင့်
ပတ်သက်ပြီး အင်းစိန်ထောင်ဆေးရုံတွင် ကုသမှုခံယူရာ ယင်းထောင်ဆေးရုံမှ ၀န်ထမ်းတဦးက
တာဝန်ရှိ ဆရာဝန် ညွှန်ကြားချက်အရ မဟုတ်ဘဲ ဆေးထိုးပေးခဲ့ကြောင်း၊ ထောင်ဆေးရုံတွင်
မသန့်ရှင်းသော ဆေးထိုးအပ်များ အသုံးပြုသည်ကို မကြာခဏ တွေ့ရသောကြောင့်
ကိုအောင်သန်းက ဆေးထိုးခံရမည်ကို ငြင်းဆိုသော်လည်း ဆေးရုံ ၀န်ထမ်းက အဓမ္မ
ဆေးထိုးပေးခဲ့ကြောင်း ကိုအောင်သန်း၏ မိခင် ဒေါ်ခင်စီနှင့် မိတ်ဆွေတဦး က
ပြောပြသည်ဟုလည်း
RSF နှင့် BMA တို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

လ အနည်းငယ်ကြာပြီးနောက်
ကိုအောင်သန်း၏ ကိုယ်ခံအားကျဆင်းလာပြီး မကြာခဏအဖျားတက်၍ အရေပြား များ အမြဲတမ်းကဲ့သို့
အေးနေကာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်လာသောကြောင့် ကိုအောင်သန်းက ၎င်းအား ဆေးစစ်ပေးရန်
တောင်းဆိုခဲ့သော်လည်း ထောင်အာဏာပိုင်များက ငြင်းဆိုခဲ့ကြောင်းသိရသည်။

 

ထိုကဲ့သို့ ဖြစ်ပေါ်နေသော
လက္ခဏာများသည် အေအိုင်ဒီအက်စ် ဝေဒနာရှင် တဦးဖြစ်သည့် ရောဂါလက္ခဏာများ ဖြစ်ကြောင်း
ဆရာဝန်များက မှတ်ချက်ပေးသောကြောင့် ကိုအောင်သန်းမှာ ထောင်တွင်း၌
အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံခဲ့ရသည်မှာ သေချာကြောင်း
RSF နှင့် BMA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ အင်းစိန်ထောင်တွင်း၌
အကျဉ်းသားများ အဓမ္မဆေးထိုးခံရမှု များစွာရှိကြောင်းနှင့်
BMA အဖွဲ့ဝင် တဦး၏ မိတ်ဆွေ တဦးသည်လည်း အဓမ္မဆေးထိုးခံရပြီးနောက်
အေအိုင်ဒီအက်စ် ရောဂါဖြင့် ထောင်တွင်း၌ပင် သေဆုံးခဲ့ ဖူး ကြောင်းလည်း သိရသည်။

 

အဆိုပါ ကိုအောင်သန်းသည် ၂၀၀၄
ခုနှစ် ကုန်ပိုင်းတွင် အောက်မြန်မာပြည်/အထက်မြန်မာပြည် ကို
ဒေါင်းမာန်(ခ)လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ အဖွဲ့ အောက်မြန်မာပြည်တာဝန်ခံ
ကိုကျော်ကျော်နှင့်တွဲပြီး ဖွဲ့စည်းခဲ့ပြီး ၂၀၀၆ ခုနှစ် ဇွန်လအတွင်းက
ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံရေးသားထား သော
ဒေါင်းမာန်အမည်ရှိ ကဗျာစာအုပ်များ ရေးသားထုတ်ဝေမှုဖြင့် အာဏာပိုင်များက
ဖမ်းဆီး၍ ထောင်ဒဏ် ၁၉ နှစ် ချမှတ် ခံထားရသူဖြစ်သည်။ ၎င်းနှင့် အတူ ပဲခူးမြို့ရှိ
ယင်းကဗျာများကို ပုံနှိပ်ပေးသူ ကိုမောင်မောင်ဦး၊ ကိုဇေယျ အောင်(ကျောင်းသား) နှင့်
အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ ကိုစိန်လှိုင်တို့သည်လည်း ထောင်ဒဏ်များ အသီး သီး
ချမှတ်ခံခဲ့ရသူဖြစ်
ပါတယ်။

 



မသန့်ရှင်းတဲံ
ဆေးထိုးအပ်ကြောင့် ခံ့စားနေရသော မြေသြဇာ ခေါင်းဆောင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top