3
Apr

မသန့်ရှင်းသော ဆေးထိုးအပ်များဖြင့် အပ်စိုက်ကုခြင်းကြောင့် HIVရောဂါ ကူးစက်နိုင်



မသန့်ရှင်းသော
ဆေးထိုးအပ်များ၊ ဂွမ်းစများအသုံးပြု၍ ခန္ဓာကိုယ်အား အပ်စိုက်ကုသခြင်းများသည် အသည်းရောင်ရောဂါ
ဘီပိုး၊ စီပိုးတင်မကဘဲ အိတ်ခ်ျအိုင်ဗွီရောဂါကိုပါ ကူးစက်ပြန့်ပွားနိုင်ကြောင်း ဗြိတိသျှဆေးပညာ
ဂျာနယ်ခေါင်းကြီးပိုင်းတွင် သတိပေးရေးသားဖော်ပြထားသည်။

အပ်စိုက်ကုနည်းဖြင့်ကုသခြင်းမှ
ရောဂါပိုးမ၀င်ရောက်နိုင်ရန်အတွက် တစ်ခါသုံးအပ်များကို အသုံးပြုခြင်း၊ အန္တရာယ်ကင်းသော
ဗက်တီးရီးယား ကင်းမဲ့မှုနည်းစနစ်များကို အသုံးပြုသင့်ကြောင်း ဟောင်ကောင်တက္ကသိုလ်မှ အဏုဇီဝပညာရှင်
ပါမောက္ခဒေါက်တာပက်ထရစ်ဝူးက ရေးသားတင်ပြ ထားသည်။ တင်းကျပ်သောစည်းမျဉ်း စည်းကမ်းများလည်း
ချမှတ်ရန်လိုအပ်ကြောင်း ဖော်ပြပါရှိသည်။

အပ်စိုက်ကုသမှုသည်
အနောက်တိုင်း ဆေးပညာလောကတွင် လွန်ခဲ့သောရာစုနှစ်အနည်းငယ်က တွင်ကျယ်စွာ လက်ခံအသုံးပြုလာကြပြီး
ခန္ဓာကိုယ်၏တိကျသော နေရာတစ်ခုသို့ သေးငယ်သော အပ်ကလေးများကို တိတိကျကျစိုက်သွင်းခြင်းသည်
လူ့ခန္ဓာကိုယ်အတွင်း စီးဆင်းနေသောစွမ်း အင်တစ်မျိုးကို အကျိုးဖြစ်ထွန်းမှု ပေးကြောင်းသိရသည်။

သို့သော်မသန့်ရှင်းသောအပ်များ၊
ဂွမ်းစများနှင့် ရေနွေးအုပ်များ အသုံးပြုပါက ခန္ဓာကိုယ် အရေပြားအောက် စင်တီမီတာ အနည်းငယ်အထိ
စိုက်ဝင်သွားသော အပ်ပေါက်နေရာများမှ ရောဂါကူးစက်နိုင်သော ဗက်တီးရီးယားပိုးများ စတင်ပေါက်ဖွားနိုင်ကြောင်း၊
၎င်းမှတစ်ဆင့် ဗက်တီးရီးယားမှို ရောဂါတစ်မျိုး ဖြစ်ပွားလာနိုင်ကြောင်း ဒေါက်တာဝူးနှင့်အဖွဲ့က
သတိပေး ပြောဆိုထားသည်။

ထိုရောဂါလက္ခဏာမျိုး
ယနေ့ကမ္ဘာတွင် လူ ၅၀ခန့်တွေ့ရှိနေရပြီ ဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာလည်း အပ်စိုက်ကုသမှုမပြုမီ
လူနာရှင်အား လိုအပ်သောကာကွယ်ဆေး မသုံးစွဲသောကြောင့်  လူနာ၏အရေပြား သို့မဟုတ် ပတ်ဝန်းကျင်မှတစ်ဆင့် ရောဂါပိုးကူးစက်
ဝင်ရောက်ရခြင်းဖြစ်ပြီး ကူးစက်ခံရသောလူနာအချို့မှာ သက်သာမှု ရှိသော်လည်း လူနာအချို့မှာ
သွက်ချာပါဒရောဂါ၊ အနာပတ်ဝန်းကျင်ရှိ အသားအားလှိုက်စားသွားသော ရောဂါစသည်တို့ ဖြစ်ပွားတတ်ကြောင်း
သိရသည်။

အပ်စိုက်ကုသမှုနှင့်ဆက်စပ်ပြီး
အသည်းရောင်ဘီပိုးရောဂါဖြစ်သူ ငါးဦးအနည်းဆုံးတွေ့ရပြီး အသည်းရောင် စီပိုးရောဂါနှင့်
အိတ်ခ်ျအိုင်ဗွီရောဂါအထိ ဖြစ်ပွားလာနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းမ် -

မသန့်ရှင်းသော
ဆေးထိုးအပ်များဖြင့် အပ်စိုက်ကုခြင်းကြောင့် HIVရောဂါ ကူးစက်နိုင်


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top