6
Nov

မိခင်မှ တဆင့် ကလေးငယ်များသို့ HIV ပိုးကူးစက်မှု ပပျောက်စေရန် အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

HIV ပိုးကူးစက်မှု ပပျောက်စေဖို့ အတွက် ရည်ရွယ် ပြုလုပ်တဲ့ အသိပညာပေး အလုပ်ရုံ ဆွေးနွေးမှု တစ်ခုကို ပါ့ခ်ရိုင်ရယ် ဟိုတယ်မှာ အောက်တိုဘာလ ၃ ရက်နေ့မှ စတင်ကာ ၃ ရက်ကြာ ပြုလုပ်လျက် ရှိရာမှာ မိခင်မှ တဆင့် ကလေးငယ်တွေထံ HIV ပိုးကူးစက်မှု မရှိစေဖို့ အတွက် အသိပညာ ပေးမှုများကို အဓိကထား ဆွေးနွေး လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆွေးနွေး ရာမှာတော့ အသိပညာ ပေးမှုကို မီဒီယာ များကို ဖြန့်ဝေပေး တာဖြစ်ပြီး အဆိုပါ မီဒီယာတွေ ကတဆင့် ပြန်လည်ကာ HIV နဲ့ ပတ်သက်တာ တွေကို အသိပညာပေး တာတွေကို အဓိကထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အဆိုပါ လုပ်ဆောင်ချက် တွေကို ကျန်းမာရေး ဦးစီးဌာန၊ ခုခံကျကာလသား ရောဂါ တိုက်ဖျက်ရေးနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်တဲ့ ယူနီဆက်ဖ် တို့မှ ပူးပေါင်း ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် HIV/AIDS ဖြစ်ပွားမှု နှုန်းထားကို အာရှပစိဖိတ် ၀န်းကျင်မှာ ကောက်ယူ ထားတဲ့ စစ်တမ်းတွေ အရ ၂၀၀၉ ခုနှစ်အထိ ၃ သိန်း ၆ သောင်း ၀န်းကျင်ရှိပြီး နှစ်သောင်းကျော် လောက်ဟာ ကလေးငယ် တွေမှာဖြစ်ပွား ရတာ ဖြစ်ပါတယ်။ အခုလို HIV ပိုးကူးစက်ခံရတဲ့ ကလေးငယ်တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ မိခင်ဝမ်းထဲမှ တစ်ဆင့် ကူးစက်တာ ဖြစ်ပါတယ်။ အဲ့ဒါ ကြောင့်လည်း အလုပ်ရုံ ဆွေးနွေးပွဲမှာ အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4မိခင်မှ တဆင့် ကလေးငယ်များသို့ HIV ပိုးကူးစက်မှု ပပျောက်စေရန် အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top