8
Nov

မိခင်မှ ရင်သွေးသို့ HIVပိုး ကူးစက်ခံရမှု လျှော့ချရေး ရာနှုန်းပြည့် မဆောင်ရွက်နိုင်သေး

မိခင်မှ ကလေးငယ်သို့ HIV ပိုး မကူးစက်အောင် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်း မရှိသေးဟု ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။ ရန်ကုန်မြို့ရှိ ဆေး ရုံလေးခုတွင် စစ်တမ်းများကောက်ယူမှုအရ မိခင်မှရင်သွေးသို့ HIVပိုး ကူးစက် ခံရမှုနှုန်းမှာ ၁၁ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ ကူးစက်မှုရှိနေသေး သည်ကိုတွေ့ရကြောင်း၊ ကူးစက်မှု နှုန်းလျော့ကျစေရန်အတွက် ၂ဝ၁၁ ခုနှစ်မှစတင်၍ မြို့နယ်ပေါင်း ၂ဝဝ ကျော်ရှိ ဆေးရုံ ၃၈ ရုံ၌ အမျိုးသမီး များကိုယ်ဝန်ဆောင်မှု စတင်သည့် အချိန်တွင် သွေးစစ်ဆေးမှု ပြုလုပ် ပေးခြင်းနှင့် HIVပိုးရှိသော ကိုယ်ဝန်ဆောင်များအား ကိုယ်ဝန် ၁၄ ပတ်မှ စတင်၍ ARV ဆေးတိုက်ခြင်းတို့ကို ပြု လုပ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ ၈ဝ ရာခိုင်နှုန်းကိုသာ စစ်ဆေးမှုများ ပြု လုပ်နိုင်ကြောင်း ပြောသည်။

ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက် တာစောလွင်က ” HIVပိုးကူးစက်ခံ ရတဲ့ကလေးငယ်တွေရဲ့ ၉ဝ ရာခိုင် နှုန်းက မိခင်ဝမ်းထဲကနေတစ်ဆင့် ကူးစက်ခံရတာဖြစ်တဲ့အတွက် မီးဖွားစဉ်မှာ မိခင်ကနေ ကလေးငယ်တွေကို ရောဂါပိုးမကူးစက်ရအောင် ဆေးရုံတွေမှာ ကိုယ်ဝန်လာအပ်တာနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေ တာ။ အဓိကကတော့ ရိုးရိုးမွေးတာက ရောဂါကူးစက်ဖို့ ပိုလွယ်တယ်။ ဒါပေမဲ့ ကျေး လက်ဒေသတွေမှာက ကိုယ်ဝန်ဆောင်မိခင်တွေကို HIVပိုးရှိ၊ မရှိ စစ်ဆေးပေးနိုင်မှု ကတော့ နည်းနေသေးတယ်”ဟု ဆိုသည်။

လက်ရှိ၌ ၂ဝဝ၉ ခုနှစ်တွင် UNICEF နှင့် WHO တို့၏ကောက် ယူသော စစ်တမ်းများအရ အာရှနှင့် ပစိဖိတ်ဒေသအတွင်း HIVဖြစ်ပွားမှု နှုန်း ၃၆ဝဝဝဝ ကျော်ရှိပြီး ¤င်းတို့ အနက် ၂ဝဝဝဝ ကျော်မှာ မိခင်မှတစ်ဆင့် ကူးစက်ခံရသော ကလေးငယ်များဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌မူ မိခင်မှကလေးငယ်သို့ HIVကူးစက်ခံရမှုနှုန်းမှာ ယခင်က ၁၃ ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ယခုအခါ ၁၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင် ပြီး ၂ဝ၁၅ ခုနှစ်တွင် ၅ ရာခိုင်နှုန်း အထိ လျှော့ချသွားနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ၄င်းက ထပ်မံပြောသည်။

Popular - မိခင်မှ ရင်သွေးသို့ HIVပိုး ကူးစက်ခံရမှု လျှော့ချရေး ရာနှုန်းပြည့် မဆောင်ရွက်နိုင်သေး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top