1
Jun

မိခင်မှ သန္ဓေသားသို့ HIV ကူးစက်မှု ကာကွယ်ခြင်းအား အရှိန် အဟုန်မြင့် ဆောင်ရွက် လျက်ရှိ

မြန်မာနိုင်ငံမှာ မိခင်မှ သန္ဓေသားသို့ HIV ကူးစက်မှု ကာကွယ်ခြင်းကို အရှိန် အဟုန်မြှင့် ဆောင်ရွက်မှုများ ပြုလုပ် နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့ UNICEF မှ ပူးပေါင်းပြီး ကလေးများနဲ့ မိသားစုများကို HIV ရောဂါနဲ့ ပတ်သက်တဲ့ ကူညီပံ့ပိုးမှု တွေကို ဆောင်ရွက် နေပြီး အဓိက လုပ်ဆောင်မူ ကတော့ မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်ခြင်းကို ကာကွယ်တဲ့ လုပ်ငန်း ဖြစ်တယ်လို့ Traders ဟိုတယ်မှာ မေလ ၃၀ ရက်နေ့က ကျင်းပ ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။

မိခင် အနေဖြင့် သန္ဓေသားက HIV ရောဂါပိုး ကူးစက်မှု ကာကွယ်ရာမှာ ကိုယ်ဝန်ရစဉ် ကတည်းက ကိုယ်ဝန်ကို အပ်ရာမှာ အစိုးရ ဆေးရုံ၊ ကျန်းမာရေး ဆေးပေးခန်း နေ ရာတွေမှာ HIV နဲ့ပတ်သက်ပြီး စစ်ဆေးမှု တွေကို ခံယူမူများ ပြုလုပ်သင့် ပါတယ်။ ဒါ့အပြင် စစ်ဆေးချက် ထွက်ရှိလာလို့ ရောဂါပိုး ရှိနေပါကလည်း ဆေးဝါးများကို သောက်သုံးခြင်းဖြင့် ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေးကို ကာကွယ် နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ စစ်ဆေးမူနဲ့ ဆေးသောက် သုံးခြင်းတွေဖြင်း ၎င်းတို့ အိမ်ထောင်ဖက်များရဲ့ ကျန်းမာရေး ကိုလည်း အကာအကွယ် ပေးရာ ရောက်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဆေးပညာ ဆိုင်ရာ အသိပညာနဲ့ ကာကွယ်မှုတွေ ပြုလုပ်ဖို့ အတွက် လူငယ်များ၊ Media များအနေနဲ့ ပိုမိုပြီး ကျယ်ကျယ်ပြန့် ဆောင်ရွက် သင့်သလို ပြည်တွင်း၊ ပြည်ပ မှာရှိတဲ့ NGO များဆီကပါ အထောက် အပံ့များ ယခုထက် ပိုမို လိုအပ်နေ သေးတယ်လို့ သိရပါတယ်။

MRTV-4 - မိခင်မှ သန္ဓေသားသို့ HIV ကူးစက်မှု ကာကွယ်ခြင်း အား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top