TOT Training on HIV Counseling and Testing မြို့နယ် အတွင်း HIV စစ်ဆေးနိုင်ရေး ဆရာဖြစ် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် ၂၇ လမ်းနှင့် ၂၈ လမ်းကြား လမ်း ၇ဝ ပေါ်ရှိ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာမိုးဆွေက အဖွင့်မိန့်ခွန်း ပြောကြားပြီး ကျန်းမာရေး လမ်းညွှန်ကြားရေး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းမြင့်ညီ၊ ပြည်သူ့ ဓာတ်ခွဲဌာန ဓာတ်ခွဲရေးမှူး ဒေါက်တာ ရီရီ၊ ဗဟို အမျိုးသမီး ဆေးရုံကြီး သားဖွားနှင့် မီးယပ်ပါရဂူ ဒေါက်တာ မြတ်လေးတင့်၊ မန္တလေးတိုင်း ဒေသကြီး ခုခံကျ/ ကာလသား ရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ ကျော်စိုးတို့က မိခင်မှ သန္ဓေသားသို့ HIV ပိုး မကူးစက်နိုင်စေရေး အတွက် ရည်ရွယ်၍ သင်ကြား ပို့ချ သွားခဲ့သည်။
အဆိုပါ သင်တန်းသို့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ၂၈ မြို့နယ်မှ မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှူးများ၊ မြို့နယ် သူနာပြု ဆရာမကြီးများနှင့် ကျန်းမာရေး မှူးများ၊ INGO အဖွဲ့အစည်းများမှ စိတ်ပါ ဝင်စားသော စေတနာ့ ဝန်ထမ်းများ တက်ရောက်သည်။
မြဝတီ - မိခင်မှ သန္ဓေသားသို့ HIV ပိုး မကူးစက်နိုင်ရေး HIV စစ်ဆေးနိုင်ရေး ဆရာဖြစ် သင်တန်း ပို့ချ




