22
Jun

မိခင်နို့သည် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ကာကွယ်နိုင်စွမ်း ရှိကြောင်း တွေ့ရှိ

မိခင်နို့သည် ကလေးများတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုကို ကာကွယ်ပေးနိုင်ကြောင်း ကြွက် များတွင် သုတေသနပြု စမ်းသပ်မှုအပြီး လေ့လာတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အမေရိကန်၊ မြောက်ကာရိုလိုင်း နားတက္ကသိုလ်မှ ဒေါက်တာဗစ်တာ ဂါစီယာက ယင်းသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့ပြီး အွန်လိုင်းဂျာနယ်တစ်ခုဖြစ်သော Public Library of Science Pathogens တွင် ဖော်ပြ ခဲ့ကြောင်း သိရသည်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသော ကြွက်များတွင် စမ်းသပ်မှုအရ ကြွက်အချို့မှာ အိတ်ခ်ျ အိုင်ဗွီပိုးကို မိခင်နို့တိုက်ကျွေးမှုမှ တစ်ဆင့်ရလာ ခဲ့ခြင်းဖြစ်သော်လည်း မိခင်နို့ထဲတွင်ပင် ဗိုင်းရပ်စ် ကို ပြင်းပြင်းထန်ထန် ခုခံနိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ နို့တိုက်ကျွေးမှုမှတစ်ဆင့် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသော ကြွက်အများစုမှာ ကာလရှည်ကြာ ထပ်ခါတလဲလဲ ကူးစက်မှုကြုံခဲ့ရသော်လည်း အိတ်ခ်ျအိုင်ဗွီဖြင့် သေဆုံးခြင်း မရှိခဲ့ကြောင်း တွေ့ရှိခဲ့ ရခြင်း ဖြစ်သည်။

မိခင်နို့၏ အစွမ်းကို သိရှိထားသော်လည်း မွေးကင်းစနှင့် ကလေးငယ်များထံ အိတ်ခ်ျအိုင်ဗွီပိုး မည်သို့ ကူးစက်နိုင်ကြောင်း နားလည် သဘောပေါက်ထားပါက အေ့ဒ်စ်ရောဂါပျံ့နှံ့မှုကို ကာကွယ်နိုင် မည်ဖြစ်ကြောင်း ဂါစီယာက ပြောကြားခဲ့သည်။ မိခင်နို့ တိုက်ကျွေးမှုမှတစ်ဆင့် ကလေးထံ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုမှာ မဖြစ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Eleven - မိခင်နို့သည် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top