26
Apr

မိတ္ထီလာမှ အနှိပ်ခန်းနှင့် ဇိမ်ခံခန်းများ



စစ်အုပ်ချုပ်ရေးရဲ့ လက်အောက်မှာ ပြည်သူတွေ အထွေထွေ
အကြပ်အတည်းတွေ ရင်ဆိုင်ကြုံတွေ့နေရပြီး ခက်ခဲတဲ့ စားဝတ်နေရေးအတွက်
အမျိုးသမီးငယ်လေးတွေ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ကိုင်ရှာဖွေ စားသောက်နေကြရပါတယ်။

 

ဒီအတွင်းမှာ အနှိပ်ခန်းလို့ခေါ်တဲ့ မာဆတ်တွေမှာ ခန္ဓာကိုယ်ကို
အရင်းအနှီးလုပ်ပြီး လုပ်ကိုင်စားသောက် လာကြတာတွေ တနေ့တခြား များပြားလာတယ်လို့
ဆိုကြပါတယ်။

 

အရင်က ရန်ကုန်၊ မန္တလေးမြို့ကြီး တွေမှသာ
မာဆတ်လို့ခေါ်တဲ့ အနှိပ်ခန်းတွေ များများစားစား ရှိတာပါ။

 

အခုဆိုရင် မြန်မာပြည် အလယ်ပိုင်းမှာရှိတဲ့ မိတ္ထီလာမြို့မှာပါ
အများအပြား ရှိလာပြီလို့ မြို့ခံတစ်ဦးကပြောပါတယ်။“ဒီအပြင်မြို့မှာတောင် ဒီမြို့လောက်မရှိဘူး။
အခုဒီမှာက မာဆတ်ထောင်ထားတဲ့ သူရဲ့ တစ်ရက်မြတ်ငွေက ၅သိန်းအထက်မှာရှိတယ်။
ဒါဟိုကလေးမတွေအတွက် မပါဘူး မာဆတ်ဆိုတာ ရှေ့ကအရောင်ပြဘဲ။”

 

“တစ်နာရီ ၃၀၀၀နှိပ်မယ် ၇၀၀၀နှိပ်မယ်။
နောက်ကြေးတည့်ရင် နောက်ခန်းထဲခေါ်သွား တစ်သောင်း၊နှစ်သာင်း၊ သုံးသောင်းပေါ့။
ဖမ်းလို့လဲ မရဘူး။ ဖမ်းတယ်ပြောလဲ ဒီအထဲမှာ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေ
လိုက်ကြေးနဲ့ပေးထားတဲ့ သူတွေဆိုတော့ မိတ္ထီလာက အဆိုးဆုံးဘဲ အထက်မြန်မာပြည်မှာ
အဆိုးဆုံးဘဲ”

 

အနှိပ်ခန်းလို့ အမည်ပေးထားပေမဲ့ ပြည့်တန်ဆာ
လုပ်ငန်းတွေကို အဓိကလုပ်ဆောင်နေကြောင်းနဲ့ ဒီလို အနှိပ်ခန်းမျိုးဟာ ပြည်သာယာ
ရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက်တွေမှာ အများဆုံးဖြစ်ပြီး တစ်မြို့လုံးမှာဆို
၁၅ခုလောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

 

အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်နေကြတဲံ
အမျိုးသမီးငယ်လေးတွေနဲ့ ပတ်သက်လို့ အဲဒီလူက ပြောသွားပါတယ်။“အနှိပ်ခန်းလို့သာ
အမည်တပ်ထားတာ သာမန်လာအနှိပ်ခံတဲ့ လူမှမရှိဘဲနဲ့၊ အရွယ်လေးတွေကလဲ ၁၃နှစ်ကနေ
၃၀အတွင်းတွေ။အဲဒီထက်ကြီးတာ ကျတော် မမြင်ဘူးဖူး။”

 

“ဒီလုပ်ငန်းတွေက သာမန်ရုပ်ရည်နဲ့ မရဘူးဗျ။
တချို့ဆိုလို့ရှိရင် ဟောင်ကောင် လူမျိုးတွေ အသားအရည်နဲ့ ပုံစံမျိုးတွေ အများကြီး။
အသက်ငယ်ငယ် လေးတွေပေါ့ဗျာ။”

 

မိသားစု စားဝတ်နေရေး အဆင်မပြေမှုကြောင့်
လုပ်နေကြတဲ့ ဒီအမျိုးသမီးငယ်တွေကို ကျန်းမာရေး ပညာပေးမှု၊ ပြည့်ပြည့် မရှိတဲ့အတွက်
ဒီအနှိပ်ခန်းတွေဟာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြန့်ဖြူးရာ ဗဟိုချက်မတွေ
ဖြစ်လာသလို မြို့နေလူငယ်ထုကြားမှာ ဒီရောဂါနဲ့ သေဆုံးမှုနှုန်း တိုးပွားလာတယ်လို့
မြို့ခံတွေက ပြောပါတယ်။

 

ဒီကိစ္စကို မြို့နေလူထုက တိုင်ကြားခဲ့ဖူးပေမဲ့
အနှိပ်ခန်း ပိုင်ရှင်တွေက ဒေသအာဏာပိုင်တွေကို လာဘ်ထိုးထားတဲ့အတွက် စီမံချက်ရှိတဲ့
အချိန်တွေမှာသာ ခဏသာငြိမ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်လာတယ်လို့ မြို့ခံတွေက
ပြောဆိုနေကြပါတယ်။



မိတ္ထီလာတွင် အနှိပ်ခန်းဗန်းပြသည့်
ဇိမ်ခန်းများလာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top