သမီးက အပျိုစင်ပါ။ အသက် ၂၃ ပါ။ မိန်မကိုယ် ယားတာလေးကို တိကျအောင် ဖြေကြားပေးစေချင်ပါတယ်။ မိန်မကိုယ်တဝိုက် ယားပါတယ်။ ဆီချိုမျိုးရိုးလဲ ရှိပါတယ်။ ဆီချိုနဲ့ဆိုင်လား။ သန့်အောင်လဲ ဂရုစိုက်တယ်။ အထူးသဖြင့် ရာသီခွင်တဝိုက်နဲ့ အချိုစားရင် ဖြစ်သလိုမျိုး ခံစားရတယ်။ အပျိုဖော်ဝင်စလောက်က စဖြစ်တယ်ထင်တာပဲ။
ဒီမေးခွန်းကို အချိန်သိပ်မရခဲ့လို့ ခပ်တိုတို ဒီလိုဖြေခဲ့ပါတယ်။ အခု စာတပုဒ်ဖြစ်အောင် ရေးပါရစေ။
“ဆီးချိုစစ်ပါ။ ဆီးချိုကြောင့် မဟုတ်ရင် ပိုးဝင်တာကို သတိထားရ-ကုသရမယ်။ အများဆုံး Metronodazole တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ မရသေးရင် Mycostatin or Vlotrimazole vaginal tiblets တခုခုကို တညတခါ ဗဂျိုင်းနားမှာ ထည့်ပါ။ ၆ ရက်။ မေးတဲ့သူက အပျိုစင်ဖြစ်ပေမဲ့ အချက်အလက် စုံအောင် ရေးပါရစေ။ လိင်စိတ် ဖြစ်ပေးရင်လဲ ယားနိုင်ပါတယ်။
(တယောက်ကမေးလို့ ဖြေရဘူးပါတယ်။) တကိုယ်ရေ သန့်ရှင်းရေး လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့ ပိုးတွေရှိနေတာကောင်းတယ်။ သန့်ရှင်းအောင် ဆေးတွေနဲ့လုပ်ရင် အကောင်းတွေရော သေစေပြီး မှိုပိုးဝင်လာစေတတ်တယ်။ ရိုးရိုးဆပ်ပြာနဲ့ ရေသန့်ဆိုရင် လုံလောက်ပါတယ်။ မွှေးတိုင်း မကောင်းပါ။ ဈေးကြီးတိုင်း မကောင်းပါ။ အတွင်းခံ (ကော်တွန်) သာသုံပါ။ ဖုံးကွယ်ထားအပ်တဲ့ အတွင်းနေရာတွေ ပူနွေး စိုထိုင်းနေတာ ကြာရင် မကောင်းပါ။ ရေဆေးပြီး ရေကိုခြောက်သွေ့စေပါ။ လေသလပ်တာ ဖြစ်နိုင်သလောက် လုပ်ပေးပါ။”
Vagilan itchess ကို ဘာသာပြန်ရင် (ဗဂျိုင်းနား) ယားခြင်း ဖြစ်တယ်။ မြန်မာလိုသက်သက်ဆိုရင် မွေးလမ်းကြောင်းယားတာ ဖြစ်ပေမဲ့ မေးတဲ့သူလို အပျိုစင်တွေအတွက် အားနာရတယ်။ တကယ်တော့ "မိန်းမကိုယ်" ဆိုတာကို Vulva ကိုပြောတာ ဖြစ်ပါတယ်။
မိန်းမကိုယ် ယားယံတဲ့ရောဂါကို Pruritus vulvae လို့ ခေါ်ပါတယ်။ အဖြစ် မနည်းပါ။ တချို့မှာ တခါတလေသာ ဖြစ်ပြီး တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိဖြစ် မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။
အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ Moisture အစိုဓါတ်ဆိုတာ Urine ဆီးစိုနေတာ၊ Stool ဝမ်းသွားတာ နဲနဲပေကျန်တာ၊ Perspiration ချွေးထွက်များတာ။ Dietary irritants အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ Caffeine ကေဖင်း၊ Tomatoes ခရမ်းချဉ်သီး နဲ့ Peanuts မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။
• Vaginal discharge ဗဂျိုင်းနားကနေ တခုခုဆင်းနေတာ၊ Vaginal infections (ဗဂျိုင်းနား) ပိုးဝင်တာ၊ Vulvitis မိန်းမကိုယ်ရောင်တာ၊ HPV ဗိုင်းရပ်စ် ဝင်တာ၊ ဒီပိုးက လိင်လမ်း-ကြွက်နို့၊ သားအိမ်-ကင်ဆာ တွေနဲ့ ပတ်သက်တယ်။
• Anal incontinence ဝမ်းမလုံတဲ့ရောဂါ၊ Bowen's disease (ဘိုဝင်) ရောဂါ၊
• Antibiotics ပိုးသေဆေးသောက်နေရရင်လဲ မွေးလမ်းမှာ Yeast မှိုပိုး ဝင်လာစေနိုင်တယ်။
• Diabetes ဆီးချို နဲ့ HIV ရှိနေသူတွေမှာလဲ မှိုပိုးဝင်လွယ်စေတယ်။ ဆီးချိုကိုယ်၌ကနေလဲ ယားတတ်တယ်။
• Thrush မှို၊ Threadworms သန်ကောင်၊ Scabies ဝဲ နဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်တယ်။
• Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အရေပြားနာ အမျိုးမျိုးကနေ ဖြစ်နိုင်တယ်။ ကြည့်ရင် သိသာပါတယ်။ တော်တော်နဲ့ မပျောက်နိုင်ဘဲ၊ ဖြစ်တဲ့နေရာမှာ သိသာတဲ့ အရောင်၊ အထူအပါး မတူတာ၊ အနာလိုဖြစ်တာတွေ ရှိနေမယ်။
• Soaps ဆပ်ပြာ၊ Perfumes ရေမွှေး၊ Deodorants ချွေးနံ့ပျောက်ဆေး၊ Condoms (ကွန်ဒွမ်)၊ Textile dyes အဝတ်အထည်ဆိုးဆေး၊ Detergents ဆပ်ပြာမှုံ့၊ Fabric conditioners အဝတ်အထည် (ကွန်ဒီရှင်နာ)၊ Sanitary wear စတဲ့ သန့်ရှင်းရေးနဲ့ အလှအပ အမွှေးအကြိုင်တွေနဲ့ ကိုယ်နဲ့ မတည့်သူတွေမှာလဲ ယားနိုင်တယ်။
• Menopause သွေးဆုံးသူတွေမှာလဲ အဖြစ်မနည်းကြပါ။
• Pregnancy ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်ချိန်တွေမှာလဲ တချို့ မိန်းမကိုယ် ယားတယ်။
• Cancer of the vulval skin ကင်ဆာကိုလဲ စာရင်းထဲထည့်ရတယ်။ အဖြစ်အလွန်နည်းပါတယ်။
ဘယ်လို ဆင်ခြင် ကုသမလဲ။ လိုအပ်ရင် -
- Antibiotics ပိုးဝင်တာတွေ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိရင် ပဋိဇီဝဆေးပေးမယ်။
- Antifungal drugs မှိုပိုးဆိုရင် ပေးမယ်။
- Antihistamine = Benzodiazepines (အင်တီ-ဟစ်တမင်း) ဆေး ညအချိန်သောက်နိုင်တယ်။
- Hormones ointments သွေးဆုံးလူတွေအတွက် ပေးမယ်။
- Steroid creams or lotions ရောင်ရမ်းတာ သက်သာအောင်ပေးမယ်။ (စတီရွိုက်) လိမ်းဆေး သတိထားသုံးပါ။ တချို့အခြေအနေတွေကို ပိုဆိုးစေနိုင်တယ်။
• Moisturisers (Emollients) ဆေးကို Cream ခရင် Ointment လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။
• ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။
• (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။
• အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။
• နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။
• ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။
• ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။
• ရေမခြောက်သေးခင်း အတွင်းခံ မဝတ်ပါနဲ့။
• ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။
• Soaps ဆပ်ပြာ၊ Perfumes ရေမွှေး၊ Deodorants ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
• Condoms (ကွန်ဒွမ်) မှာ Spermicide သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။
• ဆီးစပ်မွှေး မရိတ်ပါနဲ့။
• Stress စိတ်ဖိအား များနေရင် လျှော့ချပါ။
• သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုတ်ရှားပါ။
• Yogurt (ရောဂတ်) ဒိန်ချဉ် စားပါ။
• ကိုယ်အလေးချိန် များနေရင် ပိန်အောင်လုပ်ပါ။
ဒေါက်တာတင့်ဆွေ - ၂၃-၄-၂ဝ၁၂
ဒေါက်တာတင့်ဆွေ - မိန်းမကိုယ် ယားယံခြင်း




