HIV
ရှိသည့် နယူးဇီလန်နိုင်ငံသားတစ်ဦးသည် မိမိ၏ဇနီး အိပ်ပျော်နေစဉ် သူ၏သွေးများကို ဆေးထိုးအပ်ဖြင့်
ထိုးသွင်းကာ HIV ကူးစက်စေခဲ့သည်။ တရားရုံး၏ သက်သေများအရ သူသည် နှစ်ကြိမ်တိတိ သွေးကိုထိုးသွင်းခဲ့ကြောင်း၊
တစ်ကြိမ်တွင် သွေးအပြည့် ပါသော ဆေးထိုးအပ်ကိုင်ထားသည်ကို သူမတွေ့ရှိခဲ့ကြောင်း ခိုင်လုံစွာ
တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
အသက်
၃၅ နှစ်အရွယ်ရှိ သူမ၏ ခင်ပွန်းဖြစ်သူ တရားခံအား ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း
သိရှိရသည်။ တရားခံ မိသားစုသည် ၂၀၀၄ ခုနှစ်တွင် နယူးဇီလန်သို့ ပြောင်းရွှေ့စဉ် ကျန်းမာရေး
စစ်ဆေးချက်များအရ ယောကျာ်းတွင် HIV ရှိသော်လည်း မိန်းမနှင့် ကလေးများတွင် မရှိခဲ့ပေ။
ကလေးများ၏
နောင်ရေးအတွက် ကွာရှင်းမှုမပြုလုပ်ခဲ့သော်လည်း HIV မကူးစက်စေရန် နေထိုင်ခဲ့သည်။ ၂၀၀၈
ခုနှစ် မေလတွင် သူမ သည် သူမ၏ ခြေထောက်တွင် အနီစက်များ တွေ့ရှိခဲ့ပြီး နောက်နှစ်ရက်အကြာတွင်
ခြေထောက်မှ အပ်စူးသလို နာကျင်မှုခံစားရသဖြင့် အိပ်ယာမှ နိုးခဲ့သည်။ ပုံမှန် ၄ လတစ်ခါ
ဆေးစစ်ချက်အရ သူမတွင် HIV ရှိနေကြောင်း တွေ့ရှိခဲ့သဖြင့် တရားရုံးမှ အမှုအား စစ်ဆေးခဲ့
သည်။ ခင်ပွန်းဖြစ်သူသည် အတူတကွ နေထိုင်နိုင်ရန်နှင့် ခွဲခွာသွားမည်ကို စိုးရိမ်သောကြောင့်
ထိုသို့ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့သည်။
Myanmar Muslim
Information Centre - ရက်စက်သည့် အမျိုးသား မိမိဇနီးသည်ကို HIV ရောဂါပိုး ကူးစက်စေရန်
ကြိုးပမ်းခဲ့သည့် အတွက် ထောင် ၁၄ နှစ်ကျ




