မိုဇမ်ဘမ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Tet ပြည်နယ်မှာ AIDS ရောဂါခံစားနေရတဲ့ လူဦးရေဟာ ခြောက်သောင်းခန့် ရှိတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အဆိုပါ AIDS ရောဂါ ခံစားနေရသူတွေ ထဲက အများစုဟာ အသက် ၁၅နှစ်မှ ၄၅နှစ်ကြား လူရွယ်၊ လူလတ်ပိုင်းတွေဖြစ်ပြီး အဲ့ဒီရောဂါကို ကုသခြင်းထက် ကြိုတင်ကာကွယ်ဖို့ အဓိကထား ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေး ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားခဲ့ပါတယ်။
မိုဇမ်ဘစ်နိုင်ငံရဲ့ မြို့တော် Maputo နဲ့ Sofala ပြည်နယ်တွေမှာ AIDS ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်ပြီး၊ ၁၉၈၆ခုနှစ်ကစပြီး စစ်တမ်း ကောက်ယူမှုတွေအရ နိုင်ငံတွင်းမှာ AIDS ရောဂါကြောင့် လူတစ်သန်းထက် မနည်း သေဆုံးခဲ့ပြီ ဖြစ်ပါ တယ်။ မိုဇမ်ဘစ် အစိုးရအနေနဲ့ AIDS ပညာပေးဇာတ်လမ်းတွေ၊ သီချင်းတွေကို ထုတ်လွှင့်ပြီး ပြည်သူတွေကို အသိပညာပေးလျက် ရှိတယ်လို့လည်း သိရှိရပါတယ်။




