2
Sep
မီဒီယာသမားများအတွက် HIV/AIDS အသိပညာပေးသင်တန်း AFXB ပို့ ချပေး
The Voice Journal – Vol.3/No.47 (03/9/2007)
Mass Peafowl News
ဆွတ်ဇလန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ
အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ အစည်း (INGO) ဖြစ်သည့် AFXB အနေဖြင့် ပုဂ္ဂလိကသတင်း
မီဒီယာများမှ သတင်းထောက်များနှင့် အယ်ဒီတာများအတွက် HIV/AIDS ရောဂါ အသိပညာပေး
သင်တန်းပို့ ချ ဖွင့်လှစ်ပေးရန်ရှိကြောင်း အဆိုပါ အဖွဲ့ ၏ ဌာနေ ကိုယ်စားလှယ်
ဒေါ်ကေသီရှိန်ကပြောကြားသည်။
သြဂုတ်လ ၁၃ ရက်နေ့ က ရန်ကုန်မြို့ တော် ပြည်လမ်းရှိ
မသိပညာပေး သင်တန်း ဆရာဖြစ် သင်တန်းဖွင့်ပွဲတွင် ယင်းက အထက်ပါအတိုင်း
ပြောကြားသွားခြင်းဖြစ်သည်။
ယင်းသို့ မီးဒီယာသမားများအတွက် HIV/AIDS
ရောဂါအသိပညာပေးသင်တန်း ဖွင့်လှစ်ခြင်းအားဖြင့် မီဒီယာများ အနေဖြင့် HIV/AIDS ရောဂါနှင့်
ပတ်သက်၍ မှားယွင်းဖေါ်ပြမှုကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊ လတ်တလော3D Fund အဖွဲ
့နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် AFXB က HIV/AIDS အသိပညာပေး သင်တန်းများ
ဆက်တိုက်ပို့ ချပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
The Voice Journal – Vol.3/No.47 (03/9/2007)
Leave a Reply
Your email address will not be published. Required fields are marked *
Captcha *
Follow me on:
Back to Top