22
May

မုန်တိုင်းဒဏ်သင့် ဒေသများရှိ HIV/AIDS ဝေဒနာရှင်များ ARV ဆေးဝါးများ မပြတ်ရရှိရန် UNIDAS က ဆောင်ရွက်

Bi Weekly Eleven 23/May/2008<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />

 

မုန်တိုင်းဒဏ်သင့်ဒေသများရှိ HIV/AIDS ဝေဒနာရှင်များအနေဖြင့် ရရှိနေသည့် ARV ဆေးဝါးများမပြတ်ရရှိရန် UNAIDS မြန်မာရုံးခွဲကအဆိုပါ မုန်တိုင်းဒဏ်သင့် ဒေသများရှိ သက်ဆိုင်ရာတာဝန်ရှိသူများ၊အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု UNAIDS မြန်မာရုံးခွဲ မှ ဒေါက်တာမျိုးလွင်၏ ပြောကြားချက်အရသိရှိရသည်။

 

“မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်တွေပျက်စီးဆုံးရှုံး သွားခဲ့တဲ့ဝေဒနာရှင်တွေကိုလည်း ဒုက္ခသည်စခန်းတွေဆီမှာ ရောဂါသည်ဆိုပြီး ထောက်ပံ့အကူအညီတွေ ဝေပေးရာမှာ ခွဲခြားဆက်ဆံမခံရဖို့ ဆောင်ရွက်နေပါတယ်” မြန်မာနိုင်ငံတွင် ARV ဆေးဝါးများလိုအပ်သည့် ဝေဒနာရှင်ပေါင်း၆၆၀၀၀ခန့်ရှိသည်ဟု Fund For HIV/AIDS In Myanmar နှစ်ပတ်လည်အစီရင်ခံစာအရသိရှိရသည်။ မြန်မာနိုင်ငံတွင် ARV ဆေးဝါးအများစုကို နယ်စည်းမထားဆရာဝန်များ အဖွဲ့ဟော်လန်(AZG)ကတိုက်ကျွေးလျက်ရှိသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့်ပူးပေါင်း၍ ၂၀၀၇ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သောHIV/AIDS Projection and Demographic Impact Analysis Workshop တွင်တွေ့ရှိချက် များအရ HIV ဖြစ်ပွားမှုနှုန်းမှာ ၂၀၀၀ပြည့်နှစ်တွင်ဝဒသမ၉၅ရာခိုင်နှုန်းမှ၂၀၀၇ခုနှစ်တွင်ဝဒသမ၆၇ရာခိုင်နှုန်းသို့ကျဆင်းခဲ့ကြောင်း သိရှိရသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် ကလေး၊ လူကြီးအပါအဝင်  HIV ပိုးကူးစက်ခံစားရနိုင်သူနှင့် AIDSဝေဒနာရှင်ခံစားနေရသူ စုစုပေါင်း ၂၄၀၀၀၀ဦးရှိသည်ဟုသိရကြောင်း ၂၀၀၈ခုနှစ် မေလ၂၃ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top