3
Sep

မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနဲ့ HIV ကာကွယ်ရေးကို လက်ထိုး ရုပ်သေးများနဲ့ ပညာပေး

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (MANA) ဗဟိုမှ ဖွဲ့စည်း ထားတဲ့ စပယ်ဖြူ လူငယ် အဖွဲ့မှ စီစဉ်မှုနဲ့ ကလေးငယ်တွေ အတွက် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနဲ့ HIV ကာကွယ်ရေး အသိပညာပေးမှု လက်ထိုးရုပ်သေး ပညာပေး ပြပွဲကို စက်တင်ဘာလ (၂)ရက်နေ့က တာမွေ မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

မူးယစ်ဆေးဝါးနဲ့ HIV ရောဂါပိုး အန္တရာယ်ဟာ  ယခုခေတ်မှာ လူငယ်တွေ အနေနဲ့လည်း ငယ်စဉ် ကတည်းက သိရှိထား သင့်တဲ့ အရာတွေ ဖြစ်ပြီး ကလေးငယ်တွေ အတွက် အသိပညာ ပေးမှုကို ဖျော်ဖြေမှုနဲ့ တွဲဖက်ကာ ပြုလုပ်ပေးခြင်း ဖြစ်တယ်လို့ စံပယ်ဖြူ လူငယ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ဆိုပါတယ်။ အဲ့ဒီလို လက်ထိုးရုပ်သေး အသိပညာပေး အစီအစဉ်မှာတော့ ကလေးငယ်တွေ အတွက် မူးယစ်ဆေးဝါးနဲ့ HIV ကာကွယ်ရေး အတွက် စိတ်ဓာတ် တက်ကြွစေမယ့် တေးသီချင်း များကို သီဆို ဖျော်ဖြေ ပညာပေးမှုများ ပြုလုပ်သလို ကျန်းမာရေး အတွက် သန့်ရှင်းရေး၊ ဆေးလိပ် ဆန့်ကျင်ရေးနဲ့ သိဖို့လိုတဲ့ HIV/AIDS အန္တရာယ်စတဲ့ ခေါင်းစဉ် ဇာတ်ထုတ် တွေကို လက်ထိုးရုပ်သေး အနုပညာနဲ့ တွဲဖက်ကာ အသိပညာ ပေးခဲ့တာ ဖြစ်ပါတယ်။

စံပယ်ဖြူ လူငယ် အဖွဲ့ အနေနဲ့ ယခုလို လက်ထိုး ရုပ်သေး အသိပညာ ပေးမှုတွေကို ပြီးခဲ့တဲ့ သြဂုတ်လမှ စတင်ကာ တာမွေမြို့နယ် အတွင်း ကျောင်းပေါင်း (၃၀)ကျော်မှာ ပညာပေး အစီအစဉ်များ ပြုလုပ်ခဲ့ပြီး (၂၀၁၁)ခုနှစ် ဇန်န၀ါရီလမှ ဇွန်လ အတွင်းမှာလည်း လက်ထိုးရုပ်သေး ပွဲပေါင်း (၂၀)ကျော်ကို စာသင်ကျောင်း တွေနဲ့ အစိုးရ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေ အပါအ၀င် နေရာအချို့မှာ ပြသခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို ယခုလို လက်ထိုးရုပ် အသိပညာ ပေးမှု အစီအစဉ် တွေကို ပြသလိုပါက စံပယ်ဖြူ လူငယ်အဖွဲ့နဲ့ MANA ဗဟို၊ ဖုန်းနံပါတ် (၅၀၂၈၉၃) သို့ ဆက်သွယ် နိုင်ကြောင်း သတင်း ရရှိပါတယ်။

MRTV-4 - မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနဲ့ HIV ကာကွယ်ရေးကို လက်ထိုး ရုပ်သေးများနဲ့ ပညာပေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top