3
Dec

မူးယစ်ဆေး သုံးစွဲမှုကြောင့် ဖြစ်သည့် HIV ဖြစ်ပွားနှုန်းကျဆင်းလာ

သွေးကြောအတွင်း မူးယစ်ဆေး ထိုးသွင်းမှုကြောင့် ဖြစ်ပွားတဲ့ HIV ဗိုင်းရက်စ် ကူးစက်မှုနှုန်းဟာ လျော့ကျလာတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းတာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၁ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်မှုရောဂါ တိုက်ဖျက်ရေး ဟောပြောပွဲမှာ ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ဘိန်းဖြူတွေကို အကြောတွင်း ထိုးသွင်းမှုပုံစံအစား အခြား စိတ်ကြွဆေးလိုမျိုး မူးယစ်ဆေး အမျိုးအစားတွေကို ပြောင်းလဲသုံးစွဲလာတဲ့ အတွက် မူးယစ်ဆေး ကြောင့် ဖြစ်ပွားတဲ့ HIV ကူးစက်နှုန်း ကျဆင်းသွားခြင်းဖြစ်ပါတယ်။

ဒါ့အပြင် အကြောထဲကို ထိုးသွင်းသုံးစွဲတဲ့ ပတ်ဝန်းကျင်တွေမှာလည်း မူးယစ်ဆေးဝါးနဲ့ HIV တိုက်ဖျက်ရေးကို လှုပ်ရှားနေတဲ့နိုင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ တစ်ခါသုံး ဆေးထိုးအပ်တွေ ဝေငှထားမှုကလည်း မူးယစ်ဆေးကြောင့်ဖြစ်ပွားတဲ့ HIV ကူးစက်နှုန်း ကျဆင်းစေတဲ့ အချက် စတဲ့ အချက်တွေထဲမှာ တစ်ခုအဖြစ် ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း HIV ပိုးအသစ်ထပ်မံ ကူးစက်ခံရသူ နေ့စဉ် ၁၈ ဦးနီးပါးအထိ ရှိနေပြီး တစ်နိုင်ငံလုံးမှာ အသစ်ထပ်မံကူးစက်ခံရသူ ၆၅၇၀ ခန့်ရှိတယ်လို့ အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် NAP ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ပုဂ္ဂလိက သတင်းစာ တစ်စောင်က ရေးသားဖော်ပြထားပါတယ်။

MRTV-4 - မူးယစ်ဆေး သုံးစွဲမှုကြောင့် ဖြစ်သည့် HIV ဖြစ်ပွားနှုန်းကျဆင်းလာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top