မူးယစ်ဆေးဝါးသုံးစွဲသည့်
ပြဿနာမ ကြီးထွားစေရန် ဟောပြောလှုံ့ဆော်မှုများ ပြုလုပ်ရာတွင် အမျိုးသမီးများမှာ အရှက်တရားကြောင့်
ပါဝင်မှုအားနည်းခဲ့ပြီး နောက်ပိုင်းတွင် လွဲမှားသည့် လမ်းကြောင်းသို့ ရောက်ရှိသွားကြ
ကြောင်း မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မူးယစ်ဆေးစွဲခဲ့ဖူးတဲ့
လူငယ်တွေကို ပညာပေး ကာကွယ်မှုတွေ လုပ်ဆောင် နေပါတယ်။
အမျိုးသမီးတွေက ရှက်ကြတယ်။ နောက်ပိုင်း
လမ်းလွဲပြီး လိင်ပိုင်းဆိုင်ရာ တွေနဲ့ ဆက်နွှယ်တဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားကြတယ်။
HIV/AIDS ရှိတဲ့ ဆိုးရွားတဲ့ အခြေအနေကို ရောက်နိုင်ပါတယ် ဟု (---) ကဆိုသည်။ မြန်မာနိုင်ငံ
အပါအဝင် ကမ္ဘာ တစ်ဝန်း၌ မူးယစ်ဆေးဝါး သုံးစွဲကြသည်မှာ အသက် ၁၄ နှစ်ဝန်းကျင် မှ ၃ဝ ပိုင်းတွင်များပြားခဲ့ပြီး
စိတ္တဗေဒအရ ယင်းအသက်အရွယ် အပိုင်းအခြားတွင် စူးစမ်းလိုမှု၊ အပေါင်းအသင်းများ ဆွဲဆောင်မှုနှင့်
ပတ်ဝန်းကျင် စေ့ဆော်မှု တို့ကြောင့် မူးယစ်ဆေးကို လွဲမှားစွာ သုံးစွဲကြကြောင်း သိရသည်။
”အခု မူးယစ်ဆေးဝါး သုံးစွဲခဲ့ဖူးတဲ့ လူငယ်တွေကို ပြန်လည်ထူထောင်ရေး ရိပ်မွန် ၇ ခု ဖွင့်လှစ်
ခဲ့ပါပြီ။ ၂ဝဝ၉ ခုနှစ်ကနေ ၅ နှစ် စီမံကိန်းနဲ့ လုပ်ဆောင်နေတာပါ။ မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ
လူအများစုရဲ့ ဖယ်ကြဉ်ခြင်း ခံရတယ်။
အဆိုးမြင် ခံရတယ်။ သူတို့ကို စာနာစိတ်နဲ့ နားလည်မှုပေးပြီး
စည်းရုံးသိမ်းသွင်း မှသာ ထိရောက်မှု အခြေအနေကို ရရှိမှာ ဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က
ဆိုသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းအနေဖြင့်လည်း မူးယစ်ဆေးဝါး သုံးစွဲသူများနှင့်
ပတ်သက် ဆက်နွှယ်နေသော မိသားစုများ အပေါင်းအဖော်များ၊ လူငယ် လူရွယ်များအတွင်း HIV ပိုး
ကူးစက်မှု အန္တရာယ်မှ ကာကွယ်ရေးနည်း လမ်းများ၊ မူးယစ်ဆေးဝါး သုံးစွဲနေသူများ အကြောင်း၊
မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်ခြင်း၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါ အကြောင်းများ
နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်းများ စသည့် အခြေခံ ဗဟုသုတ များကိုပါ ပညာပေးခဲ့ကြောင်း
သိရသည်။
မင်းထက်စံ
Monday, June 28, 2010, 8:18
Popular
News - မူးယစ်ဆေး သုံးစွဲသည့် အမျိုးသမီးများ အရှက်တရားကြောင့် လမ်းလွဲရောက်




