28
Aug

မူးယစ်ဆေး ဖြတ်ရာ၌ ကူညီရန်ဖွင့်လှစ်ထားသော ရိပ်မြုံ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၌ ၁၂ခုရှိ



မူးယစ်ဆေးဝါး
သုံးစွဲသူများ မူးယစ်ဆေး ဖြတ်ရာတွင် ကူညီထောက်ပံ့နိုင်ရန် တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်
ထားသော Dropin Center ရိပ်မြုံ ၂၄ခုအနက် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ၁၂ခုရှိကြောင်း
သတင်း ရရှိပါသည်။

အဆိုပါ
ရိပ်မြုံ ၁၂ခုကို ကုလ လက်အောက်ခံ အဖွဲ့အစည်း UNODC ကဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး
၂၀၀၈ခုနှစ် ကုန်အထိ မူးယစ်ဆေး ထိုးသူများနှင့် မူးယစ်ဆေးသုံးသူများ ၃၀၀၀၀ ကျော်လာရောက်ခဲ့ကြောင်း
သိရသည်။

ရိပ်မြုံများကို
အိုင်အင်ဂျီအိုများ၊ အင်ဂျီအိုများက ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။၂၀၀၈
ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းအရ မူးယစ်ဆေး ထိုးသူများတွင် HIV ပိုးတွေ့ရမှု ရန်ကုန်နှင့်
မြစ်ကြီးနားတွင် မြင့်တက်လာကြောင်းနှင့် ရန်ကုန်မြို့တွင် တွေ့ရှိရမှုမှာ ၂၀၀၇ခုနှစ်နှင့်
နှိုင်းယှဉ်ပါက သုံးဆနီးပါး မြင့်တက် လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော
စာရင်းဇယားများအရ သိရသည်။

HIV
ပိုးတွေ့ရှိရသည့် မူးယစ်ဆေး ထိုးသူများအနက် အသက်သုံးဆယ်မှ သုံးဆယ့်လေးနှစ်ကြားတွင်
HIV ပိုးအများဆုံး တွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိကြောင်း
သိရသည်။

ဝီကလီး
အီလဲဗင်း (၂၆၊ ၈၊ ၀၉)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top