16
Jun

မလေးရှားရောက် သားကောင်များ


 

ကျွန်တော်
ပြောချင်နေတာတော့ ကြာပါပြီ…. အခြေအနေတွေ အရမ်းမဆိုးသေးလို့ မပြောဖြစ်ခဲ့ပါဘူး… အခုတော့
ပြောမှ ရတော့မယ့် အခြေအနေမို့ ပြောရပါတော့မယ်။

ကျွန်တော်တို့
မလေးရှားမှာ မိန်းကလေး တော်တော်များများ ဒုက္ခရောက်နေကြပါတယ်။ မိန်းကလေး များတင်တော့
မဟုတ်ပါဘူး။ ယောက်ျားလေး တွေလည်း ဒုက္ခရောက်နေသူတွေ တစ်ပုံတစ်ပင် ရှိပါတယ်။ ဒါပေမယ့်
ယောက်ျားလေးတွေက ဒေါင်ကျကျပြားကျကျ နေနိုင်တဲ့အတွက် မိန်းကလေးတွေကိုသာ ဦးစားပေးရေးရခြင်း ဖြစ်ပါတယ်။

အခုမလေးရှားနိုင်ငံရဲ့ စီးပွားရေးဟာ အောက်ကို ထိုးစိုက်ကျနေပြီ ဖြစ်ပါသည်။ ကုန်ဈေးနှုန်းတွေ တက်ကာ လုပ်ငန်းများ မလည်ပတ် နိုင်တော့သည့်အတွက် ပိတ်လိုက်ရတဲ့ စက်ရုံတစ်ရာ ကျော်သွားပါပြီ။ စက်ရုံတွေ ပိတ်လိုက်ရသဖြင့် ပြန်ရတဲ့ ညီအကို မောင်နှမတွေ တော်တော်များ နေပါသည်။
မြန်မာနိုင်ငံက ညီအကို မောင်နှမတွေကို ဒီကအကြောင်းတွေ သိစေချင်ပါတယ်။ ဒါမှ နောက်ထပ်လာမည့် အမျိုးသမီးကောင်းလေးများကို တားဆီးနိုင်မှာ ဖြစ်ပါသည်။ ဒီမှာ ရောက်နေကြတဲ့
မိန်းကလေး အတော်များများဟာ အလုပ်ကိစ္စရော လစာပါလုံးဝ ( လုံးဝ ) အဆင်မပြေ ကြပါဘူး။

မြန်မာနိုင်ငံက
စီးပွားရေး အခြေအနေကြောင့် ဒီကိုအားကိုးတကြီး လာခဲ့ကြပေမယ့် ဖွတ်ထွက်မှ တောင်ပို့မှန်းသိ
ဆိုသလို ဒီရောက်လာမှ ဒုက္ခအကြီးအကျယ် ရောက်ကြရတော့တာပါပဲ။ မြန်မာပြည်က အေးဂျင့်တွေက
လစာဘယ်လောက် ရမယ်၊ overtime ဘယ်နှနာရီ ရှိတယ်ဆိုပြီး ပြောသမျှကို အဟုတ်ထင်ပြီး အထင်ကြီးလာခဲ့သမျှဟာ ဒီရောက်မှ အေးဂျင့်တွေရဲ့ အပြောဟာ လိမ်ညာမှု့တွေပဲလို့ သိရပေမယ့် ဘာမှမတတ် နိုင်တော့ပါဘူး။ ဒီဘက်က အေးဂျင့်တွေ ပြုသမျှမှာ နုရတော့ တာပါပဲ…. မြန်မာပြည်က
အေးဂျင့်တွေက ပိုက်ဆံရရင် ပြီးရောဆိုပြီး လွှတ်တယ်၊ ဒီကအေးဂျင့်တွေကလည်း ပိုက်ဆံရမှာမို့
ခေါ်ပါတယ်။

သူတို့တွေရဲ့
လောဘကြားမှာ သားကောင်ဖြစ်သွားရတာ ကျွန်တော်တို့ မြန်မာမိန်းကလေး တွေပါ။ မြန်မာပြည်ကနေ
အလုပ် ကောင်းတယ်ဆိုပြီး လာပေမယ့် မလေးရှားကိုရောက်လို့ တစ်လလောက်ကြာပေမယ့် ဘာအလုပ်မှ
မရသေးတဲ့ အမျိုးသမီးတွေ အများကြီးပါ။ Free Calling တွေနဲ့ လာကြပေမယ့် ပတ်စပို့ကို
အေးဂျင့် တွေကပဲ သိမ်းထား ကြပါတယ်။ အလုပ်ကိုလည်း ရရင်ပြီးရော ဆိုတဲ့သဘောထားနဲ့ ရရာအလုပ်မှာဝင်လုပ် စေပါတယ်။ ပြီးတော့ ရတဲ့လခထဲကနေ ပြီးတော့ ဖြတ်တောက် ယူငင်သေးပါတယ်။
ကိုယ့်ရဲ့ အခက်အခဲကို ပြန်လည်ပြောဆိုဖို့ကလည်း ဘာသာစကား အခက်အခဲ၊ မိန်ကလေးဖြစ်၍
အားငယ်တတ်ခြင်း စတာတွေကြောင့် လုပ်သမျှ မတရားပေမယ့် ငြိမ်ကြည့် နေရပါတယ်။ မြန်မာပြည်ကလာတဲ့ အကြွေးမကြေမှာ စိုးရိမ်တာကတစ်မျိုး၊ ဒီမှာ အလုပ်မကောင်းလို့ စိတ်ပျက် အားငယ်တာက
တစ်မျိုးနဲ့ သူတို့တွေရဲ့ ထွက်ပေါက်က ဘာဖြစ်မယ်လို့ ထင်ပါသလဲ။ စဉ်းစားကြည့်ပါ။ ပထမ
စက်ရုံမှာအလုပ် ကောင်းကြသူတွေ ရှိပေမယ့် စက်ရုံ ပိတ်သွားကြတော့ နောက်ဆုံးအေးဂျင့်ဆီမှာပဲ
ပြန်ပြီးသောင်တင် တာပါပဲ။ အေးဂျင့်တွေကလည်း အလုပ်အလွယ်တကူ ရရှိတဲ့ စားသောက်ဆိုင်၊
သန့်ရှင်းရေး အလုပ်တွေမှာ ထည့်ပေးကြပါတယ်။

နောက်ပြီး
ဒီအလုပ်တွေက အာမခံချက်လည်း လုံးဝမရှိဘူး။ ဘယ်နေရာမှာလို့လည်း သေသေချာချာ ရေရေရာရာ
မရှိဘူး။ ဒီနေရာပြီး နောက်တစ်နေရာ၊ နောက်တစ်နေရာပြီး နောက်ထပ်တစ်နေရာ သူတို့စိတ်ကြိုက်သာ
လျှောက်ပြောင်း တော့တာ။ လစာကလည်း သူတို့ပေးသမျှပဲ ယူကြရပြီး အလုပ်ကလည်း ပင်ပန်းတော့
over stay ရှောင်သွားတဲ့ သူတွေလည်း အများအပြားပေါ့။ Over stay ရှောင်သွားတဲ့ မိန်းကလေးတွေရဲ့
အကြီးမားဆုံး အန္တရာယ်က မလေးရှားက ရဲတွေရဲ့ အန္တရာယ်ပဲ။ စနေ၊ တနင်္ဂနွေနေ့တိုင်း ကွာလာလန်ပူမှာ အဖွဲ့အစည်းတွေနဲ့ ရဲနဲ့ပူးပေါင်းပြီး over stay တွေကို ဖမ်းပါတယ်။ ဖမ်းမိသမျှ
တွေကို ထိုင်းသင်္ဘော တွေဆီကို ရောင်းစားပါတယ်။ ထိုင်းနိုင်ငံကို ပို့ပြီး အခိုင်းအစေ
အလုပ်တွေကို လုပ်စေ ပါတယ်။ ဖမ်းမိပြီးနောက်မှာ လုံးဝအစအန ပျောက်သွားတဲ့ သူတွေအများအပြားပါ။
မလေးရှားအစိုးရက ဖမ်းမိရင် ပြန်ပို့တယ်လို့ ပြောပေမယ့် တကယ်တော့ မဟုတ်ခဲ့ပါဘူး။

နောက်ပြီး
အခုနောက်ပိုင်းမှာ စီမံချက်တွေနဲ့ နေရာတိုင်းမှာ over stay သမားများကို လိုက်လံဖမ်းဆီး
နေပါတယ်။ ဒါကြောင့် over stay လုပ်ဖို့ဆိုတာ မိန်းကလေးတွေအတွက် မိုက်မဲတဲ့ ရွေးချယ်မှု့ပဲဖြစ်ပါတယ်။ နောက်အန္တရာယ် တစ်ခုက မလေးရှား နိုင်ငံထဲမှာ နေထိုင်ကြတဲ့ ကုလားတွေရဲ့ အန္တရာယ်ပါပဲ။

မလေးရှားနိုင်ငံဟာ စာရိတ္တနဲ့ ပါတ်သက်ပြီး လုံးဝချို့ယွင်းတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုယ်ကြိုက်ရင်
ကြိုက်သလောက် မိန်းမ ယူခွင့် ရှိပါတယ်။ ယောကျာ်း တွေကလည်း ဖောက်ပြန် မိန်းမတွေကလည်း
ဖောက်ပြန် မွေးလာတဲ့ သားသမီးတွေကလည်း မိဘကို မိဘမှန်းမသိနဲ့၊၊ တစ်လင်တစ်မယား စနစ်ကို
ကျင့်သုံးတဲ့ မြန်မာနိုင်ငံနဲ့ စာရိတ္တပိုင်းမှာ ဘယ်လိုမှယှဉ်လို့ ရမှာ မဟုတ်ပါဘူး။
မလေးရှားမှာ နေထိုင်တဲ့ ကုလားတွေက ဂိုဏ်းတွေ ဖွဲ့စည်းထားပြီး စိတ်မထင်ရင် မထင်သလို
ရန်ရှာ လူသတ်တတ် ပါတယ်။ မလေးရှား ရဲအဖွဲ့ကလည်း မသိချင်ယောင်ဆောင် နေရတာပါ။

ဒါကြောင့်
ကုလားတွေဟာ လုပ်ချင်တိုင်း လုပ်နေတော့တာပါပဲ။ ပစ္စည်းလုတယ် ရန်ရှာတယ် ပိုက်ဆံတောင်းတယ်။
မိန်းကလေးများဆိုရင် ပိုပြီးအန္တရာယ် များပါတယ်။ ချောင်ကျတဲ့ အရပ်တွေမှာဆိုရင် အိမ်ထဲအထိအောင် ဝင်ပါတယ်။

နောက်ထပ်
အကြီးမားဆုံး အန္တရာယ်ကတော့ မြန်မာယောက်ျားလေးတွေရဲ့ အန္တရာယ်ပါပဲ။ ရေနစ်သူတွေကို
ဝါးကူ ထိုးသူများ ဖြစ်ပါတယ်။ မြန်မာမိန်းကလေးများ အသစ်ရောက်တယ်ဆိုရင် ကူညီချင်သူတွေက
အများကြီးပါ။ ဘာမှ အားငယ်စရာ မရှိလောက်အောင်ကို talking တွေနဲ့ ကူညီကြတာပါ။ ဖုန်းနံပါတ်ကိုသာ ပေးမိရင်တော့ ဒီမိန်းကလေး သွားပြီပဲ။ ညသန်းခေါင်အထိ အိပ်လို့မရဘူး ဖြစ်သွားမယ်
ဖုန်းကအချိန်ပြည့် တစ်တီတီ မြည်ပြီးတော့ကို ခေါ်နေတော့တာ။ ခေါ်တဲ့သူက အရက်မူးနေရင်
ပိုပြီးဆိုးပြီသာ မှတ်တော့။

ဒီမှာရောက်နေတဲ့ မိန်းကလေးတွေက စဉ်းစားရင်စဉ်းစား မိလိမ့်မယ်။ မလေးရှားလာမိတာ အရမ်းစန်းပွင့်
တာပဲလို့။ ဒါဟာ စန်းပွင့်တာ မဟုတ်ပါဘူး ဘဝတစ်ခုလုံး ပွင့်လန်ထွက်သွားဖို့အတွက် အစလမ်းပါ။
မလေးရှားမှာ ရောက်နေကြတဲ့ ယောက်ျားလေးတွေမှာ လူပျို လူလွတ်တွေ ပါသလို မြန်မာပြည်မှာ
မိန်းမနဲ့ကလေးတွေ ကျန်ခဲ့သူလည်း အများအပြားပေါ့။ မိန်းမတွေ အကြောင်းကို နောကျေတာ အိမ်ထောင်ရှိတဲ့ ယောက်ျားများပဲ ဖြစ်ပါတယ်။ နောက်ပြီး မိန်းမတွေနဲ့ ခွဲနေရတာ နှစ်ချီ နေပြီဆိုတော့ စဉ်းစားသာကြည့်ကြ ပါတော့ဗျာ။ နောက်ပြီး စည်းလွတ် ဘောင်လွတ် ပျော်လို့ရတဲ့ နေရာဆိုတော့ စိတ်သွားရင် ကိုယ်ပါတယ်။ အရက်သေစာ၊ လောင်းကစား၊ မိန်းမ၊ ဆေးဝါး လိုချင်တာအားလုံး ရနိုင်တဲ့ နေရာဆိုတော့ စိတ်မနိုင်တဲ့ သူတွေဆိုရင် အရက်ပုလင်း ဘီယာပုလင်း တွေထဲကနေ မတက်နိုင်ကြတော့ဘူး။

မိန်းမလိုက်စားသူ တော်တော်များများကလည်း လူအိုတွေပဲ များပါတယ်။ ရောက်လာကြတဲ့ မိန်းကလေးတွေက ကိုယ့်ကိုကိုယ် စန်းပွင့်လှပြီဆိုပြီး ဘဝင်မြင့်နေကြ လိမ့်မယ်။ ဖုန်းပေးမယ်
အဝတ်အစားလည်း ဝယ်ပေးမယ် အိမ်ကိုလည်း ငွေလွှဲ ပေးမယ်ဆိုရင် နောက်ကြောင်းကို မသိပဲနဲ့
ဘဝကိုပုံအပ် လိုက်ကြတာပဲ။ မြန်မာပြည်မှာ ရှိနေတဲ့ မိန်းမဆီမှ စာလာမှ အရှက်တကွဲ အကျိုးတနည်းနဲ့ နောက်ပြန်ဆုတ်လို့လည်း မရတော့ဘူး။ ရပြီးသား လူတွေကလည်း လက်လွှတ် မပေးတော့ဘူး။
အစားထိုး တွေလေ သိတယ် မဟုတ်လား။ ကျွန်တော့် မျက်စိရှေ့မှာပဲ ကလေးနှစ်ယောက် အဖေတွေ၊
ကလေးသုံးယောက် အဖေတွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကောင်မလေးတွေကို တွေ့နေရတော့ သူတို့တော့
ဘယ်လိုခံစား ရမလဲတော့ မသိဘူး။ ကျွန်တော်ကတော့ သူတို့တွေအစား သူတို့မိဘ မောင်ဖွားတွေအစား ရင်နာတယ်။ ဒီမှာ ရောက်နေ ကြတဲ့ မိန်းကလေး တော်တော်များများဟာ အရက်သမားတွေနဲ့
ဖြစ်ကြတယ်။ ခြောက်ဆယ်ရာခိုင်နှုန်းက လူအိုတွေနဲ့ ဖြစ်ကြတယ်။

နှစ်ဆယ်ရာခိုင်နှုန်းက လူပျိုတွေနဲ့ ဖြစ်ပြီး ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းက လူမျိုးခြား အပေအတေတွေနဲ့ ဖြစ်ကြတယ်။ အခုဆိုရင် သွားလေရာ နေရာတိုင်းမှာ မြန်မာအတွဲတွေ ပလုံစီနေပြီ။
ဗွီဒီယိုတွေ၊ ဗွီစီဒီတွေလည်း ထွက်လာကြပြီ။ ဗွီစီဒီတွေ ဆိုတာ မြန်မာနော်။ မြန်မာဆိုပြီးတော့ကို
အော်ရောင်း နေတာ။ ကောင်းတာတွေတော့ မဟုတ်ဘူး။ စက်ရုံမှာ လူမျိုးခြား တွေက မြန်မာမတွေ
ဘယ်လောက်နဲ့ ခေါ်လို့ ရတယ်ဆိုရင် လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးပစ် ချင်လောက်အောင်
အသည်းနာတယ်။ ဒီကို ရောက်လာပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်း နိုင်တဲ့ သူတွေရှားပါတယ်…
ထိန်းသိမ်းနိုင်တဲ့သူ မရှိဘူး မဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမယ့် အယောက် တစ်ရာမှာ တစ်ယောက်ပါ။

အဲသည်တစ်ယောက်ဟာလည်း အရမ်းဝနေ၍သော်လည်းကောင်း၊ ရုပ်ဆိုးနေ၍သော်လည်းကောင်း၊ ယောက်ျားလေး
စိတ်ဓါတ်ပေါက်နေ၍ သော်လည်းကောင်း၊ အဲသည်အထဲက တစ်ခုခုဖြစ်နိုင် ပါတယ်။ ကျွန်တော်တို့ဟာ
မြန်မာ လူမျိုးတွေပါ… အိနြေ္ဒ သိက္ခာနဲ့ စာရိတ္တကို အလေးထားတဲ့ လူမျိုးပါ..။ အသက်ထက်
အရှက်ကို ဦးစားပေးတယ် ဆိုတာ မြန်မာ လူမျိုးတွေအတွက်ပါ။ တိုင်းတစ်ပါးမှာ ရောက်နေကြတဲ့
ကျွန်တော်တို့ ခင်ဗျားတို့ နှမတွေကို စောင့်ရှောင့်မယ့်သူ တွေထက် ချောက်ချဖို့ ချောင်းနေတဲ့
သူတွေ အများအပြားပါ။

ဒါကြောင့်
နောက်ထပ်လာမဲ့ မြန်မာအမျိုးသမီးများရှိရင် သေချာစုံစမ်းလေ့လာပြီးမှ လာပါလို့ ပြောချင်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတွေထဲမှာ လာမဲ့သူ ရှိကြရင်လည်း တားဆီးပေးကြပါ။ အခုကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာ အားလုံးဟာ အားလုံးအမှန်တွေချည်းပါ။ ကျွန်တော်ပြောတာတွေ
ဟုတ်မဟုတ်ကို မလေးရှားမှာ ရောက်နေတဲ့ အချောင်နှိုက်စားနေတဲ့ သူတွေက လွဲရင် ဘယ်သူ့ကို
မဆို မေးမြန်းနိုင်ပါတယ်။ ညီအကိုမောင်နှမ စိတ်ဓါတ်ဖြင့် သတိပေး ရေးရခြင်း ဖြစ်ပါတယ်၊

(MMZ မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်၊
ပိုစ့်ပိုင်ရှင် ရွှေဟသာင်္အား ကျေးဇူးတင် ပါတယ်ဗျာ။)



March 24,
2009 at 10:35am

ummgfamily - မလေးရှားရောက် သားကောင်များ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top