18
May

မလေးရှားနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများနှင့် လူကုန်ကူးခံရမှု



မလေးရှားနိုင်ငံတွင်
အလုပ် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမား အချို့သည် အလုပ်အေဂျင်စီများ၏ အလုပ် လုပ်ရန်
လူစုဆောင်းခံရသည့် အဆင့်တွင်ပင် လိမ်လည်လှည့်ဖြားခြင်း၊ အတုပြုလုပ်ထားသည့် စာရွက်စာတမ်းများနှင့်
ရောက်ရှိလာကြသူများ ဖြစ်ကြသည်။

လူစုဆောင်းသူများက
အလုပ်သမားများကို မည်သို့ အလုပ် လုပ်ကြရမည်၊ လုပ်ခလစာ မည်မျှရမည်၊ အလုပ်ချိန်နှင့်
နားရက်များ မည်သို့ရှိမည်၊ မည်သို့နေထိုင် စားသောက်ရမည် စသည့် မက်လုံးများဖြင့် လိမ်ညာမှု
ပြုကြသည်ကိုတွေ့ရသည်။ ထို့အပြင် အေ့ဂျင့်များက လူစုဆောင်းခ ကြိုတင် ချေးငှားထားသည့်
ငွေကို မည်သည့် အချိန်ကျမှ ပြန်ဆပ်ရမည် စသည့် လိမ်ညာမှု အမျိုးမျိုးဖြင့် စုဆောင်းကြသည်။

အေ့ဂျင့်များက
အလုပ်သမားများ အကြွေးပြန်ဆပ်ပြီးသည်အထိ ကန်ထရိုက်စာချုပ်စာတမ်းများကို သိမ်းဆည်းထားလေ့ရှိသည်။
အချို့အေ့ဂျင့်များကမူ အလုပ်သမားများ နားမလည်၊ မဖတ်တတ်သည့် အခြားဘာသာစကားများဖြင့်
ရေးသားထားသည့် ကန်ထရိုက်စာချုပ်များကို ပေးအပ်ထားလေ့ရှိသည်။ အချို့ဖြစ်ရပ်များတွင်
အလုပ်အကိုင်ရှာဖွေပေးသည့် အေဂျင်စီများသည် အသက်(၁၈)နှစ်အောက် ရှိသူများကို ထိုသူများ၏
နိုင်ငံကူးလက်မှတ်များတွင် အသက်များလိမ်လည်ပြုပြင်ထားသည်ဟု အသိပေးထားလေ့ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းသည်
အလုပ်သမားများအပေါ် ယုံကြည်မှုရအောင် လုပ်ခြင်းဖြစ်ပြီး ထိုသို့ပြုပြင်ပေးမှုအပေါ်တွင်လည်း
အကျိုးအမြတ်ရယူကြသေးသည်။

 မလေးရှားနိုင်ငံသို့ ရောက်လာသည့်အခါများတွင်လည်း
မိခင်နိုင်ငံတွင် လက်မှတ်ရေးထိုးခဲ့သည့် ကန်ထရိုက်စာချုပ်စာတမ်းများ၏ ကတိကဝတ်များကို
အသိအမှတ်ပြုလေ့မရှိကြပြန်။ လူဝင်မှု ကြီးကြပ်ရေးအတွက် ကုန်ကျစရိတ်အဖြစ် အပိုငွေပေးဆောင်ရန်
ကိုယ်စားလှယ်အေးဂျင့်များက ထပ်မံငွေညှစ်မှုများရှိသည်။ အလုပ်သမားများကို တရားဝင်ခွင့်ပြုချက်ဖြင့်
ခန့်ထားလုပ် ကိုင်နိုင်ရန် မဖြစ်နိုင်သည့်အခြေအနေမျိုးတွင် အလုပ်သမားများကို အထောက်အထားများဖြင့်
ဘယ်သောအခါမှ ကတိပေးခန့်ထားခြင်းမျိုး မရှိ။ ထိုသို့သောရည်ရွယ်ချက်ကိုက လုပ်အားခေါင်းပုံ
ဖြတ်ရန်အတွက် ဖြစ်လာသည်။ လုပ်ခအနည်းငယ်သာ ရကြသော်လည်း မနှစ်မြို့သည့်အလုပ်များ၊ အသက်အန္တရာယ်
ကြီးသည့် အလုပ်များတို့ကို စိတ်အားထက်သန်စွာဖြင့် အလုပ်လုပ်ကိုင်ကြရသည်။ လုပ်ခများသည်
ယခင်ပေးထားသည့် ကတိထက်နည်းစွာ ရကြသည်။

အချို့ဆိုလျှင်
လူဝင်မှုကြီးကြပ်ရေးအတွက် ကုန်ကျ စရိတ်၊ နေထိုင်စရိတ်၊ အစားအသောက်စရိတ်နှင့် အခြားကုန်ကျ
စရိတ်များပါ လုပ်ခများထဲမှ ဖြတ်တောက်ခြင်းခံရသည်။ အချို့အလုပ်ရှင်များသည် အလုပ်သမားများ
အဝေးသို့ ထွက်သွားမှာစိုးသည့်အတွက် လုပ်ခအားလုံးကိုမပေးဘဲ ထိန်းသိမ်း ထားမှုမျိုးလည်းရှိသည်။
အလုပ်ခွင်တွင် ထိခိုက်အနာတရဖြစ်ပါက အခမဲ့ဆေးကုသမှု မပေးဘဲ မသန်မစွမ်းဖြစ်ခဲ့လျှင် အလုပ်ရှင်များက
ချက်ချင်းမိခင်နိုင်ငံသို့ ပြန်ပို့ကြသည်။

အပြည်ပြည်ဆိုင်ရာ
အလုပ်သမားအဖွဲ့ချုပ်မှ လုပ်အားခေါင်းပုံဖြတ်မှုနှင့် ဆက်စပ်မှုတစ်ခုမှာ အလုပ်ရှင်များက
ယင်းတို့၏ အလုပ်သမားများအား မသတီစရာကောင်းသော နေရာ ထိုင်ခင်းပေးခြင်း ဖြစ်သည်ဟုထုတ်ဖေါ်ပြခဲ့သည်။
နေထိုင်မှု အတွက်ရွေးချယ်စရာမရှိသည့်အတွက် ထိုနေရာမျိုးတွင်ပင် နေကြရသည်။ အထူးသဖြင့်
မလေးရှားနိုင်ငံသို့ လာရောက် အလုပ်လုပ် ကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာရောက်အလုပ်လုပ်ကြသူများသည်
ငွေတိုးနှုန်း အမြောက်အများပေး၍ချေးငှားကာ လာရောက် လုပ်ကိုင်ကြသောကြောင့် ဘယ်သောအခါမှ
ဆပ်၍မကုန်အောင်ဖြစ်ကာ ကြွေးမြီနှောင်ဖွဲ့ အခိုင်းခံဘဝရောက်ကြသည်ကများသည်။

အခြားအလုပ်
သမားများဖြစ်ကြသည့် အင်ဒိုနီးရှားမှ လာရောက် လုပ်ကိုင်နေကြသော အိမ်ဖော်များသည် လပေါင်းများစွာ၊
နှစ် ပေါင်းများစွာ လစာမရဘဲအလုပ်လုပ်ကြရသည်။ အဘယ့်ကြောင့် ဆိုသော် လူစုဆောင်းပေသည့်
အေးဂျင့်များသို့ အကြွေးပေးဆပ် နေရခြင်းကြောင့်ဖြစ်သည်။ အလုပ်ရှင်များ၏အလိုကျ အလုပ်မလုပ်နိုင်ရင်လည်း
ရိုက် နှက်ခံရသည်။ ခြိမ်းခြောက်မှုအမျိုးမျိုးကြုံရသည်။ အလုပ်ရှင်တို့၏ ပြုသမျှ နုရသည့်ဘဝဖြစ်ကြသည်။
အမြဲမပြတ် ကြီးကြပ်မှု အောက်မှာနေရသလို လက်နက်ကိုင် အစောင့်အရှောက်များ အောက်တွင် အလုပ်ဆင်းရသည်။
အလုပ်ခွင်များမှ ထွက်ခွာမသွားနိုင်စေရန် ပြင်ပနှင့်အဆက်အသွယ်ဖုန်း ပြောခြင်းများမပြုနိုင်စေရန်
သော့ခတ်ပြီး ခိုင်းစေခံရသည်လည်းရှိသည်။ အချို့အလုပ်သမားတို့၏ ဘာသာရေးနှင့်ပတ်သက်သော
အသုံးအဆောင် (ဘုရားဝတ်ပြုရာတွင် အသုံးပြုသည့်ဖျာ)၊ ဘာသာရေးစာအုပ် (Holy Book) များတို့ကို
နင်းချေစော်ကားမှုများ ခံရသည်။

 အရှက်တကွဲအကျိုးနည်းစေရန် အလုပ်ရှင်များအပေါ် ခယဝပ်တွားစိတ်များ
ပွားများလာစေရန် မနှစ်မြို့သည့်အပြုအမူများကို အတင်းအဓမ္မ ခိုင်းစေခြင်းများ (ပိုးဟပ်များအား
ဖမ်းစားခိုင်းခြင်း၊ သေးအိုင်ထဲတွင် မတ်တပ်ရပ်ခိုင်းခြင်း) ပြုလုပ်ကြသည်။ အလုပ်ရှင်အားလုံးလိုလို
အလုပ်သမားများက ခွင့်ပြုချက်မရဘဲ အလုပ်ပြောင်းမှုမျိုးနှင့် အခြားနေရာများသို့ ထွက်မသွားနိုင်ရန်
ယင်းတို့၏ ပတ်စပို့စ်စာအုပ်များ၊ တရားဝင်ခရီးသွား အထောက်အထားများတို့ကို သိမ်းဆည်းထားလေ့ရှိသည်။
မလေးရှားနိုင်ငံ တာဝန်ရှိသူများကလည်း ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်ရှင်များက ပတ်စပို့စ်စာအုပ်
သိမ်းဆည်းထားမှုကို ဆက်လက် ခွင့်ပြုထားသေးသည်။

ထိုကိစ္စသည်
လုပ်နေကျလုပ်ဟန် ဖြစ်နေပေသည်။ သို့သော် နိုင်ငံတကာအသိုင်းအဝိုင်းရှိ လူကုန်ကူးမှု ပိုမိုဖြစ်ပွားစေရန်
အားပေးသကဲ့သို့ဖြစ်သလို၊ (၂ဝဝ၇)ခုနှစ်က စတင်ပြဋ္ဌာန်းထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး
ဥပဒေကို ပိုမိုအာဏာသက်ရောက်စေရန် လုပ်ဆောင်ကြရန်လည်း လိုအပ်နေမည်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံကဲ့သို့
အလုပ်သမား တင်ပို့မည့်နိုင်ငံ၊ လက်ခံမည့်နိုင်ငံတို့ နှစ်နိုင်ငံ ညှိနှိုင်းပြီးအလုပ်သမားများ၏
အခွင့်အရေး၊ အနိမ့်ဆုံးလစာ၊ အနိမ့်ဆုံးအလုပ် နားရက် စသည့်အခွင့်အရေးများကို သဘောတူညီမှုများလည်း
လိုအပ် နေပေဦးမည်ဖြစ်သည်။

 

လျှပ်တပြက် - မလေးရှားနိုင်ငံရောက်
ရွှေ့ပြောင်း အလုပ်သမားများနှင့် လူကုန်ကူးခံရမှု

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top