မလေးရှားကျောင်းများတွင်
မလိုလားအပ်သော ကိုယ်ဝန်ဆောင်မှု ဖျက်ချမှုများနှင့် မွေးပြီး ကလေး စွန့်ပစ်မှုများ
တားဆီးထိန်းချုပ်နိုင်ဖို့အတွက်၊ လိင်ပညာပေးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် စတင်
နေပြီ ဖြစ်သည်။ လူမျိုးဘာသာ ပဒေသာစုံသည့် ဒေသများတွင် လိင်ပညာရပ်ကို မကောင်းသော တားမြစ်ချက်အဖြစ်
မယူဆတော့ဘဲ၊ ကျောင်းသားများနှင့် မိဘများပါ ပါဝင်ဆွေးနွေးဖို့ တက်ကြွ နေကြ သည်ဟု
CNA သတင်းတစ်ခုတွင် ဖော်ပြသည်။
`အမျိုးသမီး၊
မိသားစုနှင့်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ၀န်ကြီးဌာန´မှ မကြာမီက စီစဉ်ပေးသည့် လူမှုရေးနှင့်
မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးသင်တန်းများကို ကျောင်းသားများ ပြည့်လျှံအောင် တက်ရောက်ကြသည်
ဟုဆိုသည်။
ကျောင်းသား
တစ်ယောက်က “ဒီကနေ့တွေဟာ အရင်တုန်းက နေ့တွေနဲ့ အတော်ခြားနားသွားပြီ။ ဒါကြောင့်မို့ လိင်ကိစ္စ
ရဲရဲတင်းတင်း ဆွေးနွေးကြဖို့ လိုပြီ” ဟု ပြောပါသည်။ အခြား ကျောင်းသား တစ်ယောက် ကလည်း
“အရင် မျိုးဆက်တွေနဲ့ မတူအောင်ကို ကျနော်တို့က လိင် အကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြ
ကြိုဆိုကြရမယ်” လို့ ပြောသည်။
ပညာပေးရေး
လုပ်ငန်းစဉ် ရည်ရွယ်ချက်မှာ ကျောင်းသားများ အနေနဲ့ အိမ်ထောင် မပြုမီ လိင်ကိစ္စ ဘယ်လို ရှောင်ရှားမယ်၊ လုံခြုံမှု မရှိတဲ့
လိင်ဆက်ဆံမှု နောက် အကျိုးဆက်တွေက ဘာတွေ ရှိနိုင်တယ် ဆိုတာ နားလည် စေရေး ဖြစ်သည်ဟု
ဆိုသည်။ မလိုလားအပ်သော ကိုယ်ဝန် ရရှိမှုများ အကျိုးဆက်က မွေးပြီးကလေး စွန့်ထားမှုများ
ဖြစ်လာသည်။
မိန်းကလေးများတွင်
ကိုယ်ဝန် ရရှိပြီး သူတို့နှင့် အတူ အိပ်ခဲ့သည့် ယောင်္ကျားလေး အဖော်များက စွန့်ထားခဲ့သည့်
အခါ၊ အခြေအနေမှာ ဆိုးရွား တတ်ကြောင်း၊ မိသားစု အသိုင်းအ၀ိုင်း ကလည်း ထိုမိန်းကလေးများကို
လက်မခံချင် ကြကြောင်း မလေးရှားတွင် ကြုံတွေ့နေရသည်ဟု အမျိုးသမီးများ မိသားစုများ ဆိုင်ရာ
ဝန်ကြီှးဌာနက ပြောကြားသည်။
နှစ်စဉ်
မွေးကင်းစ ကလေး ၁၀၀ ကျော် အမြဲ စွန့်ထားပစ်ကြသည်ဟု မလေးရှား ရဲဌာန တခုကလည်း ပြောပါသည်။
မောက္ခ
နိုင်ငံတကာ သတင်း (CNA) -
မလေးရှား
စာသင်ကျောင်းများတွင် လိင်ပညာပေးရေး စတင်




