မလေးရှား အမျိုးသမီးများကြားတွင်
အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာပြီး အများစုမှာ ၎င်းတို့၏
ယောက်ျားများနှင့်  ရည်းစားများ ထံမှ ကူးစက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့ သော ငါးနှစ်အတွင်း
မလေးရှားနိုင်ငံတွင် အေ့စ်ရောဂါ ဖြစ်စေသော အိတ်ခ်ျအိုင်ဗီပိုးကူး စက်ခံရ သူဦးရေ
လျော့ကျလာ သော်လည်း အမျိုးသမီးများနှင့်  မိန်းမငယ်လေးများ ကြား၌ ရောဂါ ကူးစက်ခံ ရမှု
များပြားလာကြောင်း အမျိုးသမီးနှင့် မိသားစု ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဟန်ဆေကိုင်က ပြောကြား သည်။ ၁၉၉၅ ခုနှစ်က အမျိုးသမီး နှင်
့မိန်းမငယ်လေးများ ရောဂါ ကူးစက်ခံရမှု လေး ရာခိုင်နှုန်းသာ ရှိသော်လည်း ပြီးခဲ့သည့်
နှစ်ကုန်ပိုင်း အချိန်တွင် ယင်း ရာခိုင်နှုန်းမှာ ၁၈ ရာခိုင်နှုန်း အထိ ရှိလာသည်။
ရောဂါပိုး ကူးစက်ခံရသူ အများစုမှာ
အိမ်ရှင်မများ ဖြစ်ကြောင်း အာရှတစ်ဝန်း အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူ ၂၅
ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းမှာ ၎င်းတို့၏ ယောက်ျားများ၊ ရည်းစားများထံမှ ကူးစက်ခံ
ရခြင်း ဖြစ်ကြောင်း ”မလေးရှားနိုင်ငံတွင် ကျင်းပနေသော အိတ်ခ်ျအိုင်ဗီနှင့်
အေအိုင်ဒီအက်စ် ရောဂါ ကူးစက်မှု အခြေအနေ (၂၀၁၀) ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင်
မလေးရှားဝန်ကြီးက ပြောကြား သည်။ မူးယစ်ဆေးဝါး ထိုးသွင်းသုံးစွဲသူများနှင့်
လိင်ရောင်းဝယ်ရေး လုပ်သားများတွင်သာ အိတ်ခ်ျအိုင် ဗီ ကူးစက်နိုင်ခြေများသည်
မဟုတ်ကြောင်း အခြားလူများတွင် အန္တရာယ်ရှိကြောင်း၊ အမျိုးသားများမှာ အခြား နေရာများတွင်
အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရောဂါပိုး ကူးစက်ခံရပြီး ၎င်းတို့မှ တစ်ဆင့် ဇနီးမယားများထံ
ကူးစက်ခံရခြင်း ဖြစ်ကြောင်း မလေးရှား ဒုတိယ၀န်ကြီး၏ အစီရင်ခံစာတွင် ဖော်ပြ သည်။
Ref: The Sta




