5
Sep

မုံရွာက ART ဆေးသတင်း

(၁) HIV+ လူနာများအတွက် မုံရွာ ပြည်သူ့ဆေးရုံမှာ ART ဆေးများ အခမဲ့ရရှိနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံမသွားလိုလျှင် ဘုန်းစိုးရပ်၊ ပေ ၈ဝ လမ်း၊ မေတ္တာဦး ဆေးရုံမှာ PSI (INGO) ရဲ့ ထောက်ပံ့မှုဖြင့် ARTဆေးကို တလစာ ၈ဝဝဝ (ရှစ်ထောင်ကျပ်) ဖြင့် ရရှိနိုင်ပါတယ်။ ဆေးဆိုင်မှာဝယ်လျှင် တလစာ ခန့်မှန်းခြေ ၁ဝဝဝဝဝ/ (တစ်သိန်း) နီးပါး ကုန်ကျနိုင်ပါတယ်။ (Tenofovir+ Lamivudine) + Efavirenz အတွဲဖြစ်ပါတယ်။ သွေးစစ်ဖို့တော့ လိုပါတယ်။

(၂) ခဏခဏချောင်းဆိုး၊ ဖျား၊ လူနာများအတွက် သလိပ်စစ်ခြင်း၊ တီဘီပိုးတွေ့လျှင် ဆေးပေးကုသခြင်းများကိုလည်း အခမဲ့ (အခမဲ့) ဆောင်ရွက်ပေးပါတယ်။ (PSI) ၏ DOTS ဆေးခန်းများ၊ MMA ၏ TB ဆေးခန်းများတွင်လည်း အလားတူဆောင်ရွက်ပေးနေပါတယ်။

ကနေ့မနက်မှာ ကျွန်တော်ဆီကိုလဲ ART ဆေးသောက်တာ ရက်ပျက်ရင်ဘာတွေဖြစ်နိုင်သလဲလို့ တယောက်က မေးသေးတယ်။ အခု Myint Wai မုံရွာမှာ ဘာတွေဖြစ်နေလဲထဲမှာ အထက်ကအတိုင်း သာဓုခေါ်စရာသတင်းကိုပါ ဖတ်ရတယ်။ ကျေးဇူးတင်ထိုက်သူတွေကို အများကြီးကျေးဇူးတင်ပါတယ်။

ဒေါက်တာတင့်ဆွေ (၅-၉-၂ဝ၁၄)

ဒေါက်တာတင့်ဆွေ - မုံရွာက ART ဆေးသတင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top