စာရေး သူသည် ၂၀ဝ၈ ခုနှစ် ဇန်န ဝါရီမှစ၍ HIV+ များ၏ ကိုယ်စား HIV လောက၌ ဖြစ်ပျက် ခံစား နေရမှု အဖုံဖုံတို့  ကို ဗဟုသုတ စာပေများ အဖြစ် ဂျာနယ် များ၌ ရေးသား လာခဲ့ရာ ထိုဆောင်း ပါး များကို စုစည်း၍ ဆောင်းပါး ပေါင်းချုပ် တစ်အုပ် အဖြစ် ထွက်ဝေ နိုင်ရန် အတွက်ကြိုး စားခဲ့ဖူး ပါသည်။ သို့ သော်ထုတ်ဝေသူမှ နာမည်ရက လောင် တစ်လက် မဟုတ်သေး သည့် အတွက် အရှုံးအမြတ် ကိုကြည့် ကာ ထိုစာပေ များစုစည်း၍ မထုတ်နိုင် ခဲ့ပေ။
ထုတ်ဝေသူမှ ငွေကြေးစိုက်ထုတ်ရမှုတစ် ခုတည်းကိုသာမျှော်တွေး၍ မထုတ်ပေးခဲ့ သော်လည်း ထိုစာပေများသည် လူသား များထံ HIV ပိုးမကူးစက်ရန်နှင့် နောင် မျိုးဆက် သစ်တို့ အတွက် အလွန်ပင် အသုံး ဝင်နေမည်ဖြစ်ပြီး အမျိုးသားရေး အသွင်ဆောင် နေမည့် စာပေများဖြစ်နေသည် ကိုမူ သတိပြုမိဟန်မတူပေ။ ထိုအတွက် ကြောင့်လည်း စာရေးသူ ကိုယ်တိုင်အား ထုတ်ပြီး ၂၀၁၀ နိုဝင်ဘာလတွင် “HIV ပိုးကိုအံတုနိုင်ခဲ့ပြီ” အမည်ရသော သုတရ သဆောင်းပါးပေါင်း ချုပ်စာအုပ်ထုတ်ဝေခဲ့ရ ပါတော့သည်။ ဤသို့ ထုတ်ဝေပြီးဖြန့် ချိရာ တွင်လည်း HIV လောကအသိုင်းအဝိုင်း နှင့်ပြင်ပလောကမှ ဗဟုသုတရှာမှီးကြသူ များဝယ် ယူအားပေး မှုကိုရခဲ့ပါသည်။
ထိုအ ချိန်တွင် စာရေးသူစဉ်းစားမိသည်မှာ HIV လောကနှင့် Net work ချိတ်ဆက်မိသူ များသည် ထိုစာပေများကို ဖတ်ရှူခွင့်ရခဲ့ ပြီး HIV ပိုးရှိနေသော်လည်း သိုသိုသိပ် သိပ်ဖြင့် ပြင်ပဆေးခန်းများတွင်ကုသမှုခံ ယူနေကြသည့် ART ဆေးဝယ်သောက်နေ ရသော HIV+ များအတွက်လည်း စဉ်းစား မိလာပါတော့သည်။ ART ဆေးကုမ္ပဏီ များတွင် ဆေးဝယ် သောက်နေရသော HIV+များသည်လည်း ထိုစာပေများကို ဖတ်ရှုလေ့လာမိကြပါက အကျိုး ဖြစ်ထွန်း လာမည်ဟုတွေးထင်လာမိပါတော့သည်။ ထို့ အတွက်ကြောင့် ART ဆေးကုမ္ပဏီများမှ ဝယ်သောက်နေရသူများကို လည်း ဗဟုသုတပျံ့နှံ့ စေလို၍ ART ဆေး ကုမ္ပဏီလေးခုနှင့် ဆက်သွယ်ကာ မိမိ၏ စာအုပ်ကို အချိုသာဆုံးဈေးနှုန်းဖြင့် ဝယ် ယူအားပေးနိုင်ရန် ချိတ်ဆက် မိပါတော့ သည်။
ထိုဆေးကုမ္ပ ဏီလေးခုထဲမှတစ်ခု သည် စာအုပ်ဖြစ် မြောက်လာရေးအတွက် သူ၏ အကျိုးအမြတ်ကို မကြည့်ဘဲပံ့ပိုး ကူညီပေးခဲ့ပြီးနောက် ဆေးကုမ္ပဏီတစ်ခုမှ စာအုပ်များ ဝယ်ယူအား ပေးခဲ့ပါသည်။ ကျန် ကုမ္ပဏီနှစ်ခုသည် သူတို့ နှင့်မပတ်သက် သော စာပေများသဘောမျိုးဖြင့် သူတို့ ၏ ကုမ္ပဏီနာမည်ရနေသည့်အတွက် ဝယ်ယူ အား ပေးခဲ့ခြင်းမရှိပါ။ ထိုထက်ဆိုးသည်မှာ ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးပြော လိုက်ပုံ မှာလည်း သူတို့ ၏ ကုမ္ပဏီသည် နာမည်ရနေပြီဖြစ်သောကြောင့် ထိုစာပေ များဝေငှခြင်းမပြုလျှင်လည်း သူ၏ ART ဆေးရောင်း အားကျ သွားခြင်း ရှိမည်မဟုတ် ဟုပြောဆိုလိုက်မှုကို စာရေးသူဘဝင်မကျ မိတော့ပါ။ မိမိ၏စာပေများဖြင့်သူတို့ ၏ ART ဆေးဖောက်သည်များကို HIV ဗဟု သုတရစေ လိုခြင်း တစ်ခုသာဖြစ်ပါသည်။
ဤစာအုပ်ဖြင့်သူတို့ ကုမ္ပဏီ၏ ART ဆေး သည် အသက်ကယ်ဆေးဖြစ်၍ ထိုဆေးကို ရောင်းချနေသူတို့ သည်လည်း ပရဟိတ စိတ်ဓာတ်ဖြင့် အကျိုးပြုမည့်သူများဟု မြင်မိပြီး HIV+များကို စေတနာအရင်း ခံဖြင့် HIV ဗဟုသုတများဖြန့် ဝေပေးသည့် သူများဟု စာရေးသူက ထင်မြင်မိကာ ဆက်သွယ်ရခြင်းပင်ဖြစ်ပါသည်။ စာရေးသူ၏ ဆန္ဒအမှန်မှာ ART ဆေးဝယ်သောက် နေရသူများ ဘဝတစ်ခု လုံးကျန်းမာစွာနေထိုင်နိုင်ရန်နှင့် HIV +များ စိတ်ဓာတ်ကြံ့ခိုင်သင့်သည်များကို မျှဝေလိုသော ဆန္ဒရှိခဲ့သည်ဖြစ်ရာ ထိုစာ ပေများကို ဆေးဝယ်သောက်နေရသူများကို ဝန်ဆောင်မှု ပေးနိုင်ခဲ့လျှင်ဖြင့်များစွာ အကျိုးဖြစ်မည်ဟု သာတွေးတောမိခဲ့ခြင်း ဖြစ်ပါသည်။ သူ၏ ဆေးများနာမည်ရပြီး ရောင်းကောင်းနေသည်ဟု ပြန်လည်ဖြေ ဆိုချက်များကို စာရေးသူပြန်လည်သုံးသပ် မိသောအခါ HIV+ များဆေးသော်သည့် နည်းလမ်းများမှန်ကန်မှုမရှိပါက အချိန် တိုအတွင်းဆေးယဉ်ပါးမှုဖြစ်လာနိုင်ပါသည်။
ထိုအခါတွင် ဈေးနှုန်းကြီး မြင့်သော second Line ART ဆေးကိုထပ်မံ၍ ဝယ်ယူ သောက်နိုင်မှသာ ဆက်လက်ရှင်သန်နိုင် မည့်အဆရေးကိုတွေးမိပြီး ကျန်ဗဟုသုတ စာပေများက ပိတ်ဆို့ ထား သကဲ့သို့  ဖြစ် လာမည့် အရေးကို ကြိုတင်၍ ကာထား သည်ဟုတွေးမြင်မိပါတော့သည်။ ထို့ အပြင် စာရေးသူတစ်ဦးအဖြစ်မဟုတ်ဘဲ HIV+ တစ်ဦး၏အမြင်ဖြင့်လည်း တွေးတောမိပါ သေးသည်။ HIV ဗဟုသုတ စာပေများပိုမို ပျံ့နှံ့ သွားပါက HIV ကူးစက်နှုန်းများ လျော့ကျသွားလျှင် ဆေးကုမ္ပဏီများ၏ အကျိုးစီးပွားများကို ထိခိုက်လာလေ မည်လားသို့ တည်းမဟုတ်လျှင် ငွေကုန် ကြေးကျများမှာ စိုး၍လား ဒါမှမဟုတ် HIV+ များ ဗဟုသုတရရန်မလို ဆေး မှန်မှန်ဝယ်သောက်ရန်သာလိုသည့် အတွေးများဖြင့်လားဟု သာတွေးမြင်မိပြီး မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆို သည့် ဆိုရိုးစကား လေးကိုသတိရမိပါတော့ သည်။
စာရေးသူ၏ စာအုပ်နှင့်ပတ်သက်၍ HIV လောကမှ ဆရာဝန်ကြီးတစ်ဦးသည် သူ၏ လူနာကို ဆေးကုပေးရင်း စာ ရေးသူ၏ စာအုပ်ကိုဝယ်ဖတ်ပါဟု ညွှန်း ပေးသောကြောင့် ဝယ်ဖတ်မိခဲ့ သူတစ်ဦး နှင့်လည်း ဆုံတွေ့ ခဲ့ရပါသည်။ ထိုဆရာ ဝန်ကြီးသည် HIV+ များကို ကုသပေး နေသူတစ်ဦးဖြစ်သည့်အပြင် သူကိုယ်တိုင်း လည်း HIV ဗဟုသုတ စာပေများရေးထား နေသူတစ်ဦးဖြစ် သော်လည်း ထိုဆရာကြီး ကို စာရေးသူ၏ စာအုပ်တစ်ကြိမ်မျှ လက် ဆောင်ပေးခဲ့ဖူးခြင်းမရှိသေး၍ ဤစာဖြင့် ပင်တောင်းပန်လိုက် ရပါတော့သည်။ စာ ရေးသူ၏ မိတ်ဆွေ HIV+ အမျိုးသမီး တစ် ဦးသည် သားအိမ်ရောဂါဖြစ်ခဲ့ရာ ခွဲစိတ် ကုသရမည့် အခြေအနေသို့ ရောက်နေခဲ့ပါ သည်။ ပြင်ပဆေးခန်းတွင် ခွဲစိတ်ကုသမှု ခံယူရမည့် ရက်နီးကပ်မှ ခွဲစိတ်မည့် သူသည် သူမထံ၌ HIV ပိုးရှီနေ သည်ကို သိသွား၍ ခွဲစိတ်မည့် အစီအစဉ်များဖျက် ခဲ့ရပါသည်။ ထို့ အတွက် HIV ပိုးရှိသူ များ ခွဲစိတ်ခံရမည့်ရောဂါများဖြစ်လာပါက ဆရာကြီးမြသန်းတင့်၏ စာအုပ်ဖြစ်သည့် “ရွှေပြည်တော် မျှော်တိုင်းဝေး” ဘဝများသို့  အလိုလိုရောက်သွားကြမည်သာဖြစ်ပါသည်။
ထို့ အပြင် HIV+အမျိုးသမီးလေးတစ်ဦး သည်လည်း ပြင်ပ ဆေးခန်းတွင် သားအိမ် ခြစ်ရမည့်ကိစ္စဖြင့် ကုသမှုခံယူခဲ့ရာ ဆေး ကုသစရိတ်များအလိုအလျောက် နှစ်ဆဖြစ် သွားသည့်အပြင် ခွဲစိတ်ခန်း သုံးပစ္စည်းများ နှင့် အိပ်ယာ မွေ့ယာခင်းဖိုးတို့ ကိုပါပေးချေ ခဲ့ရသည့်အတွက် ငွေမရှိလျှင် HIV+များ ၏ ဘဝသည် HIV ပိုးကြောင့် မသေဘဲ အခြားရောဂါများကို မကုသနိုင်၍ အသေခံ ကြရုံသာ ရှိကြပါတော့သည်။ ဤသို့  အခက် အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရရှာကြသော HIV+များ၏ ဘဝများသည် မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေဆိုသော လူ တန်းစားများနှင့် ဝေးကွာရပါ စေကြောင်း တောင်းဆုချွေမိပါတော့သည်။
ရိုးရာလေး - မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ




