မျိုးဆက်ပွား ကျန်းမာရေးနဲ့ ကာလသားရောဂါ အကြောင်းကို လေ့လာဆွေးနွေးနိုင်မယ့် မိုဘိုင်းဖုန်းသုံး အပလီကေးရှင်း တခုကို မြန်မာ လူငယ်တဦးက ရေးဆွဲဖြန့်ချီလိုက်ပါတယ်။
4 Smart Youth လို့ နာမည်ပေးထားတဲ့ အဲဒီ အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဒ် ရနိုင်မှာပါ။
အဲဒီ အပလီကေးရှင်းမှာ အေအိုင်ဒီအက်စ်နဲ့ အိပ်ခ်ျအိုင်ဗွီ အကြောင်းတွေ ပြည့်ပြည့်စုံစုံ သိနိုင်မှာဖြစ်သလို ကုသရေးနဲ့ ဆေးဝါးရနိုင်တဲ့ နေရာတွေကိုလည်း လမ်းညွှန်ထားပါတယ်။
ကိုယ်တိုင်ကြုံနေရတဲ့ ကျန်းမာရေးပြဿနာတွေ အတွက် လက္ခဏာ အလိုက် ရောဂါတွေကိုလည်း ဆန်းစစ်နိုင်မှာပါ။
ပြီးတော့ နောက်ထပ်လေ့လာစရာ စာမျက်နှာတွေကို ညွှန်းပေးထားသလို ဆရာဝန်တွေကိုယ်တိုင် ဖြေကြားပေးမယ့် လူငယ်မောင်မယ်မေးကြမယ် ဆိုတဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်ပေးထားပါတယ်။
“အဲဒီလုပ်ဆောင်ချက်ကတော့ လောလောဆယ်မှာ ဆမ်ဆောင်းဖုန်းတွေမှာပဲ အလုပ်လုပ်တာ တွေ့ရလို့ ပြန်ပြင်သွားမှာပါ” လို့ အပလီကေးရှင်းရေးဆွဲသူ ကိုအောင်ကျော်မင်းက ဒီဗွီဘီကို ပြောပါတယ်။
ဒီအပလီကေးရှင်းကို Alliance Myanmar NGO ရဲ့ Link Up ပရောဂျက်အတွက် ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ဒေါင်းလုတ်ဒ်ရယူရန် - http://ge.tt/5toDyOK2 နဲ့ https://dl.orangedox.com/1WzmazkzYoO9sSPBMn/4_Smart_Youth%5B1%5D.apk?dl=1
DVB - မျိုးဆက်ပွား ကျန်းမာရေးအထူးပြု လေ့လာနိုင်မည့် ဖုန်းအပလီကေးရှင်း ဖြန့်ချီ




